(500) Days of Summer (2009)

16842
Share
Copy the link

(500) Days of Summer အား တကျော့ပြန် ခံစားကြည့်ခြင်း(review မဟုတ်ပါ။ ဇာတ်ကားကို ကြည့်၍ ခံစားချက်များကို ရေးသားထားခြင်းပင်ဖြစ်ပါသည်။)
အချစ်နဲ့ပတ်သက်ရင် ခံစားတတ်သူတိုင်း အချစ်ကို ခံစားတတ်ကြတယ်။ ဒါပေမဲ့ ခံစားချက် မရှိတဲ့ မည်သူရှိလဲ? မည်သူမှ မရှိပါ။

လူတိုင်းဟာ ခံစားချက်တွေရှိတဲ့ သူတွေပါပဲ။ ဒါဆိုရင် လူတိုင်းဟာ အချစ်ကို ခံစားဖူးကြမှာပေ့ါ။ အမှန်ပါပဲ။ လူ့ဘဝရဲ့တစ်ချိုးတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ အရာနဲ့ဆက်နွယ်ခဲ့ဖူးကြတဲ့ သူတွေပါပဲ။ဒါဆိုရင် အချစ်ဆိုတာဘာလဲ? မည်သူမှတော့ တိကျတဲ့ အဖြေကို မပေးစွမ်းနိုင်ခဲ့ပြန်ဘူး။

ကိုယ်ပိုင်ခံစားချက်တွေနဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကပဲ လူသားအသီးသီးကို သက်ဆိုင်တဲ့ စာသားတွေ စကားလုံးတွေနဲ့အချစ်ဆိုတဲ့ အရာကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတယ်။ ရုပ်ဆိုးတဲ့လူတစ်ယောက်ကို ချစ်ခဲ့တဲ့ လူဆိုရင် အချစ်မှာ မျက်စိမပါဘူး။ ရင်ကွဲခံရဖူးတဲ့ လူတွေဆိုရင် အချစ်ဟာ အဆိပ်ပဲ။

အချစ်မှာ ကံကောင်းတဲ့ သူတွေဆိုရင်တော့ အချစ်ဟာ လောကနဲ့ လူသားတွေအတွက် ပျော်ရွှင်မှုပေးနိုင်သောအရာ။ အချစ်ကို လိုအပ်နေတဲ့ အထီးကျန်သမားတွေကတော့ အချစ်ဆိုတာ လူသားတွေအတွက် မရှိမဖြစ် လိုအပ်သော အရာ။

သစ္စာဖောက်ချင်တဲ့ လူသားတွေကတော့ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးလို့ဆို… စသည်ဖြင့်ပေ့ါ အချစ်ဋီကာကို အမျိုးစုံ အဓိပ္ပာယ်ပြန်ကြတယ်။ကျွန်တော် Romantic Comedy ဆိုတဲ့ ရုပ်ရှင်အမျိုးအစားနဲ့Sport ဆိုတဲ့ ရုပ်ရှင်အမျိုးအစားကို တတ်နိုင်သလောက် ရှောင်ပါတယ်။

စိတ်ကူးယဉ်ဆန်တဲ့ အချစ်ရုပ်ရှင်တွေဟာ လက်တွေ့လောကနဲ့သွေဖွယ်နေတတ်လေ့ရှိပါတယ်။ ကျွန်တော် အမျိုးသမီးထုကို စော်ကားခြင်း မဟုတ်ပါ။

ဒါပေမဲ့ အချစ်နဲ့ပတ်သက်ရင် အမြဲတမ်း ပို၍ စိတ်ကူးယဉ်လေ့ ရှိတတ် ကြ တဲ့ လူသားတွေ ဖြစ်သည့်အားလျော်စွာ သူမတို့ရဲ့ အကြိုက် အချစ်ကားတွေသည် သူမတို့ဘက်မှနေ၍ အမြဲ ရိုက်ကူးတင်ပြလေ့ရှိသည်။ ဒါကို ကျွန်တော် မနှစ်သက်။ ထို့ကြောင့် မည်သည့် အချစ်ကားမျိုးမဆို ကျွန်တော် မကြည့်။

နောက်ဆုံး ကုန်ကုန်ပြောရ မယ် ဆိုရင် မနှစ်က လူကြိုက်အရမ်းများသွားခဲ့တဲ့ The Faults in our Stars ကို ကျွန်တော် အခုထိ မကြည့်ရသေး။ ကြည့်ဖို့လည်း စိတ်ကူးမရှိသေး။ကျွန်ေ်တာ့် ဘဝမှာ အချစ်ရုပ်ရှင်နဲ့ပက်သက်ပြီး တစ်ကားတည်းကိုပဲ အရမ်းနှစ်သက်ခဲ့တယ်။

ထိုတစ်ကားတည်းကိုပဲ အကြိမ်ရေ 20 ထက်မနည်း ကြည့်ခဲ့ဖူးတယ်။ ယခုအချိန်ထိလည်း ကြည့်နေတုန်းပဲ။ ကြည့်တိုင်းလည်း တစ်ခါမှ ရိုးအီသွားတယ်ဆိုတာ မရှိခဲ့ပြန်ဘူး။ ပိုတိုးပြီးတောင် ကြိုက်လာပြန်ပါသေးတယ်။

အခုလို အချစ်ကားတွေ မကြည့်တတ်တဲ့ ကျွန်တော်ကို မည်သည့် အချစ်ကား ယခုလို ဖြစ်စေခဲ့သလဲဆိုတော့ ရုပ်ရှင်နာမည်က ကျွန်တော်နဲ့ခင်တဲ့သူတိုင်း သိကြတဲ့ (500) Days of Summer။(500) Days of Summer ဆိုတဲ့ ရုပ်ရှင်ကားဟာ ပရိသတ်တော်တော်များများ သိပြီးသားဖြစ်တဲ့ 2009 ခုနှစ်ရဲ့Sleeper Hit Movie ဖြစ်လာတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

ကျွန်တော်တို့လို အသည်းကွဲခဲ့ဖူးတဲ့ ယောင်္ကျားလေးတွေအတွက်တော့ ဒီဇာတ်ကားလေးဟာ ခံစားချက်တွေ တိုက်ဆိုင်နိူင်ပြီး ခံစားမှုအပြည့်ကို ပေးနိူင်ပါတယ်။ ကျွန်တောိ ဒီဇာတ်ကားကိုကြည့်ပြီး မငိုခဲ့ပါဘူး။ ဒါပေမဲ့ တော်တော်ခံစားခဲ့ရပါတယ်။

ခံစားချက်မျိုးစုံ နဲ့ခံစားခဲ့ရတာကြောင့် ဘာကြောင့် ခံစားခဲ့ရတာလဲ ဆိုတာတောင် မသိခဲ့ရပါဘူး။ဘာကြောင့် ကျွန်တော် ထိုရုပ်ရှင်ကို အရမ်းနှစ်သက်ရပါသလဲ?ကျွန်တော် စောစောက ပြောခဲ့သလိုပဲ။ အချစ်ကားတွေသည် အမျိုးသမီးတွေအကြိုက်ဖြစ်အောင် အမျိုးသမီးတွေရဲ့အမြင်တွေဘက်ကပဲ ရိုက်ပြခဲ့ကြသည်။

ကျွန်တော်တို့လို အမျိူးသားတွေ ဘက်ကကြတော့ ဘာကြောင့် မတင်ပြခဲ့ကြတာလည်း။ ဒါမေးခွန်းကို တော်လှန်ခဲ့တဲ့ သာမာန်အချစ်ကားတွေရဲ့ရေးစီးကြောင်းကို တော်လှန်ခဲ့တဲ့ တစ်ကားတည်းသော ကျွန်တော်ကြည့်ဖူးသော အချစ်ရုပ်ရှင်သည် (500) Days of Summer ပင်ဖြစ်သည်။

ထိုအချက်သည် ထိုရုပ်ရှင်ကို နှစ်သက်မိတဲ့ ပထမဆုံးသော အချက်ပင်ဖြစ်သည်။ မိန်းကလေးတွေသည် အချစ်ကို စိတ်ကူးပိုယဉ်တတ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ယောင်္ကျားလေးတွေက အချစ်ကို ပိုခံစားတတ်ကြပါတယ်။

ထိုရုပ်ရှင်ထဲက Tom ဆိုသော လူငယ်လေးရဲ့ ဇာတ်ကောင်ကို ကျွန်တော်ကြည့်နေရင်း ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မြင်ယောင်လာမိတယ်။ ကျွန်တော့်ဘဝရဲ့အဖြစ်အပျက်တစ်ခုကို ကျွန်တော်ပြန်မြင်ယောင် လာမိတယ်။ ကျွန်တော် Summer ဆိုသော မိန်းကလေးတစ်ယောက်နှင့် ဘဝတွင် တွေ့ဆုံခဲ့ဖူးပါတယ်။

ဒါဆိုရင် ခံစားချက်ခြင်း တူညီတယ်ဆိုသော ခေါင်းစဉ်နဲ့ဒီရုပ်ရှင်နှစ်သက်မိတဲ့ ဒုတိယ အချက်ပင်ဖြစ်ပါတယ်။တတိယ အချက်ကို ပြောကြည့်ရအောင်။ ဒီကားသည် သာမာန်ရုပ်ရှင်တွေလို တင်ဆက်ထားခြင်းမဟုတ်။ 99% သော အချစ်ကားတိုင်းသည် Timeline ကို Linear Style ဖြင့် တင်ပြလေ့ရှိသည်။

ဘာကြောင့်လဲ? တင်ပြရတာ လွယ်ကူတာကိုး။ ဒါပေမဲ့ (500) Days of Summer ကတော့ ဇာတ်ကြောင်းပြောပြချက်ကို Non-Linear Storytelling Style ဖြင့် တင်ပြထားတယ်။ ဒီအချက်က ပေါ့ပျက်ပျက်ကြည့်ရင် ရုပ်ရှင်ကို ရှုပ်ထွေးသွားစေပေမဲ့ သေသေချာချာ စိတ်ဝင်စားစွာ ကြည့်ပါက ရုပ်ရှင် ဇာတ်ကြောင်းကို ပိုမိုလွယ်ကူစွာ နားလည်စေခဲ့တယ်။

ဇာတ်ညွှန်းသည် အလွန်ကို Smart ဖြစ်လွန်းသော ဇာတ်ညွှန်း။ ကျွန်တော် အကြိုက်ဆုံး ဇာတ်ညွှန်း။ ဘာကြောင့် non-linear နဲ့တင်ပြခဲ့သလဲလို့ဆိုရင် အတိတ်နဲ့ပစ္စပ္ပန် ကို ယှဉ်ပြချင်တဲ့ သဘော။ ဟိုး တစ်ချိန်က ဒီလို ဖြစ်ခဲ့ပေမဲ့ ယခုအခါ ထိုကဲ့သို့သော မဟုတ်။

ပြောင်းလဲတတ်တဲ့ လူသားတွေရဲ့ဖြစ်စဉ်တွေကို မြင်သာစေခဲ့တယ်။ ထို့အပြင် ထို Timeline နှစ်ခု အမြဲ ယှဉ်ပြချက်များသည် Tom ရဲ့ခံစားချက်တွေကို ကျွန်တော်တို့ပို၍ မြင်သာစေခဲ့တယ်။ ဒါက တတိယ အချက်။နောက်တစ်ချက်က ဇာတ်ကောင်များ။ ဇာတ်ရံများကို ကျွန်တော် မပြောလို။

ဒါပေမဲ့ Tom နဲ့Summer တို့အကြောင်းကို တော့ ကျွန်တော် ပြောချင်ပါတယ်။ ပြောရမယ်ဆိုရင် ဇာတ်လမ်းကို ပြောင်းလဲပစ်စေခဲ့တဲ့ Character Developments တွေ တွေ့ခဲ့ရတယ်။ ဒီအချက်တွေကပဲ ရုပ်ရှင်ရဲ့ပင်မပဲဖြစ်တယ်။ Summer သည် အချစ်ကို မယုံကြည်ခဲ့သူ။

အချစ်ဆိုတာ လက်တွေ့လောကတွင် မရှိ။ စိတ်ကူးယဉ် Fantasy သက်သက်ပဲဟု ငယ်ရွယ်စဉ်က အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့သော သူမရဲ့မိဘနှစ်ပါးကို ကြည့်ပြီး အချစ်ကိုထိုကဲ့သို့သတ်မှတ်ခဲ့သူ။ Tom ကတော့ သူမနှင့် ဆန့်ကျင်ဘက်။

ငယ်ရွယ်စဉ် ကလေးဘဝတုန်းက British Pop Songs တွေနဲ့ရုပ်ရှင်တွေကို ကြည့်ပြီး အချစ်စစ်ဆိုသော အရာကို ယုံကြည်သူတစ်ဦး။ ဒါပေမဲ့ လောကမှာ သိတဲ့အတိုင်း အရာအားလုံးဟာ ပြောင်းလဲတတ်တဲ့ သဘောသဘာဝရှိသည့် အားလျော်စွာ သူတို့နှစ်ယောက်ရဲ့ဇာတ်ကောင်စရိုက် ပြောင်းလဲမှုသည် ဇာတ်လမ်းကို ပို၍ အားသာစေခဲ့ပြန်သည်။

Summer ကို ကျွန်တော် မမုန်း။ သူမသည် လက်တွေ့ဆန်သော မိန်းကလေးတစ်ဦး။ သူမသည် အေးစက်သော နှလုံးသား ပိုင်ရှင် မိန်းကလေးတစ်ဦးဖြစ်ခဲ့ပေမဲ့ သူမသည် Tom ကို ဘယ်တုန်းကမှ လိမ်လည်လှည့်ဖြားခဲ့သောသူ မဟုတ်ခဲ့။ ရိုးသားသော သူတစ်ယောက် ဖြစ်ခဲ့သည်။

Tom ကိုလည်း ကျွန်တော်မမုန်း။ သူသည် ကျွန်တော့်ရဲ့ဆင်တူ Fictional Character တစ်ဦး။ ဒါသည် စတုတ္ထအချက်။ပဉ္စမအချက်ကို ပြောရမည်ဆိုရင် ဇာတ်လမ်းမှာ သူတို့ပြောသွားကြတဲ့ စကားတွေ။ အပြင်လောက နဲ့အရမ်းကို စက်နွယ်နေသော အကြောင်းအရာ ဖြစ်ရပ်မှန်တွေကို လှပ၍ ထိမိသော စကားလုံးများဖြင့် တန်ဆာဆင်ကာ ပြောဆိုသွားခဲ့ကြသည်။

ထိုစကားလုံးတွေနှင့်ပဲ ကျွန်တော်ရယ်မောခဲ့ရသည်။ ထိုစကားလုံးတွေနဲ့ပဲ ကျွန်တော် တစ်ကိုယ်တည်း သဘောတူ၍ ခေါင်းတွေ ငြိမ့်ခဲ့ရသည်။ ထို့အပြင် ထိုစကားလုံးတွေနဲ့ပဲ တစ်ကိုယ်တည်း ငိုကြွေးခဲ့ရသည်။

ဥပမာ… “Some people are meant to fall in love with each other, but not meant to be together.” ဆိုတဲ့ စာသားလေးသည် ရင်ကို ခွဲကာ နှလုံးသားကို ဆောက်နဲ့ထွင်းခံရသလို့အောင့်သက်သက်ဖြစ်သေခဲ့တယ်။

“I need to know that you’re not gonna wake up in the morning and feel differently.” ဒါကိုလည်း စဉ်းစားကြည့်မယ်ဆိုရင် သူ့ကို အချစ်စစ်နဲ့မချစ်ဘူးဆိုတာကို သိတဲ့ Tom က သိသိရက်နဲ့မသေချာတတ်တဲ့ အနာဂတ်နဲ့ပြောင်းလဲတတ်တဲ့ လူသားတွေရဲ့စရိုက်ကို သိသောကြောင့် သေချာအောင် မေးခဲ့တဲ့ အမေးလေး တစ်ခု။

“Either she’s an evil, emotionless, miserable human being, or she’s a robot.” မည်မျျလောက် အသည်းကွဲကာ နာကျည်းနေသလဲဆိုတဲ့ ခံစားချက်တွေ။“Do you ever do this, you think back on all the times you’ve had with someone and you just replay it in your head over and over again and you look for those first signs of trouble?”

ဒီစကားလေးကတော့ Relationship တစ်ခုမှ ရှိနေတဲ့ ယောင်္ကျားလေးတိုင်းရဲ့ စဉ်ဆက်မပြတ် မေးမြန်းနေတဲ့ မေးခွန်းလေးတစ်ခု။ မိမိနဲ့ပတ်သက်ပြီး တစ်ဘက်လူရဲ့ပြောင်းလဲလာတဲ့ ဆက်ဆံမှုတွေကို ကြုံတွေ့လာရတဲ့ အခါ ကျွန်တော်တို့တွေ အမြဲ ထိုကဲ့သို့လုပ်လေ့ရှိတတ်ကြပါတယ်။”

Just because she likes the same bizzaro crap you do doesn’t mean she’s your soul mate.” ဒီစကားကို Tom ရဲ့ half younger sister က Tom ကို အမှန်တရားကို မြင်စေတဲ့ ရုတ်တရက် ပြောလိုက်တဲ့ စကား။ အရမ်းမှန်တယ်။

ကျွန်တော်တို့တွေ ငယ်စဉ်က ” ဟာ.. ဒီကောင်မလေးနဲ့ငါနဲ့အရာအားလုံးနီးပါး အကြိုက်ချင်းတူတယ်။ ငါတို့တွေ တစ်နေ့မှာ ရည်းစားဖြစ်ကြလိမ့်မယ်ဆိုပြီး ကိုယ့်ရဲ့Crush နဲ့ ကိုယ် အကြိုက်ချင်းတူရင် တွေးမိတဲ့ စိတ်ကူးလေးတွေပါ။ တစ်ကယ်တော့ ထိုအရာဟာ ဟာသပျက်လုံးတစ်ခုသာသာပါပဲ။

“I don’t want to get over her. I want to get her back.” Tom ရဲ့ မောျ်လင့်ချက်နဲ့ရှင်သန်ပုံကို သူ့ရဲ့စကားတွေကနေပြီး ကျွန်တော်တို့ဝိုင်းခံစားပေးခဲ့ကြတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့ချစ်သူတွေနဲ့ပြတ်စဲသွားပြီးကြတဲ့အခါ ယောင်္ကျားလေး အများစုဟာ ထို မိန်းကလေးတွေကို တော်ရုံနဲ့မမေ့နိုင်ကြပါဘူး။

ဝေးကွာသွားမှ ပို၍ တမ်းတလာတတ် ကြ ပါတယ်။ ဒါကြောင့် ထိုမိန်းကလေးတွေကို ပြန်လည် ရရှိအောင် ကြိုးစားတတ်ကြပြန်ပါတယ်။

“Look, I know you think she was the one, but I don’t. Now, I think you’re just remembering the good stuff. Next time you look back, I, uh, I really think you should look again.” ဒီစကားလေးကိုလည်း ထိုကလေးမလေးက Tom ကို အားပေးတဲ့ စကားပြောခဲ့တာပါပဲ။

ကျွန်တော် အကြိုက်ဆုံးစကားတွေမှာ ဒီစကားလေး ပါဝင်နေတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့မိမိကို ထားသွားတဲ့ ချစ်သူတွေကို တမ်းတနေမိတဲ့အခါ သူတို့ရဲ့ကောင်းကွက်တွေကိုပဲ ရွေးပြီးစဉ်းစားမိနေလု့ိ ကျွန်တော်တို့လူသားတွေ ခံစားနေ အသည်းကွဲနေရတာပါ။

တစ်ကယ်လို့သာ ဖြစ်ရပ်တွေ အကုန်လုံးသာ ကျွန်တော်တို့ပြန်မြင်ယောင် စဉ်းစားခြင်းဟာ ထိုထားသွားတဲ့ လူတွေကို မေ့ပျောက်နိုင်ဆုံး ဖြေဆေးတစ်ခုပါပဲ။“Robin is better than the girl of my dreams. She’s real.” ဒီစကားသည် မှန်သလားဆိုရင် အရမ်းမှန်တယ်။

မိမိစိတ်ကူးထဲက ဖြစ်ချင်တဲ့ မိန်းကလေးတွေထက် မိမိနဲ့ယခုချစ်သူဖြစ်နေတဲ့ မိန်းကလေးက ပို၍ သာပါတယ်။ ဟုတ်တယ်လေ။ သူမက စိတ်ကူးထဲက မဟုတ်ပဲ ပြင်ပလောကမှာ ရှိနေသည့်အတွက်။ တွေးကြည့်လေ နားလည်လာစေပဲ။“I love us.” ဒီစာသားလေးက မိမိကိုယ်ကို ချစ်ခြင်းလည်း မဟုတ်။

မိမိရဲ့ကောင်မလေးကိုချစ်ခြင်းလည်း မဟုတ်။ မိမိတို့နှစ်ဦးအတူတကွ ရှိနေခြင်း မိမိတို့နှစ်ယောက်ရဲ့အချစ်ကို ချစ်မြတ်နိုးခြင်းဆိုတာကို အရိုးရှင်းဆုံးနဲ့အလှပဆုံး အဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်။

“So, what if I’d gone to the movies? What if I had gone somewhere else for lunch? What if I’d gotten there 10 minutes later? It was – it was meant to be. And… I just kept thinking… Tom was right.” အချစ်ဆိုတာ ဖူးစာဆိုတာ ရှိတယ်ဆိုတဲ့ စကားကို ပြောကြားသွားခဲ့တဲ့ Summer ရဲ့ပြောင်းလဲသွားခဲ့တဲ့ အမြင်ကို သူမ ပြောကြားသွားခဲ့တဲ့ စကားလေးတစ်ခွန်း။”

Most days of the year are unremarkable. They begin, and they end, with no lasting memories made in between. Most days have no impact on the course of a life. May 23rd was a Wednesday.”

“Tom walked to her apartment, intoxicated by the promise of the evening. He believed that this time his expectations would align with reality…”“There’s only two kinds of people in the world. There’s women, and there’s men. Summer Finn was a woman.”

“If Tom had learned anything… it was that you can’t ascribe great cosmic significance to a simple earthly event. Coincidence, that’s all anything ever is, nothing more than coincidence… Tom had finally learned, there are no miracles.

There’s no such thing as fate, nothing is meant to be. He knew, he was sure of it now.”ဒါတွေက Narrator ဆိုသော ဇာတ်ကြောင်းပြောသူရဲ့စာသားတွေ။ အရမ်းလှပြီး အရမ်းလည်း ကြိုက်တဲ့ စာသားတွေ။

“People change, feelings change, it doesn’t mean that the love once shared wasn’t true and real. It simply means that sometimes, when people grow, they grow apart.” ခံစားတတ်သူတွေအတွက် မျက်ရည်လွယ်စေတဲ့ စာသားလေးတစ်ခု။

ဒီရုပ်ရှင်ဟာ အရမ်းကို သဘာဝကျပြီး အရမ်းကို မှန်လွန်းတဲ့ ရုပ်ရှင်တစ်ခု။“I just woke up one day, and I knew. What I was never sure of with you.” ဒီစကားလေးက Summer က Tom ကို နောက်ဆုံးတွေ့ကြတဲ့ အချိန်မှာ သူမကိုယ်တိုင်လည်း အဖြစ်မှန်ကို နားလည်သွားစေခဲ့တဲ့ စကား။

Tom ကိုလည်း အမှန်တရားကို သိသွားစေခဲ့တဲ့ စကား။ သူမဘာကို ပြောတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြပါတယ်။ ဒီအခန်းလေးမှာ သူမ ဒီစကားကို ပြောထွက်သွားတဲ့ အချိန်မှာ မျက်နှာတစ်ဘက်ကို လွှဲပြီး မျက်လုံးအိမ်မှ မျက်ရည်တွေ ဝဲသွားတဲ့ Tom လိုပဲ ကျွန်တော်လည်း မျက်ရည်တွေ ဝဲခဲ့ရပါတယ်။

ပြောင်းလဲသွားခဲ့သော Summer သည် နောက်ဆုံးဇာတ်သိမ်းအထိ Tom အပေါ်ခံစားချက်ကို မပြောင်းလဲသွားခဲ့ပေ။ဆဌမ အချက်ကိုပြောရမယ်ဆိုရင် Expectation နဲ့Reality ကို ယှဉ်ပြသွားတဲ့ scene လေး။ အရမ်းကို ထိမိပြီး အရမ်းကို ယုတ္တိဆန်ပြီး အလွန် ခံစားစေတဲ့ scene လေး။

ရုပ်ရှင်သမိုင်းမှာ ဘယ်တော့မှ မေ့ပျောက်မရတဲ့ scene လေးတစ်ခု။ လူတိုင်းဟာ အရာတစ်ခု လုပ်တော့မယ်ဆိုရင် မျှော်လင့်ချက်ကလေးတွေ ရှိတတ်ကြပါတယ်။ ရည်မှန်းချက်မဟုတ်ပါဘူး။ ရည်မှန်းချက်က အလုပ်တစ်ခုကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့အရာ။

ဒါပေမဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စလေးတွေမှာတော့ ကျွန်တော်တို့လူသားတွေက မျှော်လင့်ချက်ကလေးတွေနဲ့ရှင်သန်တတ်ကြတယ်။ ဒါကို ဒီရုပ်ရှင်က ပြသသွားခဲ့တယ်။

ဒါပေမဲ့ မျှော်လင့်ချက်ကလေးတွေတိုင်းဟာ လက်တွေ့ဘဝတွေမှာ တစ်ခါတစ်ရံ ကွဲပြားသွားတတ်ကြတယ်ဆိုတာ ဒီကားမှာ ပြထားတဲ့ scene လေးက အရမ်းကို ဝမ်းနည်းစရာ ကောင်းလှပါတယ်။သတ္တမ နှစ်သက်မိတဲ့ အချက်ကတော့ နောက်ခံ Soundtracks တွေ။

တစ်ကားလုံးကို Soundtracks ကောင်းကောင်းတွေနဲ့တင်ဆက်ထားတဲ့ ရုပ်ရှင်တွေကို မှတ်မိသလောက် ပြောရမယ်ဆိုရင် ဒီ (500) Days of Summer ရယ် The Boat that Rocked aka. Pirate Radio ရယ် Forrest Gump လောက်ရယ်ပဲ မှတ်မိတယ်။

Soundtracks တွေကို အရမ်းကြိုက်လို့Soundtracks အခွေကို ဝယ်ပြီး နားထောင်လာတယ်။ The Smiths, Regina Spektor, The Temper Trap, Simon and Garfunkel နဲ Carla Bruni တို့ဟာ ကျွန်တော့်ရဲ့Favorite အဆိုတော်တွေ စာရင်းထဲကို ဝင်မှန်းမသိ ဝင်ရောက်လာမိကြတယ်။

ထို့အပြင် The Graduate ရုပ်ရှင်ကို မကြည့်ရသေးတဲ့ ကျွန်တော့်ကို ထိုရုပ်ရှင်နဲ့မိတ်ဆက်ပေးကာ မဖြစ်မနေ ရှာကြည့်စေခဲ့တဲ့ အထိပါ။အဠမအချက် နှစ်သက်မိတဲ့ အချက်ကတော့ Locations ရွေးချယ်တဲ့ သူတွေပဲ တော်တာလား? Cinematographer ကပဲ တော်တာလား? Director ကပဲ တော်တာလားတော့ မသိပါ။

Downtown Los Angles ကို လှအောင် ရိုက်ကူးနိုင်ခဲ့ကြပြန်ပါသေးတယ်။ အခန်းတိုင်း အခန်းတိုင်းသည် လှပသေသပ်ကာ စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင် အမြင်ဆန်းသစ်နေလွန်းသည်။

နဝမ အချက်ကတော့ ဒီရုပ်ရှင်ကို ထပ်ခါထပ်ခါ သေသေချာချာ ကြည့်လာရင် သတိထားမိမှာကတော့ scenes တော်တော်များများမှာ Director သုံးထားသော အရောင်သည် အပြာရောင်များလွန်းသည်။ Wardrobe တွေမှာ ပိုများပါတယ်။

ပြချင်တာကတော့ ထိုအရောင်က Summer ရဲ့မျက်လုံးအရောင် အပြာရောင်ကို ဆက်စပ်စေနေတာဖြစ်ပြီး သဘောကတော့ Tom ရဲ့သူမအပေါ်ထားရှိတဲ့ ခံစားချက်တွေကို ကြည့်ရှုသူ ပရိသတ်တွေ နားလည်စေချင်တဲ့သဘောပါ။ Tom ရဲ့နေရာမှာ ဝင်ပြီး မသိမသာ ခံစားလာစေတဲ့ သဘောပါပဲ။

နောက်ဆုံး ဒသမ အချက်ကတော့ ဒီဇာတ်ကားသည် အချစ်ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး။ အချစ် အကြောင်း ဇာတ်လမ်းတစ်ခုပဲဖြစ်တယ်ဆိုတဲ့ “This is not a love story, this is a story about love.” ဆိုတဲ့ ရုပ်ရှင် Poster မှာဖော်ပြထားတဲ့ စာတန်းကလေးကိုပဲ။

လေးလေးနက်နက်တွေးတော ကြည့်ရင် ဘာကို ဆိုလိုချင်သလဲဆိုတာ နားလည်လာပါလိမ့်မယ်။Director Marc Webb ရဲ့ပထမဆုံး Director အဖြစ်ပွဲဦးထွက် ဇာတ်ကားလေးဖြစ်ပြီး ကျွန် တော့်အမြင်မှာ ထို Director ရော မင်းသား Joseph Gordon-Levitt ရော မင်းသမီးဖြစ်သူ Zooey Deschanel တို့ရဲ့အကောင်းဆုံးဇာတ်ကားလေး ပဲဖြစ်ပါတယ်။

Rotten Tomatoes မှာလည်း 86% တောင် ရရှိခဲ့ပါတယ်။ထိုအချက်တွေကြောင့် (500) Days of Summer သည် ကျွန်တော့်ရဲ့Personally အရ အနှစ်သက်ဆုံး Romantic Comedy ဇာတ်ကားလေးတစ်ကားဖြစ်လာပါတော့တယ်။

Zawgyi

(500) Days of Summer အား တေက်ာ့ျပန္ ခံစားၾကည့္ျခင္း(review မဟုတ္ပါ။ ဇာတ္ကားကို ၾကည့္၍ ခံစားခ်က္မ်ားကို ေရးသားထားျခင္းပင္ျဖစ္ပါသည္။)
အခ်စ္နဲ႔ပတ္သက္ရင္ ခံစားတတ္သူတိုင္း အခ်စ္ကို ခံစားတတ္ၾကတယ္။ ဒါေပမဲ့ ခံစားခ်က္ မရွိတဲ့ မည္သူရွိလဲ? မည္သူမွ မရွိပါ။

လူတိုင္းဟာ ခံစားခ်က္ေတြရွိတဲ့ သူေတြပါပဲ။ ဒါဆိုရင္ လူတိုင္းဟာ အခ်စ္ကို ခံစားဖူးၾကမွာေပ့ါ။ အမွန္ပါပဲ။ လူ႔ဘဝရဲ႕တစ္ခ်ိဳးတစ္ေကြ႕မွာေတာ့ အခ်စ္ဆိုတဲ့ အရာနဲ႔ဆက္ႏြယ္ခဲ့ဖူးၾကတဲ့ သူေတြပါပဲ။ဒါဆိုရင္ အခ်စ္ဆိုတာဘာလဲ? မည္သူမွေတာ့ တိက်တဲ့ အေျဖကို မေပးစြမ္းႏိုင္ခဲ့ျပန္ဘူး။

ကိုယ္ပိုင္ခံစားခ်က္ေတြနဲ႔ကိုယ္ပိုင္အေတြ႕အႀကဳံေတြကပဲ လူသားအသီးသီးကို သက္ဆိုင္တဲ့ စာသားေတြ စကားလုံးေတြနဲ႔အခ်စ္ဆိုတဲ့ အရာကို အဓိပၸာယ္ဖြင့္ဆိုခဲ့ၾကတယ္။ ႐ုပ္ဆိုးတဲ့လူတစ္ေယာက္ကို ခ်စ္ခဲ့တဲ့ လူဆိုရင္ အခ်စ္မွာ မ်က္စိမပါဘူး။ ရင္ကြဲခံရဖူးတဲ့ လူေတြဆိုရင္ အခ်စ္ဟာ အဆိပ္ပဲ။

အခ်စ္မွာ ကံေကာင္းတဲ့ သူေတြဆိုရင္ေတာ့ အခ်စ္ဟာ ေလာကနဲ႔ လူသားေတြအတြက္ ေပ်ာ္႐ႊင္မႈေပးႏိုင္ေသာအရာ။ အခ်စ္ကို လိုအပ္ေနတဲ့ အထီးက်န္သမားေတြကေတာ့ အခ်စ္ဆိုတာ လူသားေတြအတြက္ မရွိမျဖစ္ လိုအပ္ေသာ အရာ။

သစၥာေဖာက္ခ်င္တဲ့ လူသားေတြကေတာ့ အခ်စ္နဲ႔စစ္မွာ မတရားတာမရွိဘူးလို႔ဆို… စသည္ျဖင့္ေပ့ါ အခ်စ္ဋီကာကို အမ်ိဳးစုံ အဓိပၸာယ္ျပန္ၾကတယ္။ကြၽန္ေတာ္ Romantic Comedy ဆိုတဲ့ ႐ုပ္ရွင္အမ်ိဳးအစားနဲ႔Sport ဆိုတဲ့ ႐ုပ္ရွင္အမ်ိဳးအစားကို တတ္ႏိုင္သေလာက္ ေရွာင္ပါတယ္။

စိတ္ကူးယဥ္ဆန္တဲ့ အခ်စ္႐ုပ္ရွင္ေတြဟာ လက္ေတြ႕ေလာကနဲ႔ေသြဖြယ္ေနတတ္ေလ့ရွိပါတယ္။ ကြၽန္ေတာ္ အမ်ိဳးသမီးထုကို ေစာ္ကားျခင္း မဟုတ္ပါ။

ဒါေပမဲ့ အခ်စ္နဲ႔ပတ္သက္ရင္ အၿမဲတမ္း ပို၍ စိတ္ကူးယဥ္ေလ့ ရွိတတ္ ၾက တဲ့ လူသားေတြ ျဖစ္သည့္အားေလ်ာ္စြာ သူမတို႔ရဲ႕ အႀကိဳက္ အခ်စ္ကားေတြသည္ သူမတို႔ဘက္မွေန၍ အၿမဲ ႐ိုက္ကူးတင္ျပေလ့ရွိသည္။ ဒါကို ကြၽန္ေတာ္ မႏွစ္သက္။ ထို႔ေၾကာင့္ မည္သည့္ အခ်စ္ကားမ်ိဳးမဆို ကြၽန္ေတာ္ မၾကည့္။

ေနာက္ဆုံး ကုန္ကုန္ေျပာရ မယ္ ဆိုရင္ မႏွစ္က လူႀကိဳက္အရမ္းမ်ားသြားခဲ့တဲ့ The Faults in our Stars ကို ကြၽန္ေတာ္ အခုထိ မၾကည့္ရေသး။ ၾကည့္ဖို႔လည္း စိတ္ကူးမရွိေသး။ကြၽန္ေ္တာ့္ ဘဝမွာ အခ်စ္႐ုပ္ရွင္နဲ႔ပက္သက္ၿပီး တစ္ကားတည္းကိုပဲ အရမ္းႏွစ္သက္ခဲ့တယ္။

ထိုတစ္ကားတည္းကိုပဲ အႀကိမ္ေရ 20 ထက္မနည္း ၾကည့္ခဲ့ဖူးတယ္။ ယခုအခ်ိန္ထိလည္း ၾကည့္ေနတုန္းပဲ။ ၾကည့္တိုင္းလည္း တစ္ခါမွ ႐ိုးအီသြားတယ္ဆိုတာ မရွိခဲ့ျပန္ဘူး။ ပိုတိုးၿပီးေတာင္ ႀကိဳက္လာျပန္ပါေသးတယ္။

အခုလို အခ်စ္ကားေတြ မၾကည့္တတ္တဲ့ ကြၽန္ေတာ္ကို မည္သည့္ အခ်စ္ကား ယခုလို ျဖစ္ေစခဲ့သလဲဆိုေတာ့ ႐ုပ္ရွင္နာမည္က ကြၽန္ေတာ္နဲ႔ခင္တဲ့သူတိုင္း သိၾကတဲ့ (500) Days of Summer။(500) Days of Summer ဆိုတဲ့ ႐ုပ္ရွင္ကားဟာ ပရိသတ္ေတာ္ေတာ္မ်ားမ်ား သိၿပီးသားျဖစ္တဲ့ 2009 ခုႏွစ္ရဲ႕Sleeper Hit Movie ျဖစ္လာတဲ့ ဇာတ္ကားေကာင္းတစ္ကားပါ။

ကြၽန္ေတာ္တို႔လို အသည္းကြဲခဲ့ဖူးတဲ့ ေယာက်ၤားေလးေတြအတြက္ေတာ့ ဒီဇာတ္ကားေလးဟာ ခံစားခ်က္ေတြ တိုက္ဆိုင္ႏိူင္ၿပီး ခံစားမႈအျပည့္ကို ေပးႏိူင္ပါတယ္။ ကြၽန္ေတာိ ဒီဇာတ္ကားကိုၾကည့္ၿပီး မငိုခဲ့ပါဘူး။ ဒါေပမဲ့ ေတာ္ေတာ္ခံစားခဲ့ရပါတယ္။

ခံစားခ်က္မ်ိဳးစုံ နဲ႔ခံစားခဲ့ရတာေၾကာင့္ ဘာေၾကာင့္ ခံစားခဲ့ရတာလဲ ဆိုတာေတာင္ မသိခဲ့ရပါဘူး။ဘာေၾကာင့္ ကြၽန္ေတာ္ ထို႐ုပ္ရွင္ကို အရမ္းႏွစ္သက္ရပါသလဲ?ကြၽန္ေတာ္ ေစာေစာက ေျပာခဲ့သလိုပဲ။ အခ်စ္ကားေတြသည္ အမ်ိဳးသမီးေတြအႀကိဳက္ျဖစ္ေအာင္ အမ်ိဳးသမီးေတြရဲ႕အျမင္ေတြဘက္ကပဲ ႐ိုက္ျပခဲ့ၾကသည္။

ကြၽန္ေတာ္တို႔လို အမ်ိဴးသားေတြ ဘက္ကၾကေတာ့ ဘာေၾကာင့္ မတင္ျပခဲ့ၾကတာလည္း။ ဒါေမးခြန္းကို ေတာ္လွန္ခဲ့တဲ့ သာမာန္အခ်စ္ကားေတြရဲ႕ေရးစီးေၾကာင္းကို ေတာ္လွန္ခဲ့တဲ့ တစ္ကားတည္းေသာ ကြၽန္ေတာ္ၾကည့္ဖူးေသာ အခ်စ္႐ုပ္ရွင္သည္ (500) Days of Summer ပင္ျဖစ္သည္။

ထိုအခ်က္သည္ ထို႐ုပ္ရွင္ကို ႏွစ္သက္မိတဲ့ ပထမဆုံးေသာ အခ်က္ပင္ျဖစ္သည္။ မိန္းကေလးေတြသည္ အခ်စ္ကို စိတ္ကူးပိုယဥ္တတ္ၾကတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ေယာက်ၤားေလးေတြက အခ်စ္ကို ပိုခံစားတတ္ၾကပါတယ္။

ထို႐ုပ္ရွင္ထဲက Tom ဆိုေသာ လူငယ္ေလးရဲ႕ ဇာတ္ေကာင္ကို ကြၽန္ေတာ္ၾကည့္ေနရင္း ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ ျပန္ျမင္ေယာင္လာမိတယ္။ ကြၽန္ေတာ့္ဘဝရဲ႕အျဖစ္အပ်က္တစ္ခုကို ကြၽန္ေတာ္ျပန္ျမင္ေယာင္ လာမိတယ္။ ကြၽန္ေတာ္ Summer ဆိုေသာ မိန္းကေလးတစ္ေယာက္ႏွင့္ ဘဝတြင္ ေတြ႕ဆုံခဲ့ဖူးပါတယ္။

ဒါဆိုရင္ ခံစားခ်က္ျခင္း တူညီတယ္ဆိုေသာ ေခါင္းစဥ္နဲ႔ဒီ႐ုပ္ရွင္ႏွစ္သက္မိတဲ့ ဒုတိယ အခ်က္ပင္ျဖစ္ပါတယ္။တတိယ အခ်က္ကို ေျပာၾကည့္ရေအာင္။ ဒီကားသည္ သာမာန္႐ုပ္ရွင္ေတြလို တင္ဆက္ထားျခင္းမဟုတ္။ 99% ေသာ အခ်စ္ကားတိုင္းသည္ Timeline ကို Linear Style ျဖင့္ တင္ျပေလ့ရွိသည္။

ဘာေၾကာင့္လဲ? တင္ျပရတာ လြယ္ကူတာကိုး။ ဒါေပမဲ့ (500) Days of Summer ကေတာ့ ဇာတ္ေၾကာင္းေျပာျပခ်က္ကို Non-Linear Storytelling Style ျဖင့္ တင္ျပထားတယ္။ ဒီအခ်က္က ေပါ့ပ်က္ပ်က္ၾကည့္ရင္ ႐ုပ္ရွင္ကို ရႈပ္ေထြးသြားေစေပမဲ့ ေသေသခ်ာခ်ာ စိတ္ဝင္စားစြာ ၾကည့္ပါက ႐ုပ္ရွင္ ဇာတ္ေၾကာင္းကို ပိုမိုလြယ္ကူစြာ နားလည္ေစခဲ့တယ္။

ဇာတ္ၫႊန္းသည္ အလြန္ကို Smart ျဖစ္လြန္းေသာ ဇာတ္ၫႊန္း။ ကြၽန္ေတာ္ အႀကိဳက္ဆုံး ဇာတ္ၫႊန္း။ ဘာေၾကာင့္ non-linear နဲ႔တင္ျပခဲ့သလဲလို႔ဆိုရင္ အတိတ္နဲ႔ပစၥပၸန္ ကို ယွဥ္ျပခ်င္တဲ့ သေဘာ။ ဟိုး တစ္ခ်ိန္က ဒီလို ျဖစ္ခဲ့ေပမဲ့ ယခုအခါ ထိုကဲ့သို႔ေသာ မဟုတ္။

ေျပာင္းလဲတတ္တဲ့ လူသားေတြရဲ႕ျဖစ္စဥ္ေတြကို ျမင္သာေစခဲ့တယ္။ ထို႔အျပင္ ထို Timeline ႏွစ္ခု အၿမဲ ယွဥ္ျပခ်က္မ်ားသည္ Tom ရဲ႕ခံစားခ်က္ေတြကို ကြၽန္ေတာ္တို႔ပို၍ ျမင္သာေစခဲ့တယ္။ ဒါက တတိယ အခ်က္။ေနာက္တစ္ခ်က္က ဇာတ္ေကာင္မ်ား။ ဇာတ္ရံမ်ားကို ကြၽန္ေတာ္ မေျပာလို။

ဒါေပမဲ့ Tom နဲ႔Summer တို႔အေၾကာင္းကို ေတာ့ ကြၽန္ေတာ္ ေျပာခ်င္ပါတယ္။ ေျပာရမယ္ဆိုရင္ ဇာတ္လမ္းကို ေျပာင္းလဲပစ္ေစခဲ့တဲ့ Character Developments ေတြ ေတြ႕ခဲ့ရတယ္။ ဒီအခ်က္ေတြကပဲ ႐ုပ္ရွင္ရဲ႕ပင္မပဲျဖစ္တယ္။ Summer သည္ အခ်စ္ကို မယုံၾကည္ခဲ့သူ။

အခ်စ္ဆိုတာ လက္ေတြ႕ေလာကတြင္ မရွိ။ စိတ္ကူးယဥ္ Fantasy သက္သက္ပဲဟု ငယ္႐ြယ္စဥ္က အိမ္ေထာင္ေရး အဆင္မေျပျဖစ္ခဲ့ေသာ သူမရဲ႕မိဘႏွစ္ပါးကို ၾကည့္ၿပီး အခ်စ္ကိုထိုကဲ့သို႔သတ္မွတ္ခဲ့သူ။ Tom ကေတာ့ သူမႏွင့္ ဆန္႔က်င္ဘက္။

ငယ္႐ြယ္စဥ္ ကေလးဘဝတုန္းက British Pop Songs ေတြနဲ႔႐ုပ္ရွင္ေတြကို ၾကည့္ၿပီး အခ်စ္စစ္ဆိုေသာ အရာကို ယုံၾကည္သူတစ္ဦး။ ဒါေပမဲ့ ေလာကမွာ သိတဲ့အတိုင္း အရာအားလုံးဟာ ေျပာင္းလဲတတ္တဲ့ သေဘာသဘာဝရွိသည့္ အားေလ်ာ္စြာ သူတို႔ႏွစ္ေယာက္ရဲ႕ဇာတ္ေကာင္စ႐ိုက္ ေျပာင္းလဲမႈသည္ ဇာတ္လမ္းကို ပို၍ အားသာေစခဲ့ျပန္သည္။

Summer ကို ကြၽန္ေတာ္ မမုန္း။ သူမသည္ လက္ေတြ႕ဆန္ေသာ မိန္းကေလးတစ္ဦး။ သူမသည္ ေအးစက္ေသာ ႏွလုံးသား ပိုင္ရွင္ မိန္းကေလးတစ္ဦးျဖစ္ခဲ့ေပမဲ့ သူမသည္ Tom ကို ဘယ္တုန္းကမွ လိမ္လည္လွည့္ျဖားခဲ့ေသာသူ မဟုတ္ခဲ့။ ႐ိုးသားေသာ သူတစ္ေယာက္ ျဖစ္ခဲ့သည္။

Tom ကိုလည္း ကြၽန္ေတာ္မမုန္း။ သူသည္ ကြၽန္ေတာ့္ရဲ႕ဆင္တူ Fictional Character တစ္ဦး။ ဒါသည္ စတုတၳအခ်က္။ပၪၥမအခ်က္ကို ေျပာရမည္ဆိုရင္ ဇာတ္လမ္းမွာ သူတို႔ေျပာသြားၾကတဲ့ စကားေတြ။ အျပင္ေလာက နဲ႔အရမ္းကို စက္ႏြယ္ေနေသာ အေၾကာင္းအရာ ျဖစ္ရပ္မွန္ေတြကို လွပ၍ ထိမိေသာ စကားလုံးမ်ားျဖင့္ တန္ဆာဆင္ကာ ေျပာဆိုသြားခဲ့ၾကသည္။

ထိုစကားလုံးေတြႏွင့္ပဲ ကြၽန္ေတာ္ရယ္ေမာခဲ့ရသည္။ ထိုစကားလုံးေတြနဲ႔ပဲ ကြၽန္ေတာ္ တစ္ကိုယ္တည္း သေဘာတူ၍ ေခါင္းေတြ ၿငိမ့္ခဲ့ရသည္။ ထို႔အျပင္ ထိုစကားလုံးေတြနဲ႔ပဲ တစ္ကိုယ္တည္း ငိုေႂကြးခဲ့ရသည္။

ဥပမာ… “Some people are meant to fall in love with each other, but not meant to be together.” ဆိုတဲ့ စာသားေလးသည္ ရင္ကို ခြဲကာ ႏွလုံးသားကို ေဆာက္နဲ႔ထြင္းခံရသလို႔ေအာင့္သက္သက္ျဖစ္ေသခဲ့တယ္။

“I need to know that you’re not gonna wake up in the morning and feel differently.” ဒါကိုလည္း စဥ္းစားၾကည့္မယ္ဆိုရင္ သူ႔ကို အခ်စ္စစ္နဲ႔မခ်စ္ဘူးဆိုတာကို သိတဲ့ Tom က သိသိရက္နဲ႔မေသခ်ာတတ္တဲ့ အနာဂတ္နဲ႔ေျပာင္းလဲတတ္တဲ့ လူသားေတြရဲ႕စ႐ိုက္ကို သိေသာေၾကာင့္ ေသခ်ာေအာင္ ေမးခဲ့တဲ့ အေမးေလး တစ္ခု။

“Either she’s an evil, emotionless, miserable human being, or she’s a robot.” မည္မ််ေလာက္ အသည္းကြဲကာ နာက်ည္းေနသလဲဆိုတဲ့ ခံစားခ်က္ေတြ။“Do you ever do this, you think back on all the times you’ve had with someone and you just replay it in your head over and over again and you look for those first signs of trouble?”

ဒီစကားေလးကေတာ့ Relationship တစ္ခုမွ ရွိေနတဲ့ ေယာက်ၤားေလးတိုင္းရဲ႕ စဥ္ဆက္မျပတ္ ေမးျမန္းေနတဲ့ ေမးခြန္းေလးတစ္ခု။ မိမိနဲ႔ပတ္သက္ၿပီး တစ္ဘက္လူရဲ႕ေျပာင္းလဲလာတဲ့ ဆက္ဆံမႈေတြကို ႀကဳံေတြ႕လာရတဲ့ အခါ ကြၽန္ေတာ္တို႔ေတြ အၿမဲ ထိုကဲ့သို႔လုပ္ေလ့ရွိတတ္ၾကပါတယ္။”

Just because she likes the same bizzaro crap you do doesn’t mean she’s your soul mate.” ဒီစကားကို Tom ရဲ႕ half younger sister က Tom ကို အမွန္တရားကို ျမင္ေစတဲ့ ႐ုတ္တရက္ ေျပာလိုက္တဲ့ စကား။ အရမ္းမွန္တယ္။

ကြၽန္ေတာ္တို႔ေတြ ငယ္စဥ္က ” ဟာ.. ဒီေကာင္မေလးနဲ႔ငါနဲ႔အရာအားလုံးနီးပါး အႀကိဳက္ခ်င္းတူတယ္။ ငါတို႔ေတြ တစ္ေန႔မွာ ရည္းစားျဖစ္ၾကလိမ့္မယ္ဆိုၿပီး ကိုယ့္ရဲ႕Crush နဲ႔ ကိုယ္ အႀကိဳက္ခ်င္းတူရင္ ေတြးမိတဲ့ စိတ္ကူးေလးေတြပါ။ တစ္ကယ္ေတာ့ ထိုအရာဟာ ဟာသပ်က္လုံးတစ္ခုသာသာပါပဲ။

“I don’t want to get over her. I want to get her back.” Tom ရဲ႕ ေမာ်္လင့္ခ်က္နဲ႔ရွင္သန္ပုံကို သူ႔ရဲ႕စကားေတြကေနၿပီး ကြၽန္ေတာ္တို႔ဝိုင္းခံစားေပးခဲ့ၾကတယ္။ တစ္ခါတစ္ရံ ကြၽန္ေတာ္တို႔ခ်စ္သူေတြနဲ႔ျပတ္စဲသြားၿပီးၾကတဲ့အခါ ေယာက်ၤားေလး အမ်ားစုဟာ ထို မိန္းကေလးေတြကို ေတာ္႐ုံနဲ႔မေမ့ႏိုင္ၾကပါဘူး။

ေဝးကြာသြားမွ ပို၍ တမ္းတလာတတ္ ၾက ပါတယ္။ ဒါေၾကာင့္ ထိုမိန္းကေလးေတြကို ျပန္လည္ ရရွိေအာင္ ႀကိဳးစားတတ္ၾကျပန္ပါတယ္။

“Look, I know you think she was the one, but I don’t. Now, I think you’re just remembering the good stuff. Next time you look back, I, uh, I really think you should look again.” ဒီစကားေလးကိုလည္း ထိုကေလးမေလးက Tom ကို အားေပးတဲ့ စကားေျပာခဲ့တာပါပဲ။

ကြၽန္ေတာ္ အႀကိဳက္ဆုံးစကားေတြမွာ ဒီစကားေလး ပါဝင္ေနတယ္။ တစ္ခါတစ္ရံ ကြၽန္ေတာ္တို႔မိမိကို ထားသြားတဲ့ ခ်စ္သူေတြကို တမ္းတေနမိတဲ့အခါ သူတို႔ရဲ႕ေကာင္းကြက္ေတြကိုပဲ ေ႐ြးၿပီးစဥ္းစားမိေနလု႔ိ ကြၽန္ေတာ္တို႔လူသားေတြ ခံစားေန အသည္းကြဲေနရတာပါ။

တစ္ကယ္လို႔သာ ျဖစ္ရပ္ေတြ အကုန္လုံးသာ ကြၽန္ေတာ္တို႔ျပန္ျမင္ေယာင္ စဥ္းစားျခင္းဟာ ထိုထားသြားတဲ့ လူေတြကို ေမ့ေပ်ာက္ႏိုင္ဆုံး ေျဖေဆးတစ္ခုပါပဲ။“Robin is better than the girl of my dreams. She’s real.” ဒီစကားသည္ မွန္သလားဆိုရင္ အရမ္းမွန္တယ္။

မိမိစိတ္ကူးထဲက ျဖစ္ခ်င္တဲ့ မိန္းကေလးေတြထက္ မိမိနဲ႔ယခုခ်စ္သူျဖစ္ေနတဲ့ မိန္းကေလးက ပို၍ သာပါတယ္။ ဟုတ္တယ္ေလ။ သူမက စိတ္ကူးထဲက မဟုတ္ပဲ ျပင္ပေလာကမွာ ရွိေနသည့္အတြက္။ ေတြးၾကည့္ေလ နားလည္လာေစပဲ။“I love us.” ဒီစာသားေလးက မိမိကိုယ္ကို ခ်စ္ျခင္းလည္း မဟုတ္။

မိမိရဲ႕ေကာင္မေလးကိုခ်စ္ျခင္းလည္း မဟုတ္။ မိမိတို႔ႏွစ္ဦးအတူတကြ ရွိေနျခင္း မိမိတို႔ႏွစ္ေယာက္ရဲ႕အခ်စ္ကို ခ်စ္ျမတ္ႏိုးျခင္းဆိုတာကို အ႐ိုးရွင္းဆုံးနဲ႔အလွပဆုံး အဓိပၸာယ္ ဖြင့္ဆိုခဲ့တယ္။

“So, what if I’d gone to the movies? What if I had gone somewhere else for lunch? What if I’d gotten there 10 minutes later? It was – it was meant to be. And… I just kept thinking… Tom was right.” အခ်စ္ဆိုတာ ဖူးစာဆိုတာ ရွိတယ္ဆိုတဲ့ စကားကို ေျပာၾကားသြားခဲ့တဲ့ Summer ရဲ႕ေျပာင္းလဲသြားခဲ့တဲ့ အျမင္ကို သူမ ေျပာၾကားသြားခဲ့တဲ့ စကားေလးတစ္ခြန္း။”

Most days of the year are unremarkable. They begin, and they end, with no lasting memories made in between. Most days have no impact on the course of a life. May 23rd was a Wednesday.”

“Tom walked to her apartment, intoxicated by the promise of the evening. He believed that this time his expectations would align with reality…”“There’s only two kinds of people in the world. There’s women, and there’s men. Summer Finn was a woman.”

“If Tom had learned anything… it was that you can’t ascribe great cosmic significance to a simple earthly event. Coincidence, that’s all anything ever is, nothing more than coincidence… Tom had finally learned, there are no miracles.

There’s no such thing as fate, nothing is meant to be. He knew, he was sure of it now.”ဒါေတြက Narrator ဆိုေသာ ဇာတ္ေၾကာင္းေျပာသူရဲ႕စာသားေတြ။ အရမ္းလွၿပီး အရမ္းလည္း ႀကိဳက္တဲ့ စာသားေတြ။

“People change, feelings change, it doesn’t mean that the love once shared wasn’t true and real. It simply means that sometimes, when people grow, they grow apart.” ခံစားတတ္သူေတြအတြက္ မ်က္ရည္လြယ္ေစတဲ့ စာသားေလးတစ္ခု။

ဒီ႐ုပ္ရွင္ဟာ အရမ္းကို သဘာဝက်ၿပီး အရမ္းကို မွန္လြန္းတဲ့ ႐ုပ္ရွင္တစ္ခု။“I just woke up one day, and I knew. What I was never sure of with you.” ဒီစကားေလးက Summer က Tom ကို ေနာက္ဆုံးေတြ႕ၾကတဲ့ အခ်ိန္မွာ သူမကိုယ္တိုင္လည္း အျဖစ္မွန္ကို နားလည္သြားေစခဲ့တဲ့ စကား။

Tom ကိုလည္း အမွန္တရားကို သိသြားေစခဲ့တဲ့ စကား။ သူမဘာကို ေျပာတယ္ဆိုတာ ၾကည့္ဖူးသူတိုင္းသိၾကပါတယ္။ ဒီအခန္းေလးမွာ သူမ ဒီစကားကို ေျပာထြက္သြားတဲ့ အခ်ိန္မွာ မ်က္ႏွာတစ္ဘက္ကို လႊဲၿပီး မ်က္လုံးအိမ္မွ မ်က္ရည္ေတြ ဝဲသြားတဲ့ Tom လိုပဲ ကြၽန္ေတာ္လည္း မ်က္ရည္ေတြ ဝဲခဲ့ရပါတယ္။

ေျပာင္းလဲသြားခဲ့ေသာ Summer သည္ ေနာက္ဆုံးဇာတ္သိမ္းအထိ Tom အေပၚခံစားခ်က္ကို မေျပာင္းလဲသြားခဲ့ေပ။ဆဌမ အခ်က္ကိုေျပာရမယ္ဆိုရင္ Expectation နဲ႔Reality ကို ယွဥ္ျပသြားတဲ့ scene ေလး။ အရမ္းကို ထိမိၿပီး အရမ္းကို ယုတၱိဆန္ၿပီး အလြန္ ခံစားေစတဲ့ scene ေလး။

႐ုပ္ရွင္သမိုင္းမွာ ဘယ္ေတာ့မွ ေမ့ေပ်ာက္မရတဲ့ scene ေလးတစ္ခု။ လူတိုင္းဟာ အရာတစ္ခု လုပ္ေတာ့မယ္ဆိုရင္ ေမွ်ာ္လင့္ခ်က္ကေလးေတြ ရွိတတ္ၾကပါတယ္။ ရည္မွန္းခ်က္မဟုတ္ပါဘူး။ ရည္မွန္းခ်က္က အလုပ္တစ္ခုကို မျဖစ္ျဖစ္ေအာင္ လုပ္မယ္ဆိုတဲ့အရာ။

ဒါေပမဲ့ ေန႔စဥ္ႀကဳံေတြ႕ေနရတဲ့ ကိစၥေလးေတြမွာေတာ့ ကြၽန္ေတာ္တို႔လူသားေတြက ေမွ်ာ္လင့္ခ်က္ကေလးေတြနဲ႔ရွင္သန္တတ္ၾကတယ္။ ဒါကို ဒီ႐ုပ္ရွင္က ျပသသြားခဲ့တယ္။

ဒါေပမဲ့ ေမွ်ာ္လင့္ခ်က္ကေလးေတြတိုင္းဟာ လက္ေတြ႕ဘဝေတြမွာ တစ္ခါတစ္ရံ ကြဲျပားသြားတတ္ၾကတယ္ဆိုတာ ဒီကားမွာ ျပထားတဲ့ scene ေလးက အရမ္းကို ဝမ္းနည္းစရာ ေကာင္းလွပါတယ္။သတၱမ ႏွစ္သက္မိတဲ့ အခ်က္ကေတာ့ ေနာက္ခံ Soundtracks ေတြ။

တစ္ကားလုံးကို Soundtracks ေကာင္းေကာင္းေတြနဲ႔တင္ဆက္ထားတဲ့ ႐ုပ္ရွင္ေတြကို မွတ္မိသေလာက္ ေျပာရမယ္ဆိုရင္ ဒီ (500) Days of Summer ရယ္ The Boat that Rocked aka. Pirate Radio ရယ္ Forrest Gump ေလာက္ရယ္ပဲ မွတ္မိတယ္။

Soundtracks ေတြကို အရမ္းႀကိဳက္လို႔Soundtracks အေခြကို ဝယ္ၿပီး နားေထာင္လာတယ္။ The Smiths, Regina Spektor, The Temper Trap, Simon and Garfunkel နဲ Carla Bruni တို႔ဟာ ကြၽန္ေတာ့္ရဲ႕Favorite အဆိုေတာ္ေတြ စာရင္းထဲကို ဝင္မွန္းမသိ ဝင္ေရာက္လာမိၾကတယ္။

ထို႔အျပင္ The Graduate ႐ုပ္ရွင္ကို မၾကည့္ရေသးတဲ့ ကြၽန္ေတာ့္ကို ထို႐ုပ္ရွင္နဲ႔မိတ္ဆက္ေပးကာ မျဖစ္မေန ရွာၾကည့္ေစခဲ့တဲ့ အထိပါ။အဠမအခ်က္ ႏွစ္သက္မိတဲ့ အခ်က္ကေတာ့ Locations ေ႐ြးခ်ယ္တဲ့ သူေတြပဲ ေတာ္တာလား? Cinematographer ကပဲ ေတာ္တာလား? Director ကပဲ ေတာ္တာလားေတာ့ မသိပါ။

Downtown Los Angles ကို လွေအာင္ ႐ိုက္ကူးႏိုင္ခဲ့ၾကျပန္ပါေသးတယ္။ အခန္းတိုင္း အခန္းတိုင္းသည္ လွပေသသပ္ကာ စကားလုံးမ်ားျဖင့္ မေဖာ္ျပႏိုင္ေလာက္ေအာင္ အျမင္ဆန္းသစ္ေနလြန္းသည္။

နဝမ အခ်က္ကေတာ့ ဒီ႐ုပ္ရွင္ကို ထပ္ခါထပ္ခါ ေသေသခ်ာခ်ာ ၾကည့္လာရင္ သတိထားမိမွာကေတာ့ scenes ေတာ္ေတာ္မ်ားမ်ားမွာ Director သုံးထားေသာ အေရာင္သည္ အျပာေရာင္မ်ားလြန္းသည္။ Wardrobe ေတြမွာ ပိုမ်ားပါတယ္။

ျပခ်င္တာကေတာ့ ထိုအေရာင္က Summer ရဲ႕မ်က္လုံးအေရာင္ အျပာေရာင္ကို ဆက္စပ္ေစေနတာျဖစ္ၿပီး သေဘာကေတာ့ Tom ရဲ႕သူမအေပၚထားရွိတဲ့ ခံစားခ်က္ေတြကို ၾကည့္ရႈသူ ပရိသတ္ေတြ နားလည္ေစခ်င္တဲ့သေဘာပါ။ Tom ရဲ႕ေနရာမွာ ဝင္ၿပီး မသိမသာ ခံစားလာေစတဲ့ သေဘာပါပဲ။

ေနာက္ဆုံး ဒသမ အခ်က္ကေတာ့ ဒီဇာတ္ကားသည္ အခ်စ္ဇာတ္လမ္းတစ္ခုမဟုတ္ပါဘူး။ အခ်စ္ အေၾကာင္း ဇာတ္လမ္းတစ္ခုပဲျဖစ္တယ္ဆိုတဲ့ “This is not a love story, this is a story about love.” ဆိုတဲ့ ႐ုပ္ရွင္ Poster မွာေဖာ္ျပထားတဲ့ စာတန္းကေလးကိုပဲ။

ေလးေလးနက္နက္ေတြးေတာ ၾကည့္ရင္ ဘာကို ဆိုလိုခ်င္သလဲဆိုတာ နားလည္လာပါလိမ့္မယ္။Director Marc Webb ရဲ႕ပထမဆုံး Director အျဖစ္ပြဲဦးထြက္ ဇာတ္ကားေလးျဖစ္ၿပီး ကြၽန္ ေတာ့္အျမင္မွာ ထို Director ေရာ မင္းသား Joseph Gordon-Levitt ေရာ မင္းသမီးျဖစ္သူ Zooey Deschanel တို႔ရဲ႕အေကာင္းဆုံးဇာတ္ကားေလး ပဲျဖစ္ပါတယ္။

Rotten Tomatoes မွာလည္း 86% ေတာင္ ရရွိခဲ့ပါတယ္။ထိုအခ်က္ေတြေၾကာင့္ (500) Days of Summer သည္ ကြၽန္ေတာ့္ရဲ႕Personally အရ အႏွစ္သက္ဆုံး Romantic Comedy ဇာတ္ကားေလးတစ္ကားျဖစ္လာပါေတာ့တယ္။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

upstream.to (Up Stream) Large Size ~ Download

upstream.to (Up Stream) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *