A Knight’s Tale (2001)

18956
Share
Copy the link

Heath Ledgerရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်ကလည်း ပြောစရာမရှိအောင် ဒရာမာ ရိုးမန့် အဗန်းရှား အက်ရှင် ရသစုံပါတယ်။Friendhood .. Fatherhood.. Sonhood… Loverhoodအစုံအလင်ပါပါတယ်။

ဇာတ်လမ်းရဲ့ အခြေခံကလည်းဂျော့ဖရေး ချောဆာလို့ခေါ်တဲ့ နာမည်ကျော် အလယ်ခေတ်ကဗျာဆရာစာရေးဆရာတစ်ယောက်ကနေ ဆင့်ကူးခံစားထားတာဖြစ်ပြီး ဂျော့ဖရေးချောဆာတို့ အင်္ဂလန်သမိုင်းထဲကမင်းသားအက်ဒဝပ်တို့လို သူတွေလည်း ပါပါတယ်။

ကြည်နူးရင်ခုန် အားကျသွားစေမယ့် ရိုမန်တစ်အဆန်ဆုံးSceneတစ်ခု ဟာလည်း တော်တော်အသက်ဝင်ပါတယ်။ခရမ်းချဉ်သီး ၇၉လုံးနဲ့ အိုင်အမ်ဒီဘီ ၆.၉လည်းရထားပါသေးတယ်။စကားမစပ် အဗန်ဂျာဂိုဏ်းဝင် ဗီးရှင်းကြီးကိုလည်းကိုယ်လုံးတီးနဲ့ပဲ ထပ်တွေ့ရဦးမှာပါ။အလယ်ခတ်ကာလမှာ စီးချင်းထိုးပြိုင်ပွဲတွေရှိခဲ့ကြတယ်။

ချပ်ဝတ်ဝတ် မြင်းစီးပြီး ထိပ်တုံးထားတဲ့လှံရှည်အတုံးကိုကိုင်ဆွဲ ဟိုဘက်သည်ဘက် ထိုးနှက်တိုက်ခိုက်ကြရတဲ့ပြိုင်ပွဲမျိုးတွေပါ။ ဒီလိုပွဲတွေဟာ မြင့်မြတ်တဲ့မျိုးနွယ်တွေသူကောင်းပြုခံထား ရတဲ့လူတွေကိုသာ ဝင်ပြိုင်ခွင့်ပေးထားတယ်တဲ့။ အဲ့ဒီလို ပြိုင်ပွဲဝင်လူတွေကိုတော့“Knight”လို့ခေါ်ခဲ့ကြတယ်။

Knight တစ်ယောက်ရဲ့တပြည့်လက်ပါးစေကောင်လေးဖြစ်တဲ့ ဝီလီယမ်ဟာစီးချင်းထိုးပွဲတစ်ဝက်တစ်ပျက်မှာ သူ့ဆရာ Knightသေသွားတဲ့အတွက် သူ့ဆရာဟန်ဆောင်ပြီးစီးချင်းဝင်ထိုးရင်း ကလေးကတည်းက Knightဖြစ်ချင်ခဲ့တဲ့ သူ့အိပ်မက်ကို ဖွင့်ဖို့လမ်းပွင့်သွားသတဲ့။

သူ့ရဲ့ ငယ်ပေါင်းကြီးဖော်နှစ်ယောက်ဖြစ်တဲ့ဝတ်နဲ့ ရိုလန်တို့်နှစ်ယောက်နဲ့အတူ ပြိုင်ပွဲဆီသွားရင်းသူ့အတွက် မြင့််မြတ်တဲ့မျိုးရိုးဖြစ်ကြောင်း အတုပြုလုပ်ပေးတဲ့လောင်းကစားသမား စာရေးဆရာ ဂျော့ဖရေးချောဆာအမျိုးသမီးစွမ်းဆောင်ရှင်ပန်းပဲသမကိတ်တို့နဲ့ပါဆုံတွေ့ကာ သူ့အိပ်မက်တွေတဖြည်းဖြည်းဖြစ်တည်လာခဲ့တယ်။

လိမ်ညာမှုတစ်ခုနဲ့ သာမန်ကောင်လေးတစ်ယောက်ဟာအိပ်မက်တွေနောက်လိုက်ရင်း အချစ်ကိုတွေ့ရှိရင်းသူပြခဲ့တဲ့ သတ္တိတွေကို စာနာမှုတွေကို ကျွန်တော်တို့ခံစားရင်း သူ စခဲ့တဲ့စွန့်စားခန်းတွေ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ရင်ခုန်စွာကြည့်ကြရမှာပါ။ကြွေပြီးသား ကြယ်တစ်ပွင့်ရဲ့ လက်ရာခြေရောတွေကိုခံစားသက်ဝင်လိုက်ကြဦးစို့ရဲ့။

Zawgyi

Heath Ledgerရဲ႕ ဇာတ္ကားေကာင္းေတြထဲက တစ္ခုနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။ ဇာတ္အိမ္ကလည္း ေျပာစရာမရွိေအာင္ ဒရာမာ ႐ိုးမန႔္ အဗန္းရွား အက္ရွင္ ရသစုံပါတယ္။Friendhood .. Fatherhood.. Sonhood… Loverhoodအစုံအလင္ပါပါတယ္။

ဇာတ္လမ္းရဲ႕ အေျခခံကလည္းေဂ်ာ့ဖေရး ေခ်ာဆာလို႔ေခၚတဲ့ နာမည္ေက်ာ္ အလယ္ေခတ္ကဗ်ာဆရာစာေရးဆရာတစ္ေယာက္ကေန ဆင့္ကူးခံစားထားတာျဖစ္ၿပီး ေဂ်ာ့ဖေရးေခ်ာဆာတို႔ အဂၤလန္သမိုင္းထဲကမင္းသားအက္ဒဝပ္တို႔လို သူေတြလည္း ပါပါတယ္။

ၾကည္ႏူးရင္ခုန္ အားက်သြားေစမယ့္ ႐ိုမန္တစ္အဆန္ဆုံးSceneတစ္ခု ဟာလည္း ေတာ္ေတာ္အသက္ဝင္ပါတယ္။ခရမ္းခ်ဥ္သီး ၇၉လုံးနဲ႔ အိုင္အမ္ဒီဘီ ၆.၉လည္းရထားပါေသးတယ္။စကားမစပ္ အဗန္ဂ်ာဂိုဏ္းဝင္ ဗီးရွင္းႀကီးကိုလည္းကိုယ္လုံးတီးနဲ႔ပဲ ထပ္ေတြ႕ရဦးမွာပါ။အလယ္ခတ္ကာလမွာ စီးခ်င္းထိုးၿပိဳင္ပြဲေတြရွိခဲ့ၾကတယ္။

ခ်ပ္ဝတ္ဝတ္ ျမင္းစီးၿပီး ထိပ္တုံးထားတဲ့လွံရွည္အတုံးကိုကိုင္ဆြဲ ဟိုဘက္သည္ဘက္ ထိုးႏွက္တိုက္ခိုက္ၾကရတဲ့ၿပိဳင္ပြဲမ်ိဳးေတြပါ။ ဒီလိုပြဲေတြဟာ ျမင့္ျမတ္တဲ့မ်ိဳးႏြယ္ေတြသူေကာင္းျပဳခံထား ရတဲ့လူေတြကိုသာ ဝင္ၿပိဳင္ခြင့္ေပးထားတယ္တဲ့။ အဲ့ဒီလို ၿပိဳင္ပြဲဝင္လူေတြကိုေတာ့“Knight”လို႔ေခၚခဲ့ၾကတယ္။

Knight တစ္ေယာက္ရဲ႕တျပည့္လက္ပါးေစေကာင္ေလးျဖစ္တဲ့ ဝီလီယမ္ဟာစီးခ်င္းထိုးပြဲတစ္ဝက္တစ္ပ်က္မွာ သူ႔ဆရာ Knightေသသြားတဲ့အတြက္ သူ႔ဆရာဟန္ေဆာင္ၿပီးစီးခ်င္းဝင္ထိုးရင္း ကေလးကတည္းက Knightျဖစ္ခ်င္ခဲ့တဲ့ သူ႔အိပ္မက္ကို ဖြင့္ဖို႔လမ္းပြင့္သြားသတဲ့။

သူ႔ရဲ႕ ငယ္ေပါင္းႀကီးေဖာ္ႏွစ္ေယာက္ျဖစ္တဲ့ဝတ္နဲ႔ ႐ိုလန္တို႔္ႏွစ္ေယာက္နဲ႔အတူ ၿပိဳင္ပြဲဆီသြားရင္းသူ႔အတြက္ ျမင့္္ျမတ္တဲ့မ်ိဳး႐ိုးျဖစ္ေၾကာင္း အတုျပဳလုပ္ေပးတဲ့ေလာင္းကစားသမား စာေရးဆရာ ေဂ်ာ့ဖေရးေခ်ာဆာအမ်ိဳးသမီးစြမ္းေဆာင္ရွင္ပန္းပဲသမကိတ္တို႔နဲ႔ပါဆုံေတြ႕ကာ သူ႔အိပ္မက္ေတြတျဖည္းျဖည္းျဖစ္တည္လာခဲ့တယ္။

လိမ္ညာမႈတစ္ခုနဲ႔ သာမန္ေကာင္ေလးတစ္ေယာက္ဟာအိပ္မက္ေတြေနာက္လိုက္ရင္း အခ်စ္ကိုေတြ႕ရွိရင္းသူျပခဲ့တဲ့ သတၱိေတြကို စာနာမႈေတြကို ကြၽန္ေတာ္တို႔ခံစားရင္း သူ စခဲ့တဲ့စြန႔္စားခန္းေတြ ဘယ္လိုအဆုံးသတ္သြားမလဲဆိုတာ ရင္ခုန္စြာၾကည့္ၾကရမွာပါ။ေႂကြၿပီးသား ၾကယ္တစ္ပြင့္ရဲ႕ လက္ရာေျခေရာေတြကိုခံစားသက္ဝင္လိုက္ၾကဦးစို႔ရဲ႕။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *