A Beautiful Mind (2001)
19183ဒီကားလေးကတော့ တောင်းဆိုထားတာလည်းကြာပါပြီ။ အခုမှပဲ တင်ဖြစ်ပါတယ်။ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်သလို ကြည့်လည်း ကြည့်သင့်ပါတယ်။ဒါပေမယ့် တော်တော်များများကတော့ ဒီကားကို ပျင်းစရာ ကောင်းတယ်လို့ ထင်နိုင်ပါတယ်။တကယ်ကောင်းတဲ့ကားပါ။
ဇာတ်လမ်းက Biopic (လူတစ်ယောက်ရဲ့ ဘဝအမှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာကို Biopic လို့ခေါ်ပါတယ်။) ဖြစ်ပြီး၊John Nash လို့ခေါ်တဲ့ သင်္ချာပညာရှင်တစ်ယောက်ရဲ့ ဘဝကို ဇာတ်လမ်းရိုက်ကူး ထားတာပါ။
John Nash က Nobel Laureate in Economics ဆုရှင်ဖြစ်ပြီး၊သူ့ရဲ့ Equation တွေက Economy ကို အများကြီး အထောက်အကူပြု့ခဲ့ပါတယ်။သူက ၁၉၅၇ ခုနှစ်မှာ Princeton University မှာ ပညာတော်သင်ဆုရခဲ့ပြီး ပညာသင်ကြားခဲ့ပါတယ်။
ဘွဲ့ရပြီးတဲ့ အခါမှာလည်း ကျောင်းမှာပဲ ဆရာအဖြစ်နဲ့ ပြန်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ဇာတ်ကားက သူဘဝအကြောင်းကို ဖော်ကြူးထားပြီး၊ သူဘယ်လို ရုန်းကန်ရပုံ၊ အခက်အခဲတွေတွေ့ ရပုံ၊အခက်အခဲတွေကို ဘယ်လို အောင်မြင်အောင်ကျော်ဖြတ်နိုင်ခဲ့လို့Nobel ဆုရှင်အဖြစ် ချီးမြှောက်ခံရ ပုံတွေကို ပီပီပြင်ပြင် တင်ဆက်ထားပါတယ်။
Biopic ဖြစ်လို့ ဇာတ်လမ်းအသေးစိတ် ပြောဖို့မလိုသလို၊ ပြောလိုက်ရင်လည်း ကြည့်ရတာ အရသာ ပျက်ပါတယ်။အထူးသဖြင့် ဇာတ်လမ်းရဲ့ အဓိက လှည့်ကွက် ကို ပရိတ်သတ်တွေ ကိုယ်တိုင် ကြည့်ရင်း သိရတာမှ တကယ် အရသာ ဖြစ်ပါတယ်။
ဇာတ်ကားကောင်းတစ်ကားပါ။ ဘဝသရုပ်ဖော် ဇာတ်လမ်း ဆိုပေမယ့် ဇာတ်လမ်းတင်ဆက်ပုံကောင်းတာကြောင့်ကြည့်ရှုသူတွေ မပျင်းမရိပဲနဲ့ကြည့်နိုင်မှာပါ။အထူးသဖြင့် ဇာတ်ရှိန်အတက်အကျ မှန်သလို၊ တည်းဖြတ်လည်းကောင်းပါတယ်။
ဒါ့အပြင် များနိုင်ငံက ပညာရှင်တွေ ဘယ်လို တော်တယ်၊ ဘယ်လို ကြိုးစားတယ်၊ ဘယ်လို အချိန်ဖြုန်းတယ်ဆိုတာကိုဒီကားလေး ကြည့်ပြီး အတုယူ နိုင်မှာ ဖြစ်တာကြောင့်အချိန်ပေးပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။IMDB Ratingလဲ 8.2 အထိ ရထားတဲ့ ဇာတ်ကားပါ။
Zawgyi
ဒီကားေလးကေတာ့ ေတာင္းဆိုထားတာလည္းၾကာပါၿပီ။ အခုမွပဲ တင္ျဖစ္ပါတယ္။ဇာတ္လမ္းေကာင္းေလး တစ္ကားျဖစ္သလို ၾကည့္လည္း ၾကည့္သင့္ပါတယ္။ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီကားကို ပ်င္းစရာ ေကာင္းတယ္လို႔ ထင္ႏိုင္ပါတယ္။တကယ္ေကာင္းတဲ့ကားပါ။
ဇာတ္လမ္းက Biopic (လူတစ္ေယာက္ရဲ႕ ဘဝအမွန္ကို ဇာတ္လမ္းျပန္႐ိုက္ထားတာကို Biopic လို႔ေခၚပါတယ္။) ျဖစ္ၿပီး၊John Nash လို႔ေခၚတဲ့ သခ်ၤာပညာရွင္တစ္ေယာက္ရဲ႕ ဘဝကို ဇာတ္လမ္း႐ိုက္ကူး ထားတာပါ။
John Nash က Nobel Laureate in Economics ဆုရွင္ျဖစ္ၿပီး၊သူ႔ရဲ႕ Equation ေတြက Economy ကို အမ်ားႀကီး အေထာက္အကူျပဳ႕ခဲ့ပါတယ္။သူက ၁၉၅၇ ခုႏွစ္မွာ Princeton University မွာ ပညာေတာ္သင္ဆုရခဲ့ၿပီး ပညာသင္ၾကားခဲ့ပါတယ္။
ဘြဲ႕ရၿပီးတဲ့ အခါမွာလည္း ေက်ာင္းမွာပဲ ဆရာအျဖစ္နဲ႔ ျပန္ၿပီး အလုပ္လုပ္ခဲ့ပါတယ္။ဇာတ္ကားက သူဘဝအေၾကာင္းကို ေဖာ္ၾကဴးထားၿပီး၊ သူဘယ္လို ႐ုန္းကန္ရပုံ၊ အခက္အခဲေတြေတြ႕ ရပုံ၊အခက္အခဲေတြကို ဘယ္လို ေအာင္ျမင္ေအာင္ေက်ာ္ျဖတ္ႏိုင္ခဲ့လို႔Nobel ဆုရွင္အျဖစ္ ခ်ီးေျမႇာက္ခံရ ပုံေတြကို ပီပီျပင္ျပင္ တင္ဆက္ထားပါတယ္။
Biopic ျဖစ္လို႔ ဇာတ္လမ္းအေသးစိတ္ ေျပာဖို႔မလိုသလို၊ ေျပာလိုက္ရင္လည္း ၾကည့္ရတာ အရသာ ပ်က္ပါတယ္။အထူးသျဖင့္ ဇာတ္လမ္းရဲ႕ အဓိက လွည့္ကြက္ ကို ပရိတ္သတ္ေတြ ကိုယ္တိုင္ ၾကည့္ရင္း သိရတာမွ တကယ္ အရသာ ျဖစ္ပါတယ္။
ဇာတ္ကားေကာင္းတစ္ကားပါ။ ဘဝသ႐ုပ္ေဖာ္ ဇာတ္လမ္း ဆိုေပမယ့္ ဇာတ္လမ္းတင္ဆက္ပုံေကာင္းတာေၾကာင့္ၾကည့္ရႈသူေတြ မပ်င္းမရိပဲနဲ႔ၾကည့္ႏိုင္မွာပါ။အထူးသျဖင့္ ဇာတ္ရွိန္အတက္အက် မွန္သလို၊ တည္းျဖတ္လည္းေကာင္းပါတယ္။
ဒါ့အျပင္ မ်ားႏိုင္ငံက ပညာရွင္ေတြ ဘယ္လို ေတာ္တယ္၊ ဘယ္လို ႀကိဳးစားတယ္၊ ဘယ္လို အခ်ိန္ျဖဳန္းတယ္ဆိုတာကိုဒီကားေလး ၾကည့္ၿပီး အတုယူ ႏိုင္မွာ ျဖစ္တာေၾကာင့္အခ်ိန္ေပးၿပီး ၾကည့္ရႈသင့္တဲ့ ဇာတ္ကားေကာင္းေလး တစ္ကားျဖစ္ပါတယ္လို႔ ေျပာခ်င္ပါတယ္။IMDB Ratingလဲ 8.2 အထိ ရထားတဲ့ ဇာတ္ကားပါ။


(Megaup.net) Large Size ~ Download
(Users Drive) Large Size ~ Download
(Up Stream) Large Size ~ Download
(Yoteshin) Large Size ~ Download