3 IRON (2004)

18163
Share
Copy the link

ဆိုက်ကို ဆန်ဆန် ကိုရီးယားဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေထူခြားတာက ဒီဇာတ်ကားထဲမှာ မင်းသားက စကားတစ်ခွန်းမှပြောမသွားတာပဲ(ဘာသာပြန်ရတာသက်သာတာပေါ့????????)

သူက ဆိုင်ကယ်တစ်စီးနဲ့ ပန်းဖလက်တွေကို အိမ်တွေရဲ့ သော့ပေါက်တွေမှာလိုက်ကပ်တယ် ပြီးတော့ ညကြမှလာပြန်ကြည့် ပန်းဖလက် မကွာသေးတဲ့ အိမ်တွေဆိုသော့တုနဲ့ဖွင့်ပြီး အိမ်ထဲကိုဝင် စားစရာရှိတာချက်ပြုတ်စား၊ရေချိုး၊ ရုပ်ရှင်ကြည့်၊ ပျက်နေတဲ့ ပစ္စည်းတွေတွေ့ရင်ပြင်၊ အမြင်မတော်တာတွေကောက်သိမ်း၊အဝတ်တွေလျော် သူအိမ်လိုပဲနေတယ် ပြီးရင် ဘာပစ္စည်းမှမယူပဲ ဒီအတိုင်းပြန်ထွက်သွားတယ်

တစ်ရက်ကျတော့ လူမရှိဘူးထင်ပြီး သူဖောက်ဝင်ခဲ့တဲ့ အိမ်ထဲမှာအတင်းအကျပ်လက်ထပ်ယူထားပြီး နှိပ်စက်ခံထားရတဲ့မိန်းမတစ်ယောက်နဲ့သွားဆုံတယ် ပြီးတော့ အဲ့မိန်းကလေးကို နှိက်စက်နေတဲ့သူကိုဂေါက်သီးနဲ့ တည်ရိုက်ပြီးတော့ ထွက်လာတော့ အဲ့မိန်းမကလဲလိုက်လာတယ်

ဒီလိုနဲ့ သူတို့နှစ်ယောက် တစ်အိမ်ပြီးတစ်အိမ်လိုက်ဖောက်ပြီးနေနေရင်းနဲ့မှ ကြိုက်သွားကြတယ်ပေါ့ဗျ တစ်နေ့ကြတော့သူတို့ ဖောက်ဝင်တဲ့ အိမ်ထဲမှာ သေဆုံးနေတဲ့ အဖိုးကြီးတစ်ယောက်ကိုတွေ့တဲ့အခါ သူတို့ ဘာတွေဆက်လုပ်ကြမလဲ….?ဒီဇာတ်ကားကတော့ ကျော်ကိုယ်တိုင် ကြည့်ဖူးသမျှ ကိုရီးယားကားတွေထဲကအကြိုက်ဆုံးဇာတ်ကားပါ

ဇာတ်အိမ်က နားထောင်ကြည့်ရင်ပျင်းစရာကြီးဆိုပေမယ့် ဇာတ်ကားပြီးတြ့အထိ ကောင်းကောင်းဆွဲဆောင်သွားနိုင်တဲ့ကားပါ 2004 တုန်းကထွက်ထားတာဖြစ်ပြီး IMDb 8.1 အထိရထားတဲ့ဇာတ်ကားလေးပါ ဇာတ်ကားဆန်းဆန်းလေးတွေ ကြည့်ချင်တဲ့လူတွေအကြိုက်တွေ့ကြမှာပါ (ရေးထားတဲ့အညွှန်းထက် ကောင်းတဲ့ ဇာတ်ကားဆိုတာကိုထပ်ညွှန်းပါရစေ)

Zawgyi






megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *