12 Years a Slave (2013)

13610
Share
Copy the link

ငွေဝယ်ကျွန်စနစ်တွေက အေဘရာဟမ်လင်ကွန်းမတိုက်ဖျက်ခင်အထိ အမေရိကမှာရှိခဲ့ကြပါတယ်။အဲ့ဒီခေတ် အဲ့ဒီအခါအကြောင်း စာကြီးပေကြီးတွေမှာလည်းငွေဝယ်ကျွန်တွေနဲ့ ကျွန်ပိုင်ရှင် ပဋိပက္ခတွေပါလေ့ရှိပြီးပြည်တွင်းစစ်ကာလဆိုလည်း မမှားပါဘူး။

ကျွန်ရှင်တွေဘက်ကအမြင်ကို ပြသွားတဲ့ထဲအကျော်ကြားဆုံးကတော့ “Gone With the Wind ”လေရူးသုန်သုန်ပါ။ အဲ့ဒီစာအုပ်ရဲ့တစ်ထောင့်တစ်နေရာမှာထည့်ဖော်ပြသွားတဲ့၁၉ရာစုရဲ့အရောင်းရဆုံစာအုပ်” Uncle Tom’s Cabeint” အန်ကယ်တွမ်ရဲ့တဲကလေး..နဲ့ယခုကားရဲ့ မူလဘူတ ” 12yearsAslave”ဆိုတဲ့ စာအုပ်စာအုပ်တွေကတော့ ကျွန်တွေဘက်က အမြင်ကို ပြထားပြီးနှစ်အုပ်လုံးက ထွက်ချိန်မကွာသလို အကြောင်းအရာလည်းမကွာခြားလှပါဘူး။

ထူးခြားချက်ကတော့12yearsASalveကတော့ Biography တစ်ပုဒ်ပါတဲ့။ဒီစာအုပ်တွေမှာ နှစ်ဖက်လုံးမှာရှိတဲ့ အမှန်တရားတွေနဲ့ထိုခေတ်အခါက ငွေဝယ်ကျွန်စနစ်ကို ကျွန်တော်တို့ချိန်ထိုးနှိုင်းယှဉ်နိုင်ပါတယ်။ဒီရုပ်ရှင်ကတော့ ကျွန်တော်သိသလောက်မြန်မာဘာသာပြန်စာအုပ်မရှိသေးတဲ့12 Years As A Slaveစာအုပ်ကို ရိုက်ထားတာပါ။

ဇာတ်ကြောင်းတစ်ပိုင်းတစ်စကိုပြောရမယ်ဆိုရင်တော့…ဟိုအရင်များဆီတုန်းက….အမေရိကန်ပြည်တွင်းစစ်ကာလလောက်မှာSolomon Northupဆိုတဲ့လွတ်လပ်တဲ့ လူမည်းတစ်ယောက်ရှိခဲ့ပါတယ်။ဂီတသမားသူ့ အရည်အချင်းကို ပြသရမယ်လို့လှည့်ဖျားပြီး ဝါရှင်တန်ကို လူလိမ်နှစ်ယောက်ကသူ့ကို လိမ်ခေါ်သွားပြီး ကျွန်ဈေးမှာ ရောင်းစားခဲ့ပါတယ်။

မိသားစု ဝါသနာ လွတ်လပ်မှုတွေ ပိုင်ဆိုင်ထားတဲ့အပျော်ဆုံးဘဝတစ်ခုကနေ နေ့ချင်းညချင်းပဲအောက်ဆုံးဘဝငရဲကို ထိုးဆင်းသွားရတဲ့Solomonဟာ အသိညဏ်အရည်အချင်းတွေကိုအသုံးချပြီး လွတ်မြောက်အောင် အခါခါကြိုးစားခဲ့ပေမဲ့လူဖြူတွေဘက်ကသက်သက်ရှိနေတဲ့ဥပဒေမျဉ်းတွေအောက်မှာ ဘာမှကိုမတတ်နိုင်ခဲ့ပါဘူး။

မကွဲပြားကြတဲ့ အရေခွံဝတ်လူတွေကြားက ခွဲခြားမှု…အရက်စက်ဆုံးလူသားတွေရဲ့ လူမဆန်မှုတွေဖြစ်ပေမဲ့ဒီအဖြစ်အပျက်က ဒီကမ္ဘာမှာ တကယ်ဖြစ်ခဲ့ပါတယ်။တကယ့်အဖြစ်အပျက်တွေဟာပုံပြင်တွေထက် ရက်စက်ပေမဲ့လည်းတစ်ခါတလေတော့လည်း မျှော်လင့်တတ်ကြရပါတယ်။

Dialougeတွေထဲ သူမပြောပြခဲ့ပေမဲ့အရက်စက်ဆုံး လူလူချင်း ညှည်းပန်းမှုတွေအောက်မှာမရှင်သန်ရပေမဲ့ ရှင်ကျန်ဝံ့စေခဲ့တဲ့ အိမ်ကလေးဆီမျှော်လင့်ချက်ဝေဝါးဝါးလေးကို သူမစွန့်မလွှတ်ရှိနေခဲ့တာပါပဲ။ ဒီမျှော်လင့်ချက်ကလေးဘယ်ရွေ့ဘယ်မျှအထိရှင်သန်နေမလဲဆိုတာကိုတော့ကိုယ်တိုင်ပဲ ကရုဏာသက်ရင်း ခံစားသက်ဝင်ကြည့်ကြပါ။

ဇာတ်ကြောင်းကပဲ ကောင်းတာလားဆိုတော့မဟုတ်သေးပါဘူး။ သရုပ်ဆောင်တွေပဲကြည့်ပါBard Pitt … Micheal FasssbenderBeneditch Cumberbatchတို့လည်းတစ်ထောင့်တစ်နေရာက ပါဝင်ထားပါတယ်။

Producerတွေထဲ Brad Pittလည်းပါပါတယ်တဲ့။Best Motion Picture of YearBest Performance By Actressနဲ့Best Writing အစရှိတဲ့ Oscarဆု သုံးခုကိုဆွတ်ခူးခဲ့တဲ့အပြင် တခြား ၂၃၈ဆုရထားပါတယ်။ ဒါ့အပြင်Hans Zimmerရဲ့ Scoreတွေကိုလည်း နားထောင်ကြရဦးမှာပါ။

Zawgyi

ေငြဝယ္ကြၽန္စနစ္ေတြက ေအဘရာဟမ္လင္ကြန္းမတိုက္ဖ်က္ခင္အထိ အေမရိကမွာရွိခဲ့ၾကပါတယ္။အဲ့ဒီေခတ္ အဲ့ဒီအခါအေၾကာင္း စာႀကီးေပႀကီးေတြမွာလည္းေငြဝယ္ကြၽန္ေတြနဲ႔ ကြၽန္ပိုင္ရွင္ ပဋိပကၡေတြပါေလ့ရွိၿပီးျပည္တြင္းစစ္ကာလဆိုလည္း မမွားပါဘူး။

ကြၽန္ရွင္ေတြဘက္ကအျမင္ကို ျပသြားတဲ့ထဲအေက်ာ္ၾကားဆုံးကေတာ့ “Gone With the Wind ”ေလ႐ူးသုန္သုန္ပါ။ အဲ့ဒီစာအုပ္ရဲ႕တစ္ေထာင့္တစ္ေနရာမွာထည့္ေဖာ္ျပသြားတဲ့၁၉ရာစုရဲ႕အေရာင္းရဆုံစာအုပ္” Uncle Tom’s Cabeint” အန္ကယ္တြမ္ရဲ႕တဲကေလး..နဲ႔ယခုကားရဲ႕ မူလဘူတ ” 12yearsAslave”ဆိုတဲ့ စာအုပ္စာအုပ္ေတြကေတာ့ ကြၽန္ေတြဘက္က အျမင္ကို ျပထားၿပီးႏွစ္အုပ္လုံးက ထြက္ခ်ိန္မကြာသလို အေၾကာင္းအရာလည္းမကြာျခားလွပါဘူး။

ထူးျခားခ်က္ကေတာ့12yearsASalveကေတာ့ Biography တစ္ပုဒ္ပါတဲ့။ဒီစာအုပ္ေတြမွာ ႏွစ္ဖက္လုံးမွာရွိတဲ့ အမွန္တရားေတြနဲ႔ထိုေခတ္အခါက ေငြဝယ္ကြၽန္စနစ္ကို ကြၽန္ေတာ္တို႔ခ်ိန္ထိုးႏႈိင္းယွဥ္ႏိုင္ပါတယ္။ဒီ႐ုပ္ရွင္ကေတာ့ ကြၽန္ေတာ္သိသေလာက္ျမန္မာဘာသာျပန္စာအုပ္မရွိေသးတဲ့12 Years As A Slaveစာအုပ္ကို ႐ိုက္ထားတာပါ။

ဇာတ္ေၾကာင္းတစ္ပိုင္းတစ္စကိုေျပာရမယ္ဆိုရင္ေတာ့…ဟိုအရင္မ်ားဆီတုန္းက….အေမရိကန္ျပည္တြင္းစစ္ကာလေလာက္မွာSolomon Northupဆိုတဲ့လြတ္လပ္တဲ့ လူမည္းတစ္ေယာက္ရွိခဲ့ပါတယ္။ဂီတသမားသူ႔ အရည္အခ်င္းကို ျပသရမယ္လို႔လွည့္ဖ်ားၿပီး ဝါရွင္တန္ကို လူလိမ္ႏွစ္ေယာက္ကသူ႔ကို လိမ္ေခၚသြားၿပီး ကြၽန္ေဈးမွာ ေရာင္းစားခဲ့ပါတယ္။

မိသားစု ဝါသနာ လြတ္လပ္မႈေတြ ပိုင္ဆိုင္ထားတဲ့အေပ်ာ္ဆုံးဘဝတစ္ခုကေန ေန႔ခ်င္းညခ်င္းပဲေအာက္ဆုံးဘဝငရဲကို ထိုးဆင္းသြားရတဲ့Solomonဟာ အသိညဏ္အရည္အခ်င္းေတြကိုအသုံးခ်ၿပီး လြတ္ေျမာက္ေအာင္ အခါခါႀကိဳးစားခဲ့ေပမဲ့လူျဖဴေတြဘက္ကသက္သက္ရွိေနတဲ့ဥပေဒမ်ဥ္းေတြေအာက္မွာ ဘာမွကိုမတတ္ႏိုင္ခဲ့ပါဘူး။

မကြဲျပားၾကတဲ့ အေရခြံဝတ္လူေတြၾကားက ခြဲျခားမႈ…အရက္စက္ဆုံးလူသားေတြရဲ႕ လူမဆန္မႈေတြျဖစ္ေပမဲ့ဒီအျဖစ္အပ်က္က ဒီကမာၻမွာ တကယ္ျဖစ္ခဲ့ပါတယ္။တကယ့္အျဖစ္အပ်က္ေတြဟာပုံျပင္ေတြထက္ ရက္စက္ေပမဲ့လည္းတစ္ခါတေလေတာ့လည္း ေမွ်ာ္လင့္တတ္ၾကရပါတယ္။

Dialougeေတြထဲ သူမေျပာျပခဲ့ေပမဲ့အရက္စက္ဆုံး လူလူခ်င္း ညႇည္းပန္းမႈေတြေအာက္မွာမရွင္သန္ရေပမဲ့ ရွင္က်န္ဝံ့ေစခဲ့တဲ့ အိမ္ကေလးဆီေမွ်ာ္လင့္ခ်က္ေဝဝါးဝါးေလးကို သူမစြန႔္မလႊတ္ရွိေနခဲ့တာပါပဲ။ ဒီေမွ်ာ္လင့္ခ်က္ကေလးဘယ္ေ႐ြ႕ဘယ္မွ်အထိရွင္သန္ေနမလဲဆိုတာကိုေတာ့ကိုယ္တိုင္ပဲ က႐ုဏာသက္ရင္း ခံစားသက္ဝင္ၾကည့္ၾကပါ။

ဇာတ္ေၾကာင္းကပဲ ေကာင္းတာလားဆိုေတာ့မဟုတ္ေသးပါဘူး။ သ႐ုပ္ေဆာင္ေတြပဲၾကည့္ပါBard Pitt … Micheal FasssbenderBeneditch Cumberbatchတို႔လည္းတစ္ေထာင့္တစ္ေနရာက ပါဝင္ထားပါတယ္။

Producerေတြထဲ Brad Pittလည္းပါပါတယ္တဲ့။Best Motion Picture of YearBest Performance By Actressနဲ႔Best Writing အစရွိတဲ့ Oscarဆု သုံးခုကိုဆြတ္ခူးခဲ့တဲ့အျပင္ တျခား ၂၃၈ဆုရထားပါတယ္။ ဒါ့အျပင္Hans Zimmerရဲ႕ Scoreေတြကိုလည္း နားေထာင္ၾကရဦးမွာပါ။

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *