A Ghost Story (2017)

16650
Share
Copy the link

ဇာတ်ကားနာမည်လေးကြည့်လိုက်ရုံနဲ့သရဲကားဆိုပြီးပြေးမြင်မိမှာပါ။ဟုတ်ပါတယ်သရဲကားတော့သရဲကားပါပဲ။ဒါပေမယ့်သရဲဖက်ကနေရိုက်ပြထားတဲ့သရဲကားလေးပါဗျာ။နာမည်လေးအတိုင်းပါပဲသရဲတစ်ကောင်ရဲ့ဇာတ်လမ်းလေးပါ။ကျွန်တော်တို့သေဆုံးသွားရင်ဘာတွေဖြစ်သွားမလဲ။ဘယ်ကိုရောက်သွားမလဲ။

ဒီမေးခွန်းတွေဟာတော်တော်များများယခုထိငြင်းခုံနေကြဆဲပါ။ဘာသာအမျိုးအမျိုးမှာပါရှိပြီးဖြစ်ပေမယ့်ဒီမေးခွန်းကိုတစ်ခါလောက်ဖြစ်ဖြစ်တော့လူတိုင်းတွေးဖူးကြမှာပါပဲ။ဒီကားလေးဟာတကယ်ကိုရိုးရိုးရှင်းရှင်းလေးရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ကျွန်တော်တို့နေ့စဉ်ဓူဝလုပ်ရှားနေတဲ့ပုံကိုကင်မရာချထားပြီးရိုက်ထားသလိုပါပဲ။

တကယ်ကိုရိုးရိုးရှင်းရှင်းရိုက်ပြထားတာမို့ပရိသတ်အများစုအတွက်ပျင်းစရာဖြစ်နိုင်ပါလိမ့်မယ်။ရိုးရှင်းလွန်းလို့သရဲတောင်ရိုးရိုးလေးပဲပြထားတာပါ။ဒါပေမယ့်သည်းခံပြီးဆက်ကြည့်မယ်ဆိုရင်တော့ဖြင့်ဇာတ်ကားလေးအပြီးမှာတစ်ခုခုတော့စဉ်းစားစရာကျန်မယ်လို့ထင်ပါတယ်။

သရဲကားကြောက်တဲ့သူတွေအတွက်Horrorကားထက်Mystryပုံစံဇာတ်ကားမျိုးပါ။ကြောက်ဖို့မကောင်းသလိုတွေးစရာတွေပဲပေးမယ့်ကားလေးပါ။ကျွန်တော်တို့ကြုံတွေ့နေရတဲ့လူနေမှုပုံစံတွေပြီးတော့သေပြီးသွားရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အမြင်လေးတွေ။

သေဆုံးသွားသူနဲ့ကျန်ရစ်သူကြားသံယောဇဉ်ချည်နှောင်မှုတွေ၊ဒါတွေကိုလက်တွေ့ကျကျကိုယ်ပိုင်အတွေးအခေါ်တရပ်နဲ့ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ပြောခဲ့တဲ့အတိုင်းလက်တွေ့ကျပြလွန်းလို့ပျင်းကောင်းပျင်းသွားနိုင်စရာတော့ရှိပါတယ်။

ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။အိမ်တစ်အိမ်ကိုပြောင်းလာတဲ့စုံတွဲတစ်တွဲကနေစတာပါပဲ။သူတို့နှစ်ယောက်ကတကယ်ကိုချစ်ကြတဲ့သူတွေပါ။တနေ့မှာတော့ကောင်လေးဟာကားတိုက်မှုဖြစ်ပြီးကွယ်လွန်သွားပါတယ်။အဲဒီလိုနဲ့အထီးကျန်ရစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်တည်းရှိတဲ့အိမ်လေးကို ကောင်လေးရဲ့ဝိညာဉ်ပြန်ရောက်လာပါတော့တယ်။

