A Chinese Odyssey Part 1 (1995)

15531
Share
Copy the link

ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကိုပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။

မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီစွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘဝပြန်ဝင်စားပြီး လူဘဝနဲ့ကျင်လည်ကျက်စားပုံတွေမိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယတ်ခပ်အောင် ဗျာများနေရပြီး

ရသစုံအချစ်ဇာတ်လမ်းလေးတွေပေါက်ဖွားလာပုံတွေကို တွေ့ရမှာပါထို့အပြင်ပဲ ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာစကားအလွန်များပစိပစပ်အလွန်နိုင်တဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေကိုမင်းသားကြီး Stephen Chow ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။

စွန်းဝူခုန်း တစ်ဖြစ်လဲ ကျင်းရှောင်လင် တစ်ယောက်သူရဲ့အချစ်ရဆုံးမိန်းကလေးဟာဘယ်သူဆိုတာနဲ့လောကကြီးရဲ့အကျိုးသယ်ပိုးဖို့အတွက် စွန်းဝူခုန်း ဘဝကိုပြန်လည် ရွေးချယ်ရင်သူနဲ့ပတ်သက်တဲ့မိန်းကလေးနဲ့လည်းကွဲရမှာဖြစ်တာကြောင့်သူဘာကိုရွေးချယ်မှာလဲ ဆိုတာကိုလည်း ရင်တမမနဲ့ကြည့်ရမယ့်အပြင်

စိတ်ကိုလည်း အားမလိုအားမရဖြစ်ကာမရိုးမရွဖြစ်စေတဲ့ရသကိုလည်း ပေးနိုင်စွမ်းရှိတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကိုတော့မပြောတော့ပါဘူး။Stephen Chow ကိုကျွန်တော် ယုံကြည်သလိုဒီဇာတ်ကားဟာလည်း အားလုံးငြင်းစရာမလိုအောင်ကြိုက်ကြမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်အထွေထူးညွှန်းမနေတော့ပါဘူး။

Chinese Odyssey Part 1: Pandora Box က Imdb Rating 7 .9 ထိရရှိထားပြီးတော့ဒုတိယပိုင်းဖြစ်တဲ့ Chinese Odyssey Part 2 : Cindrella ကတော့ Imdb Rating 8.0 ထိတောင်ရရှိထားတာပါ။

Zawgyi

ဟုတ္ပါတယ္ ဒီဇာတ္ကားေလးဟာ ကြၽန္ေတာ္တို႔႐ုပ္ရွင္ခ်စ္သူေတြအားလုံးႏွစ္သက္ၾကရတဲ့နာမည္ေက်ာ္မင္းသားႀကီး Stephen Chow က Journey to the west ဆိုတဲ့ တ႐ုတ္႐ိုးရာဇာတ္ေတာ္ႀကီးကိုျပန္လည္ဆန္းသစ္႐ိုက္ကူးတင္ျပထားတာျဖစ္ပါတယ္။

မတူတာကေတာ့ ဇာတ္လမ္းေက်ာ႐ိုးက အေနာက္အရပ္သို႔ က်မ္းဂန္ေတြသြားေရာက္ပင့္ေဆာင္ျခင္းမျပဳမွီစြန္းဝူခုန္းရဲ႕ အ႐ိုင္းစိုင္းေမ်ာက္ဘ၀ ထိုမွတစ္ဖန္ လူဘဝျပန္ဝင္စားၿပီး လူဘဝနဲ႔က်င္လည္က်က္စားပုံေတြမိစာၦမေလးတစ္ေယာက္ နဲ႔ ဘုံႀကိဳးျပတ္နတ္သမီးတစ္ေယာက္ရဲ႕ၾကားမွာေယာက္ယတ္ခပ္ေအာင္ ဗ်ာမ်ားေနရၿပီး

ရသစုံအခ်စ္ဇာတ္လမ္းေလးေတြေပါက္ဖြားလာပုံေတြကို ေတြ႕ရမွာပါထို႔အျပင္ပဲ ဆရာေတာ္ဟာလည္း ပါရမီမရင့္သန္မီမွာစကားအလြန္မ်ားပစိပစပ္အလြန္ႏိုင္တဲ့ ဘုန္းႀကီးတစ္ပါးအျဖစ္က်င္လည္ခဲ့ရပုံ ေတြကိုမင္းသားႀကီး Stephen Chow ရဲ႕ထုံးစံအတိုင္း ခပ္တည္တည္နဲ႔ဟာသေလးေတြေႏွာကာ႐ိုက္ကူးတင္ဆက္ထားတာပဲျဖစ္ပါတယ္။

စြန္းဝူခုန္း တစ္ျဖစ္လဲ က်င္းေရွာင္လင္ တစ္ေယာက္သူရဲ႕အခ်စ္ရဆုံးမိန္းကေလးဟာဘယ္သူဆိုတာနဲ႔ေလာကႀကီးရဲ႕အက်ိဳးသယ္ပိုးဖို႔အတြက္ စြန္းဝူခုန္း ဘဝကိုျပန္လည္ ေ႐ြးခ်ယ္ရင္သူနဲ႔ပတ္သက္တဲ့မိန္းကေလးနဲ႔လည္းကြဲရမွာျဖစ္တာေၾကာင့္သူဘာကိုေ႐ြးခ်ယ္မွာလဲ ဆိုတာကိုလည္း ရင္တမမနဲ႔ၾကည့္ရမယ့္အျပင္

စိတ္ကိုလည္း အားမလိုအားမရျဖစ္ကာမ႐ိုးမ႐ြျဖစ္ေစတဲ့ရသကိုလည္း ေပးႏိုင္စြမ္းရွိတဲ့ ဇာတ္ကားေကာင္းတစ္ကားပါ။ဇာတ္လမ္းအက်ဥ္းကိုေတာ့မေျပာေတာ့ပါဘူး။Stephen Chow ကိုကြၽန္ေတာ္ ယုံၾကည္သလိုဒီဇာတ္ကားဟာလည္း အားလုံးျငင္းစရာမလိုေအာင္ႀကိဳက္ၾကမယ့္ဇာတ္ကားေကာင္းတစ္ကားျဖစ္တာေၾကာင့္အေထြထူးၫႊန္းမေနေတာ့ပါဘူး။

Chinese Odyssey Part 1: Pandora Box က Imdb Rating 7 .9 ထိရရွိထားၿပီးေတာ့ဒုတိယပိုင္းျဖစ္တဲ့ Chinese Odyssey Part 2 : Cindrella ကေတာ့ Imdb Rating 8.0 ထိေတာင္ရရွိထားတာပါ။

(Direct Link) Large Size ~ Download

(Users Drive) Large Size ~ Download

(Yoteshin Portal) Large Size ~ Download

(Megaup.net) Large Size ~ Download

(Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *