A Moment to Remember (2004)

19512
Share
Copy the link

အချစ်စစ်ဆိုတာကို သိမြင်ဖို့လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ် အချစ်ကို အကြိုက်နဲ့ရောထွေးနေတဲ့ အရေခြုံအချစ်တွေလည်းရှိပါတယ် ဘာကြောင့်ညာကြောင့်ချစ်တယ်ဆိုတာတွေကျွန်တော်တို့အများကြီးကြားနေရတယ် အကြိုက်နဲ့ချစ်လိုက်ပြီဆိုရင် အတူယှဉ်တွဲပါလာတာက မာနပါပဲ မာနတွေနဲ့ ဘောင်ခတ်ပြီးမြင်နေရင်တော့အချစ်စစ်မဟုတ်ပါဘူး

အချစ်စစ်ဆိုတာ ပေးဆပ်မှုတွေနဲ့ကိုယ်ချစ်တဲ့သူ ကို စိတ်ချမ်းသာစေပြီး အမြင့်ကိုရောက်သွား စေဖို့ပဲ ဆန္ဒရှိပါတယ် ဒီကိုရီးယားကားလေးထဲမှာ အချစ်စစ်ဆိုတာမျိုးတွေ တွေ့မြင်ရပါတယ်

ကောင်လေးက သာမန်လက်သမားဆရာလေးတစ်ယောက် ငယ်ငယ်လေးထဲက အဖေဆုံးသွားတဲ့အပြင် အမေက ဘယ်အရပ်ဘယ်ဒေသရောက်နေမှန်းမသိ ကောင်မလေးကအစစအရာရာသူ့ထက်သာပါတယ် အဖေက ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို သင့်တင့်တဲ့ငွေရေးကြေးရေး အသိုင်းအဝန်းရှိပါတယ်

သူတို့၂ယောက်ဟာ တစ်နေ့ စတိုးဆိုင်လေးတစ်ဆိုင်မှာ ဆုံခဲ့ကြတယ် ဒီလိုနဲ့ပဲ………. တကယ်တော့ ဒီဇတ်ကားလေးဟာ သာမန်ကိုရီးယားအချစ်ဇတ်လမ်းပါပဲ ဘဝကိုနာကျဉ်းချက်တွေရှိတဲ့ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဟာ အချစ်ကြောင့်ပြောင်းလဲလာပုံတွေ တွေ့ရတယ်

မိဘတွေတွေဟာ ကိုယ့်သားသမီးကို အမြင့်ဆုံးဖြစ်စေချင်ပေမဲ့ နောက်ဆုံးသားသမီး ဆန္ဒကိုဦးစားပေးတဲ့ မေတ္တာတရား တွေကိုလည်းတွေ့နိုင်တယ် ကောင်လေးနဲ့ကောင်မလေးဟာ အချစ်အတွက် ပေးဆပ်ပုံလေးတွေကိုလည်းတွေ့မြင်ရမှာပါ

အထူးသဖြင့် အပြစ်ကင်းကင်းနဲ့ ပွင့်လင်းရိုးသားတဲ့စရိုက်ပုံစံသရုပ်ဆောင်တဲ့ Ye-jin Sonက ချီးကျူးဖို့ကောင်းပါတယ် နောက်ခံတေး ဖျော့ဖျော့လေးတွေနဲ့ စီးမျောလို့ကောင်းတဲ့ ဇတ်ကားဆိုတာတော့ IMDb 8.2ဆိုတာကြည့်ရုံနဲ့လုံလောက်ပါတယ် ဟုတ်ကဲ့ ခံစားကြည့်လိုက်ပါဦးဗျာ …..

Zawgyi

အခ်စ္စစ္ဆိုတာကို သိျမင္ဖို႔လြယ္မေယာင္နဲ႔ခက္ တိမ္မေယာင္နဲ႔နက္ပါတယ္ အခ်စ္ကို အႀကိဳက္နဲ႔ေရာေထြးေနတဲ့ အေရၿခဳံအခ်စ္ေတြလည္းရွိပါတယ္ ဘာေၾကာင့္ညာေၾကာင့္ခ်စ္တယ္ဆိုတာေတြကြၽန္ေတာ္တို႔အမ်ားႀကီးၾကားေနရတယ္ အႀကိဳက္နဲ႔ခ်စ္လိုက္ၿပီဆိုရင္ အတူယွဥ္တြဲပါလာတာက မာနပါပဲ မာနေတြနဲ႔ ေဘာင္ခတ္ၿပီးျမင္ေနရင္ေတာ့အခ်စ္စစ္မဟုတ္ပါဘူး

အခ်စ္စစ္ဆိုတာ ေပးဆပ္မႈေတြနဲ႔ကိုယ္ခ်စ္တဲ့သူ ကို စိတ္ခ်မ္းသာေစၿပီး အျမင့္ကိုေရာက္သြား ေစဖို႔ပဲ ဆႏၵရွိပါတယ္ ဒီကိုရီးယားကားေလးထဲမွာ အခ်စ္စစ္ဆိုတာမ်ိဳးေတြ ေတြ႕ျမင္ရပါတယ္

ေကာင္ေလးက သာမန္လက္သမားဆရာေလးတစ္ေယာက္ ငယ္ငယ္ေလးထဲက အေဖဆုံးသြားတဲ့အျပင္ အေမက ဘယ္အရပ္ဘယ္ေဒသေရာက္ေနမွန္းမသိ ေကာင္မေလးကအစစအရာရာသူ႔ထက္သာပါတယ္ အေဖက ေဆာက္လုပ္ ေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သလို သင့္တင့္တဲ့ေငြေရးေၾကးေရး အသိုင္းအဝန္းရွိပါတယ္

သူတို႔၂ေယာက္ဟာ တစ္ေန႔ စတိုးဆိုင္ေလးတစ္ဆိုင္မွာ ဆုံခဲ့ၾကတယ္ ဒီလိုနဲ႔ပဲ………. တကယ္ေတာ့ ဒီဇတ္ကားေလးဟာ သာမန္ကိုရီးယားအခ်စ္ဇတ္လမ္းပါပဲ ဘဝကိုနာက်ဥ္းခ်က္ေတြရွိတဲ့ဂ်စ္ကန္ကန္ေကာင္ေလးတစ္ေယာက္ဟာ အခ်စ္ေၾကာင့္ေျပာင္းလဲလာပုံေတြ ေတြ႕ရတယ္

မိဘေတြေတြဟာ ကိုယ့္သားသမီးကို အျမင့္ဆုံးျဖစ္ေစခ်င္ေပမဲ့ ေနာက္ဆုံးသားသမီး ဆႏၵကိုဦးစားေပးတဲ့ ေမတၱာတရား ေတြကိုလည္းေတြ႕ႏိုင္တယ္ ေကာင္ေလးနဲ႔ေကာင္မေလးဟာ အခ်စ္အတြက္ ေပးဆပ္ပုံေလးေတြကိုလည္းေတြ႕ျမင္ရမွာပါ

အထူးသျဖင့္ အျပစ္ကင္းကင္းနဲ႔ ပြင့္လင္း႐ိုးသားတဲ့စ႐ိုက္ပုံစံသ႐ုပ္ေဆာင္တဲ့ Ye-jin Sonက ခ်ီးက်ဴးဖို႔ေကာင္းပါတယ္ ေနာက္ခံေတး ေဖ်ာ့ေဖ်ာ့ေလးေတြနဲ႔ စီးေမ်ာလို႔ေကာင္းတဲ့ ဇတ္ကားဆိုတာေတာ့ IMDb 8.2ဆိုတာၾကည့္႐ုံနဲ႔လုံေလာက္ပါတယ္ ဟုတ္ကဲ့ ခံစားၾကည့္လိုက္ပါဦးဗ်ာ …..

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *