A Monster Calls (2016)
15634ပိတ်သတ်ကြီးရော.. ကိုယ့်စိတ်ကူးအိပ်မက်တစ်ခုခုကို စွဲစွဲမြဲမြဲယုံကြည်ဖူးပါသလား.. ဒီကားထဲက ကော်နာ အိုမယ်လီဆိုတဲ့ ကလေးလေးကတော့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး ယုံကြည်သက်ဝင်မှု ပြင်းထန်လှပါတယ်..
သူနဲ့ သူရဲ့ သေလုမြောပါးနာမကျန်းဖြစ်နေတဲ့ အမေ ကြားမှာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခုရှိပါတယ်.. တစ်ညမှာတော့ ကော်နာလေးရဲ့ စိတ်ကူးထဲက tree monster ကြီးဟာ တောင်ကုန်းပေါ်ကနေ နိုးထလာခဲ့ပြီး.. ကော်နာလေးကို ပုံပြင် 3ပုဒ် စတင်ပြောပြပါတော့တယ်..
သူ ကော်နာလေးကို ပြောပြနေတာ အကြောင်းပြချက်ရှိလို့ပါ..အဲ့ဒါက ဘာအတွက်လဲဆိုတော့… …. …ကျွန်တော် ဇာတ်လမ်းလေးပေါ့သွားမှာစိုးလို့ ဒီ့ထက်ပိုပြီးမပြောပြတော့ပါဘူး..
ဒီ Fantasy | Drama ကားလေးက စာရေးဆရာ Patrick Ness ရဲ့ “A Monster Calls” စာအုပ်ကို အသက်သွင်းထားတာဖြစ်ပါတယ်..
Budget $43M နဲ့ ရိုက်ကူးထားတဲ့ဒီကားလေးဟာ Worldwide Gross အနေနဲ့ $37M ကျော် ရရှိထားပါပြီ.Tree Monster ကြီးရဲ့ အသံသရုပ်ဆောင်ကတော့ Taken မင်းသားကြီး Liam Neeson ဖြစ်ပါတယ်..
ကော်နာလေးရဲ့ အမေနေရာမှာတော့ The Theory of Everything, Inferno, Rogue One;A Star Wars Story ကားတို့ရဲ့ မင်းသမီးချော Felicity Jones က သရုပ်ဆောင်ပေးထားတာဖြစ်ပါတယ် (သူမက ဒီကားမှာ မျက်ရည်တွေခြွေမှာမို့ ဒီကားမကြည့်ခင်တစ်ရှူးလေးတော့ဆောင်ထားကြပါ..ငိုနေရတယ်.. အပိုမပြောပါဘူး)
ကျွန်တော်ကတော့ သူမကို ဒီကားနဲ့ပဲ စကြည့်မိတာပါ…ကဲ.. စကားရှည်မနေတော့ဘူး.. IMDb 7.5 ထိရထားတဲ့ ဒီကားလေးကို ကြည့်ပြီးရင်.. (ကြည့်နေရင်းနဲ့ကို)… ရင်ထဲမှာ တစ်ခုခုရှိနေမှာပါ..
Zawgyi


(Megaup.net) Large Size ~ Download
(Users Drive) Large Size ~ Download
(Up Stream) Large Size ~ Download
(Yoteshin) Large Size ~ Download