ကောင်လေးအနေနဲ့သူ့အမျိုးသမီးကိုပြန်ဆက်သွယ်ဖို့ကြိုးစားရှာပါတယ်။အမြဲတမ်းသူ့ဘေးမှာရှိနေပေးတယ်။သူလုပ်သမျှကိုကြည့်နေပေးတယ်။အဲဒီအပိုင်းတွေကြည့်ရင်းကိုယ့်ကိုဘယ်သူများကြည့်နေမလဲဆိုပြီးကလိကလိဖြစ်နေပါလိမ့်မယ်။တကယ်လည်းကိုယ့်ဘေးပတ်ဝန်ကျင်မှာသွားလာလှုပ်ရှားနေသူတွေရှိနေနိုင်တာပါပဲ။

ဇာတ်လမ်းလေးကရိုးရိုးလေးဆိုပေမယ့်လူတွေတွေးတတ်ပုံစံတွေ၊လူ့သဘာဝတွေ၊အတွေးအခေါ်တချို့ကိုပါထည့်သွင်းပြထားပါတယ်။စဉ်းစားစရာအပြည့်နဲ့ရိုးရိုးရှင်းရှင်းကားလေးတစ်ကားပါပဲ။နိုင်ငံတကာမှာလည်းဝေဖန်မှုအမျိုးမျိုးရရှိထားပြီးRatingအနေနဲ့လည်း7.7ထိရရှိထားတဲ့အပြင်ဆု၂ဆုပါရရှိထားပြီးပါပြီ။

တစ်ခုတော့ရှိပါတယ်Horrorကားမဟုတ်တဲ့အတွက်Horrorကြိုက်တဲ့ပရိသတ်တွေအတွက်တော့စိတ်ကျေနပ်စရာဖြစ်မှာမဟုတ်ပါဘူး။ဒါပေမယ့်တစ်ခုခုတွေးစရာတော့ရလိမ့်မယ်လို့ပြောပါရစေ။

Zawgyi

ဇာတ္ကားနာမည္ေလးၾကည့္လိုက္႐ုံနဲ႔သရဲကားဆိုၿပီးေျပးျမင္မိမွာပါ။ဟုတ္ပါတယ္သရဲကားေတာ့သရဲကားပါပဲ။ဒါေပမယ့္သရဲဖက္ကေန႐ိုက္ျပထားတဲ့သရဲကားေလးပါဗ်ာ။နာမည္ေလးအတိုင္းပါပဲသရဲတစ္ေကာင္ရဲ႕ဇာတ္လမ္းေလးပါ။ကြၽန္ေတာ္တို႔ေသဆုံးသြားရင္ဘာေတြျဖစ္သြားမလဲ။ဘယ္ကိုေရာက္သြားမလဲ။

ဒီေမးခြန္းေတြဟာေတာ္ေတာ္မ်ားမ်ားယခုထိျငင္းခုံေနၾကဆဲပါ။ဘာသာအမ်ိဳးအမ်ိဳးမွာပါရွိၿပီးျဖစ္ေပမယ့္ဒီေမးခြန္းကိုတစ္ခါေလာက္ျဖစ္ျဖစ္ေတာ့လူတိုင္းေတြးဖူးၾကမွာပါပဲ။ဒီကားေလးဟာတကယ္ကို႐ိုး႐ိုးရွင္းရွင္းေလး႐ိုက္ျပထားတဲ့ကားေလးျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ေန႔စဥ္ဓူဝလုပ္ရွားေနတဲ့ပုံကိုကင္မရာခ်ထားၿပီး႐ိုက္ထားသလိုပါပဲ။

တကယ္ကို႐ိုး႐ိုးရွင္းရွင္း႐ိုက္ျပထားတာမို႔ပရိသတ္အမ်ားစုအတြက္ပ်င္းစရာျဖစ္ႏိုင္ပါလိမ့္မယ္။႐ိုးရွင္းလြန္းလို႔သရဲေတာင္႐ိုး႐ိုးေလးပဲျပထားတာပါ။ဒါေပမယ့္သည္းခံၿပီးဆက္ၾကည့္မယ္ဆိုရင္ေတာ့ျဖင့္ဇာတ္ကားေလးအၿပီးမွာတစ္ခုခုေတာ့စဥ္းစားစရာက်န္မယ္လို႔ထင္ပါတယ္။

သရဲကားေၾကာက္တဲ့သူေတြအတြက္Horrorကားထက္Mystryပုံစံဇာတ္ကားမ်ိဳးပါ။ေၾကာက္ဖို႔မေကာင္းသလိုေတြးစရာေတြပဲေပးမယ့္ကားေလးပါ။ကြၽန္ေတာ္တို႔ႀကဳံေတြ႕ေနရတဲ့လူေနမႈပုံစံေတြၿပီးေတာ့ေသၿပီးသြားရင္ဘယ္လိုျဖစ္မလဲဆိုတဲ့အျမင္ေလးေတြ။

ေသဆုံးသြားသူနဲ႔က်န္ရစ္သူၾကားသံေယာဇဥ္ခ်ည္ေႏွာင္မႈေတြ၊ဒါေတြကိုလက္ေတြ႕က်က်ကိုယ္ပိုင္အေတြးအေခၚတရပ္နဲ႔႐ိုက္ျပထားတဲ့ကားေလးျဖစ္ပါတယ္။ေျပာခဲ့တဲ့အတိုင္းလက္ေတြ႕က်ျပလြန္းလို႔ပ်င္းေကာင္းပ်င္းသြားႏိုင္စရာေတာ့ရွိပါတယ္။

ဇာတ္လမ္းအက်ဥ္းခ်ဳပ္ေလးကိုေျပာျပပါမယ္။အိမ္တစ္အိမ္ကိုေျပာင္းလာတဲ့စုံတြဲတစ္တြဲကေနစတာပါပဲ။သူတို႔ႏွစ္ေယာက္ကတကယ္ကိုခ်စ္ၾကတဲ့သူေတြပါ။တေန႔မွာေတာ့ေကာင္ေလးဟာကားတိုက္မႈျဖစ္ၿပီးကြယ္လြန္သြားပါတယ္။အဲဒီလိုနဲ႔အထီးက်န္ရစ္ခဲ့တဲ့ေကာင္မေလးတစ္ေယာက္တည္းရွိတဲ့အိမ္ေလးကို ေကာင္ေလးရဲ႕ဝိညာဥ္ျပန္ေရာက္လာပါေတာ့တယ္။

ေကာင္ေလးအေနနဲ႔သူ႔အမ်ိဳးသမီးကိုျပန္ဆက္သြယ္ဖို႔ႀကိဳးစားရွာပါတယ္။အၿမဲတမ္းသူ႔ေဘးမွာရွိေနေပးတယ္။သူလုပ္သမွ်ကိုၾကည့္ေနေပးတယ္။အဲဒီအပိုင္းေတြၾကည့္ရင္းကိုယ့္ကိုဘယ္သူမ်ားၾကည့္ေနမလဲဆိုၿပီးကလိကလိျဖစ္ေနပါလိမ့္မယ္။တကယ္လည္းကိုယ့္ေဘးပတ္ဝန္က်င္မွာသြားလာလႈပ္ရွားေနသူေတြရွိေနႏိုင္တာပါပဲ။

ဇာတ္လမ္းေလးက႐ိုး႐ိုးေလးဆိုေပမယ့္လူေတြေတြးတတ္ပုံစံေတြ၊လူ႔သဘာဝေတြ၊အေတြးအေခၚတခ်ိဳ႕ကိုပါထည့္သြင္းျပထားပါတယ္။စဥ္းစားစရာအျပည့္နဲ႔႐ိုး႐ိုးရွင္းရွင္းကားေလးတစ္ကားပါပဲ။ႏိုင္ငံတကာမွာလည္းေဝဖန္မႈအမ်ိဳးမ်ိဳးရရွိထားၿပီးRatingအေနနဲ႔လည္း7.7ထိရရွိထားတဲ့အျပင္ဆု၂ဆုပါရရွိထားၿပီးပါၿပီ။

တစ္ခုေတာ့ရွိပါတယ္Horrorကားမဟုတ္တဲ့အတြက္Horrorႀကိဳက္တဲ့ပရိသတ္ေတြအတြက္ေတာ့စိတ္ေက်နပ္စရာျဖစ္မွာမဟုတ္ပါဘူး။ဒါေပမယ့္တစ္ခုခုေတြးစရာေတာ့ရလိမ့္မယ္လို႔ေျပာပါရေစ။

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *