A Chinese Ghost Story (1987)

16882
Share
Copy the link

ကျွန်တော်ငယ်စဉ်ကတည်းက စွဲလန်းနှစ်ခြိုက်ခဲ့ရတဲ့ဇာတ်လမ်းလေးတစ်ကားဖြစ်သလိုယနေ့တိုင်လည်းဘယ်ချိန်ပြန်ကြည့်ကြည့်မရိုးသေးပါဘူး18+ ခေါင်းစဉ်တပ်လိုက်ပါမယ်..ဘာကြောင့်လဲဆိုရင် တချို့အခန်းတွေဟာမိဘတွေနဲ့အတူကြည့်ဖို့မသင့်တော်လို့ပါ..နည်းနည်းပါးပါးပါပဲ

A Chinese Ghost Story ကိုတော့တော်တော်များများကြားဖူးကြမယ်ထင်ပါတယ်နောက်ပိုင်းမှလူကြိုက်များလှတဲ့မင်းသမီး Liu Yi Fei ပြန်လည်သရုပ်ဆောင်ခဲ့တဲ့Chinese Ghost Story ဇာတ်ကားရဲ့ မူရင်း အရင်းအမြစ်ကတော့ 1987 မှာပထမဆုံးထွက်ရှိခဲ့တဲ့ဇာတ်ကားပါပဲ

အခုချိန်မှာတော့ ဒီဇာတ်ကားထဲကအဓိကမင်းသားဇာတ်ကောင် ဖြစ်တဲ့ Leslie Cheung ဟာ 2003 ခုနှစ်ဧပရယ် ၁ ရက်နေ့မှာ ဟောင်ကောင်မှာရှိတဲ့ Mandarin Oriental Hotel ရဲ့24 ထပ်ကနေ ခုန်ချပြီးအဆုံးစီရင်ခဲ့လို့ သေဆုံးပြီးဖြစ်နေပါပြီ

မင်းသမီးဖြစ်တဲ့ Joey Wang ကတော့ အခုချိန်မှာ အသက် 51 နှစ်ဖြစ်နေပါပြီကျွန်တော့်အမြင်ကိုပြောရရင်တော့ A ChineseGhost Story ထွက်ခဲ့တဲ့ ကားတွေမှာ1987 မှာထွက်တဲ့ နံပါတ် ၁ နဲ့ 1990 မှာ ထွက်တဲ့ ၂ လောက်ကျန်တာဘယ်ကားမှသိပ်မကောင်းဘူးလို့ပဲမြင်ပါတယ်..

လူသားကောင်လေးတစ်ယောက်နဲ့တစ္တေမလေးတစ်ယောက်တို့ရဲ့အချစ်ဇာတ်လမ်းကို ဟာသနှောပြီးရယ်မောဖွယ်ကြည်နူးဖွယ်..နဲ့ ရင်နင့်ဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာလည်းIMDb Rate 7.6 ရရှိခဲ့တာမို့ အများကြီးအထွေအထူးတော့ ပြောနေစရာမလိုတော့ဘူးလို့ထင်မြင်ပါတယ်..

လင်ချိုင်စံဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ရပ်ဝေးကနေနယ်တခုကိုလာပြီးတော့ အကြွေးတောင်းတဲ့သူပါ…လမ်းခရီးသွားလာရတာ ကြမ်းတမ်းပြီး သူခိုးဓါးပြများလည်းပေါများတဲ့အချိန်မို့လို့..သူ့အရင် လာတဲ့သူတွေအသတ်ခံရတာပေါ့..လမ်းမှာမိုးတွေရွာပြီးအရမ်းစိုရွဲသွားလို့ အကြွေးစာရင်းတွေပါ ပျက်စီးသွားခဲ့တယ်..

အဲ့တော့ အကြွေးကလည်းတောင်းမရ..လူတွေကလည်း စာရင်းထဲမှာနာမည်မရှိရင်ပိုက်ဆံ မပေးနိုင်ဘူးဆိုပြီး ပြောတော့သူ့မှာနေစရာ စားစရာလုံးဝမရှိတဲ့ဘဝထိရောက်သွားပါတယ်..ညဘက် တည်းဖို့ နေရာလိုက်ရှာတော့ချောက်ချ ချင်တဲ့သူတစ်ယောက်ကသစ်ခွ ဘုရားကျောင်းမှာ တည်းပါလို့ ပြောလိုက်ပါတော့တယ်..

တကယ်တော့ သစ်ခွ ဘုရားကျောင်းဟာ..သရဲတစ္ဆေတွေကြီးစိုးရာ နေရာ..ဖြစ်ပါတယ်..ဒါကိုမသိတဲ့ လင်ချိုင်စံတစ်ယောက် အူကြောင်ကြောင်နဲ့ရောက်သွားတဲ့အခါဘာဆက်ဖြစ်မယ်ဆိုတာကိုတော့ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦး

Zawgyi









megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *