47 Ronin (2013)

19272
Share
Copy the link

47 Ronins (သို့မဟုတ်) ဂျပန်နိုင်ငံရဲ့သမိုင်းထဲကအံ့ဩမှင်သက်ဖွယ်ရာဖြစ်ရပ်မှာန်ဇာတ်လမ်းတစ်ပုဒ်အပြစ်တစ်ခုကိုလုပ်မိတဲ့အတွက် ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့အခါကမ္ဘာကြီးကဟန်ချက်ပျက်လာတယ်။ အမှားတစ်ခုကိုကျူးလွန်ခဲ့တယ်သူဟာဒဏ်ခတ်အပြစ်ပေးခြင်းမခံရတဲ့အခါ ကောင်းကင်ဘုံကငါတို့ကိုရှက်စရာလူတွေအဖြစ်သတ်မှတ်လိုက်တယ်။

ဒီညငါတို့ရဲ့သခင်အတွက်ကလဲ့စားခြေပြီး ဆုံရှုံးသွားတဲ့တို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ကြမယ်။

ငါတို့ထဲကဘယ်သူမှဘယ်အချိန်သေမယ် ဘယ်လောက်ကြာကြနေရမယ်ဆိုတာ မသိဘူး။ဒါပေမယ့် အနှေးနဲ့အမြန်ငါတို့သေသွားတဲ့အခါ ငါတို့ရဲ့ရင်သွေးတွေအတွက်ချန်ထားခဲ့နိုင်တဲ့အရာဟာငါတို့ရဲ့နာမည်ကိုသူတို့ရဲ့ပါးစပ်ကထွက်တဲ့အခါ ဘယ်လောက်များများဂုဏ်ယူရမလဲဆိုတဲ့ခံစားချက်သာဖြစ်တာ်။

ဒါကဇာတ်ကားထဲက ဒိုင်ယာလော့တစ်ချို့ပါ။ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ အမှတ်အသားလိုဖြစ်နေတဲ့ဆာမူရိုင်းတွေရဲ့ စည်းလုံးပုံနဲ့ ဆာမူရိုင်းရယ်လို့နာမည်တစ်လုံးနဲ့ကမ္ဘာမှာခုချိန်ထိကျော်ကြားလောက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့သူတို့ရဲ့သတ္တိနဲ့ မဆုတ်မနစ်တဲ့စိတ်ဓာတ်တွေကိုတွေ့မြင်ခံစားရမှာပါ။

ဂျပန်တွေဟာ သတ္တိအရမ်းကောင်းတယ်။ သေရမှာထက် ရှုံးရမှာကိုပိုပြီးရှက်ကြတယ်။ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ခေါင်းဆောင်တွေဟာလက်နက်ချကြောင်းတရား၀င်ကြေငြာမယ့်သူကလွဲရင်ကျန်တဲ့စစ်ဗိုလ်တွေအားလုံး အဆုံးစီရင်သွားကြတယ်လို့ဖတ်ဖူးတယ်(မှန်မမှန်တော့မသိပါဘူး)။

သေတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိတဲ့သေခြင်းဆိုတာကိုကျွန်တော်တို့ချမ်းသာစည်းစိမ်ကိုလိုချင်တပ်မက်သလိုမျိုးကိုမက်မောကြတယ်။ဒီဇာတ်ကားမှာလဲ ဆာမူရိုင်းတွေရဲ့သေခြင်းနဲ့ပက်သက်တဲ့စိတ်ထားကိုရင်သပ်ရှုမောစွာခံစားကြရလိမ့်မယ်။

သူတို့ဟာသေပြီးတဲ့နောက်မှာ ဂုဏ်သိက္ခာကိုအရမ်းတန်ဖိုထားနသးတာကိုလေးနက်စွာနားလည်ရပါလိမ့်မယ်။ဂျပန်နိုင်ငံရဲ့ဆာမူရိုင်းလောကမှာ ရိုနင်တွေဟာရှက်စရာအကောင်းဆုံးလူတွေဖြစ်တယ်။

ဆာမူရိုင်းတေယာက်ဟာသတ္တိကြောင်ပြီးတိုက်ပွဲကနေထွက်ပြေးခဲ့ရင်ပဲဖြစ်ဖြစ်တိုက်ပွဲမှာရင်ဆိုင်တိုက်ခိုက်ကြရင်း ရှုံးနိမ့်သွားခဲ့ရင်ပဲဖြစ်ဖြစ် သူ့သခင်အပေါ်မှာတာ၀န်မကျေခဲ့ရင်ပဲဖြစ်ဖြစ် ရိုနင်တစ်ယောက်ဖြစ်လာရပါတယ်။

ဆာမူရိုင်းတွေရဲ့တာ၀န်ဟာသူတို့ရဲ့ဆရာသခင်နဲ့ သူတို့နေတဲ့ဒေသကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်တဲ့အတွက်ရိုနင်တွေထဲမှာ ရှက်စရာအကောင်းဆုံးကတော့ ကိုယ့်ရဲ့ဆရာသေသွားလို့ ရိုနင်ဖြစ်လာတဲ့သခင်မဲ့ဆာမူရိုင်းတွေပဲ။ ကိုယ့်ရဲ့အသုံးမကျညံ့ဖျင်းမှုနဲ့တာ၀န်မကျေမှုရဲ့ပြယုတ်မလို့ပါပဲ။

ဆာမူရိုင်းတို့ရဲ့စည်းကမ်းတွေဟာတင်းကြပ်လှပါတယ်။တင်းကြပ်သလောက်လဲ ဖောက်ဖျက်မိရင် ရရှိမယ့်ပြစ်ဒဏ်ကပြင်ထန်လွန်းလှတယ်။ဒီဇာတ်လမ်းမှာ အာဆိုတဲ့ဒေသကိုအုပ်ချုပ်ရတဲ့သခင်အာဆိုနိုဟာ သူ့ဆီကိုအလည်လာတဲ့သခင်ကီရာကို ဓားနဲ့ရွယ်ခဲ့မိတယ်။

ဖြစ်ချင်တော့ အဲ့ဒီ့အချိန်က ဂျပန်နိုင်ငံကိုအုပ်ချုပ်တဲ့စစ်ဗိုလ်ကြီးရှော့ဂန်းကလည်းသခင်အာဆာနိုရဲ့အိမ်မှာကျင်းပတဲ့ပြိုင်ပွဲအတွက်ရောက်နေတဲ့အချိန်လည်းဖြစ်တယ်။အိမ်သူအိမ်သားတွေရှိနေတဲ့ ရဲတိုက်ထဲမှာ ဓားအိမ်ထဲကဓားကိုဆွဲထုတ်ခြင်းအတွက်ပြစ်ဒဏ်ကသေခြင်းပါ။

ဒီလိုနဲ့ သခင်အာဆာနိုရဲ့လက်အောက်က ဆာမူရိုင်းတွေဟာသခင်မဲ့ရိုနင်တွေဖြစ်လာကြပါတယ်။ဒါပေမယ့်သူတို့ဟာ သူတို့သခင်ရဲ့သေဆုံးခြင်းဟာတစ်စုံတစ်ယောက်ရဲ့ပယောဂပါနေတယ်ဆိုတာကိုရိပ်မိခဲ့ကြပါတယ်။

အဲ့ဒီလိုနဲ့ပဲအရှက်ကွဲခဲ့တဲ့ရိုနင်တွေဟာ သူတို့ရဲ့သိက္ခာကိုပြန်ဆယ်ဖို့နဲ့သူတို့သခင်ရဲ့ဝိညဉ်တမလွန်မှာငြိမ်းချမ်းစွာအိပ်စက်အနားယူနိုင်ဖို့အတွက်ကလဲ့စားခြေနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲသူတို့ကလဲ့စားခြေတာကရော အောင်မြင်မှာလားအဲ့ဒီ့နောက်မှာရော ဘာတွေဆက်ဖြစ်ကြမလဲခံစားကြည့်ပါဦး။

—————-ဒီဇာတ်ကားမှာ ထူးထူးခြားခြားလေးကတော့John Wickဇာတ်ကာေတွနဲ့ကျွန်တော်တို့ရဲ့အချစ်တော်ကြီးဖြစ်လာတဲ့ မင်းသားကြီး Keanu Reevesပါလာတာပါပဲ။သူဟာဒီဇာတ်ကားမှာမှော်ဆန်တဲ့ကျွန်းတစ်ခုကနေထွက်ပြေးလွတ်မြောက်ပြီးဆာမူရိူင်းတို့ရဲ့နေရာကိုရောက်လာတဲ့ကောင်လေးတစ်ယောက်ရဲ့နေရာမှာသရုပ်ဆောင်ထားပါတယ်။

ဆာမူရိုင်းတို့ရဲ့နေရာမှာ နေရတဲ့ဆာမူရိုင်းမဟုတ်တဲ့လူတစ်ယောက်အနေနဲ့ နေရထိုင်ရတာမလွယ်ပါဘူး။အနှိမ်ခံရတယ်။ အချိုးခံရတယ်။ဒါပေမယ့် သူကျေးဇူးမမေ့တတ်ပါဘူး။အိမ်ယာမဲ့သူ့ကိုကယ်ထားတဲ့ သူ့ရဲ့သခင်ကို သူချစ်တယ်။

ဒါပေမယ့် သူ့သခင်သွေသွားတဲ့နောက်မှာရောသူ့ရဲ့ကံကြမ္မာက ဘယ်လိုဖြစ်လာမှာလဲ။ဆာမူရိုင်းမဟုတ်တဲ့သူကရော ရိုနင်တစ်ယောက်ဖြစ်လာမှာလား။ကလဲ့စားခြေတဲ့အချိန်ကျရင်ရော သူက ဘယ်ဘက်ကရောက်နေမှာလဲဆိုတာလေးတွေပါကြည့်ရှုခံစားလိုက်ကြပါဦး။

Zawgyi

47 Ronins (သို႔မဟုတ္) ဂ်ပန္ႏိုင္ငံရဲ႕သမိုင္းထဲကအံ့ဩမွင္သက္ဖြယ္ရာျဖစ္ရပ္မွာန္ဇာတ္လမ္းတစ္ပုဒ္အျပစ္တစ္ခုကိုလုပ္မိတဲ့အတြက္ ျပစ္ဒဏ္ခတ္ျခင္းမခံရတဲ့အခါကမာၻႀကီးကဟန္ခ်က္ပ်က္လာတယ္။ အမွားတစ္ခုကိုက်ဴးလြန္ခဲ့တယ္သူဟာဒဏ္ခတ္အျပစ္ေပးျခင္းမခံရတဲ့အခါ ေကာင္းကင္ဘုံကငါတို႔ကိုရွက္စရာလူေတြအျဖစ္သတ္မွတ္လိုက္တယ္။

ဒီညငါတို႔ရဲ႕သခင္အတြက္ကလဲ့စားေျခၿပီး ဆုံရႈံးသြားတဲ့တို႔ရဲ႕ဂုဏ္သိကၡာကို ျပန္အဖက္ဆယ္ၾကမယ္။

ငါတို႔ထဲကဘယ္သူမွဘယ္အခ်ိန္ေသမယ္ ဘယ္ေလာက္ၾကာၾကေနရမယ္ဆိုတာ မသိဘူး။ဒါေပမယ့္ အေႏွးနဲ႔အျမန္ငါတို႔ေသသြားတဲ့အခါ ငါတို႔ရဲ႕ရင္ေသြးေတြအတြက္ခ်န္ထားခဲ့ႏိုင္တဲ့အရာဟာငါတို႔ရဲ႕နာမည္ကိုသူတို႔ရဲ႕ပါးစပ္ကထြက္တဲ့အခါ ဘယ္ေလာက္မ်ားမ်ားဂုဏ္ယူရမလဲဆိုတဲ့ခံစားခ်က္သာျဖစ္တာ္။

ဒါကဇာတ္ကားထဲက ဒိုင္ယာေလာ့တစ္ခ်ိဳ႕ပါ။ဒီဇာတ္ကားမွာ ဂ်ပန္ႏိုင္ငံရဲ႕ အမွတ္အသားလိုျဖစ္ေနတဲ့ဆာမူ႐ိုင္းေတြရဲ႕ စည္းလုံးပုံနဲ႔ ဆာမူ႐ိုင္းရယ္လို႔နာမည္တစ္လုံးနဲ႔ကမာၻမွာခုခ်ိန္ထိေက်ာ္ၾကားေလာက္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့တဲ့သူတို႔ရဲ႕သတၱိနဲ႔ မဆုတ္မနစ္တဲ့စိတ္ဓာတ္ေတြကိုေတြ႕ျမင္ခံစားရမွာပါ။

ဂ်ပန္ေတြဟာ သတၱိအရမ္းေကာင္းတယ္။ ေသရမွာထက္ ရႈံးရမွာကိုပိုၿပီးရွက္ၾကတယ္။ဒုတိယကမာၻစစ္အတြင္းက ဂ်ပန္ေခါင္းေဆာင္ေတြဟာလက္နက္ခ်ေၾကာင္းတရား၀င္ေၾကျငာမယ့္သူကလြဲရင္က်န္တဲ့စစ္ဗိုလ္ေတြအားလုံး အဆုံးစီရင္သြားၾကတယ္လို႔ဖတ္ဖူးတယ္(မွန္မမွန္ေတာ့မသိပါဘူး)။

ေသတဲ့အခါမွာလည္း ဂုဏ္သိကၡာရွိတဲ့ေသျခင္းဆိုတာကိုကြၽန္ေတာ္တို႔ခ်မ္းသာစည္းစိမ္ကိုလိုခ်င္တပ္မက္သလိုမ်ိဳးကိုမက္ေမာၾကတယ္။ဒီဇာတ္ကားမွာလဲ ဆာမူ႐ိုင္းေတြရဲ႕ေသျခင္းနဲ႔ပက္သက္တဲ့စိတ္ထားကိုရင္သပ္ရႈေမာစြာခံစားၾကရလိမ့္မယ္။

သူတို႔ဟာေသၿပီးတဲ့ေနာက္မွာ ဂုဏ္သိကၡာကိုအရမ္းတန္ဖိုထားနသးတာကိုေလးနက္စြာနားလည္ရပါလိမ့္မယ္။ဂ်ပန္ႏိုင္ငံရဲ႕ဆာမူ႐ိုင္းေလာကမွာ ႐ိုနင္ေတြဟာရွက္စရာအေကာင္းဆုံးလူေတြျဖစ္တယ္။

ဆာမူ႐ိုင္းေတယာက္ဟာသတၱိေၾကာင္ၿပီးတိုက္ပြဲကေနထြက္ေျပးခဲ့ရင္ပဲျဖစ္ျဖစ္တိုက္ပြဲမွာရင္ဆိုင္တိုက္ခိုက္ၾကရင္း ရႈံးနိမ့္သြားခဲ့ရင္ပဲျဖစ္ျဖစ္ သူ႔သခင္အေပၚမွာတာ၀န္မေက်ခဲ့ရင္ပဲျဖစ္ျဖစ္ ႐ိုနင္တစ္ေယာက္ျဖစ္လာရပါတယ္။

ဆာမူ႐ိုင္းေတြရဲ႕တာ၀န္ဟာသူတို႔ရဲ႕ဆရာသခင္နဲ႔ သူတို႔ေနတဲ့ေဒသကိုကာကြယ္ေစာင့္ေရွာက္ဖို႔ျဖစ္တဲ့အတြက္႐ိုနင္ေတြထဲမွာ ရွက္စရာအေကာင္းဆုံးကေတာ့ ကိုယ့္ရဲ႕ဆရာေသသြားလို႔ ႐ိုနင္ျဖစ္လာတဲ့သခင္မဲ့ဆာမူ႐ိုင္းေတြပဲ။ ကိုယ့္ရဲ႕အသုံးမက်ညံ့ဖ်င္းမႈနဲ႔တာ၀န္မေက်မႈရဲ႕ျပယုတ္မလို႔ပါပဲ။

ဆာမူ႐ိုင္းတို႔ရဲ႕စည္းကမ္းေတြဟာတင္းၾကပ္လွပါတယ္။တင္းၾကပ္သေလာက္လဲ ေဖာက္ဖ်က္မိရင္ ရရွိမယ့္ျပစ္ဒဏ္ကျပင္ထန္လြန္းလွတယ္။ဒီဇာတ္လမ္းမွာ အာဆိုတဲ့ေဒသကိုအုပ္ခ်ဳပ္ရတဲ့သခင္အာဆိုႏိုဟာ သူ႔ဆီကိုအလည္လာတဲ့သခင္ကီရာကို ဓားနဲ႔႐ြယ္ခဲ့မိတယ္။

ျဖစ္ခ်င္ေတာ့ အဲ့ဒီ့အခ်ိန္က ဂ်ပန္ႏိုင္ငံကိုအုပ္ခ်ဳပ္တဲ့စစ္ဗိုလ္ႀကီးေရွာ့ဂန္းကလည္းသခင္အာဆာႏိုရဲ႕အိမ္မွာက်င္းပတဲ့ၿပိဳင္ပြဲအတြက္ေရာက္ေနတဲ့အခ်ိန္လည္းျဖစ္တယ္။အိမ္သူအိမ္သားေတြရွိေနတဲ့ ရဲတိုက္ထဲမွာ ဓားအိမ္ထဲကဓားကိုဆြဲထုတ္ျခင္းအတြက္ျပစ္ဒဏ္ကေသျခင္းပါ။

ဒီလိုနဲ႔ သခင္အာဆာႏိုရဲ႕လက္ေအာက္က ဆာမူ႐ိုင္းေတြဟာသခင္မဲ့႐ိုနင္ေတြျဖစ္လာၾကပါတယ္။ဒါေပမယ့္သူတို႔ဟာ သူတို႔သခင္ရဲ႕ေသဆုံးျခင္းဟာတစ္စုံတစ္ေယာက္ရဲ႕ပေယာဂပါေနတယ္ဆိုတာကိုရိပ္မိခဲ့ၾကပါတယ္။

အဲ့ဒီလိုနဲ႔ပဲအရွက္ကြဲခဲ့တဲ့႐ိုနင္ေတြဟာ သူတို႔ရဲ႕သိကၡာကိုျပန္ဆယ္ဖို႔နဲ႔သူတို႔သခင္ရဲ႕ဝိညဥ္တမလြန္မွာၿငိမ္းခ်မ္းစြာအိပ္စက္အနားယူႏိုင္ဖို႔အတြက္ကလဲ့စားေျခႏိုင္ဖို႔ႀကိဳးစားခဲ့ပါတယ္။ဘာေတြဘယ္လိုဆက္ျဖစ္ၾကမွာလဲသူတို႔ကလဲ့စားေျခတာကေရာ ေအာင္ျမင္မွာလားအဲ့ဒီ့ေနာက္မွာေရာ ဘာေတြဆက္ျဖစ္ၾကမလဲခံစားၾကည့္ပါဦး။

—————-ဒီဇာတ္ကားမွာ ထူးထူးျခားျခားေလးကေတာ့John Wickဇာတ္ကာေတြနဲ႔ကြၽန္ေတာ္တို႔ရဲ႕အခ်စ္ေတာ္ႀကီးျဖစ္လာတဲ့ မင္းသားႀကီး Keanu Reevesပါလာတာပါပဲ။သူဟာဒီဇာတ္ကားမွာေမွာ္ဆန္တဲ့ကြၽန္းတစ္ခုကေနထြက္ေျပးလြတ္ေျမာက္ၿပီးဆာမူ႐ိူင္းတို႔ရဲ႕ေနရာကိုေရာက္လာတဲ့ေကာင္ေလးတစ္ေယာက္ရဲ႕ေနရာမွာသ႐ုပ္ေဆာင္ထားပါတယ္။

ဆာမူ႐ိုင္းတို႔ရဲ႕ေနရာမွာ ေနရတဲ့ဆာမူ႐ိုင္းမဟုတ္တဲ့လူတစ္ေယာက္အေနနဲ႔ ေနရထိုင္ရတာမလြယ္ပါဘူး။အႏွိမ္ခံရတယ္။ အခ်ိဳးခံရတယ္။ဒါေပမယ့္ သူေက်းဇူးမေမ့တတ္ပါဘူး။အိမ္ယာမဲ့သူ႔ကိုကယ္ထားတဲ့ သူ႔ရဲ႕သခင္ကို သူခ်စ္တယ္။

ဒါေပမယ့္ သူ႔သခင္ေသြသြားတဲ့ေနာက္မွာေရာသူ႔ရဲ႕ကံၾကမၼာက ဘယ္လိုျဖစ္လာမွာလဲ။ဆာမူ႐ိုင္းမဟုတ္တဲ့သူကေရာ ႐ိုနင္တစ္ေယာက္ျဖစ္လာမွာလား။ကလဲ့စားေျခတဲ့အခ်ိန္က်ရင္ေရာ သူက ဘယ္ဘက္ကေရာက္ေနမွာလဲဆိုတာေလးေတြပါၾကည့္ရႈခံစားလိုက္ၾကပါဦး။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Mega) Small Size ~ Download

(Yoteshin Portal) Large Size ~ Download

(Yoteshin Portal) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *