’71(2014)

18026
Share
Copy the link

ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေမဟုတ်တဲ့အပြင် တခြားသူဒုက္ခရောက်နေမှပျော်နေတဲ့သူတွေမဟုတ်ကြဘူး…သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့ စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်……

တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက် ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်… သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်း ဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်…

ဥပမာ Jarhead (2005) တပ်သားသစ်ဘဝကိုစရိုက်ပြတာ ..ဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင်ထိုးကြသေးတယ်..သို့ပေမယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..

နောက် Fury (2014) အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်းပုံစံပေးချက်က မညှာတာ….သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်..အခြားစစ်ကားကောင်းများစွာရှိပါသေးသည်…

မည်သို့ပင်ဆိုစေ ကျွန်တော်တို့ဆီက စစ်ကားရိုက်ပြီဟေ့ဆိုရင်လည်း တခြားမြန်မာကားများထက် စိတ်ဝင်တစ်စားစောင့်ကြည့်ရတာအမော….အားမလိုအားမရဖြစ်ခဲ့ကြတာကလည်းတစ်ပိုင်းပေါ့လေ..ခုလည်း စစ်ကိုမုန်း၍ တိုက်ခဲ့သည်နောက်ပိုင်း ရေတပ်နှင့်ဆိုင်သည့် စစ်ကားတစ်ကားရိုက်နေသည်ဟုကြားသိရသည်…ထားတော့….

’71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်းအဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာ သင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်…တစ်နေ့လုံခြုံရေးယူပေးနေရင်း စစ်သည်တစ်ယောက် အသတ်ခံလိုက်ရတယ်….

တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်..လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်..ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ…

ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…..

Zawgyi








ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့

usersdrive.com (Users Drive) Large Size ~ Download

(Direct Link) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *