A Wednesday! (2008)

15072
Share
Copy the link

“လူသားစစ်မှန်ခဲ့ရင် ဇီဝန်ခြွေတဲ့ အလုပ်ကို သာယာနေမှာမဟုတ်ဘူး ” ဒါမှမဟုတ် အဲ့ဒီစကားပြောခဲ့တဲ့ဗုဒ္ဓဟူးနေ့လေးတစ်နေ့

အိန္ဒိယ၏ ဇာတ်ကားတော်တော်များများသည် တည့်မတ်စေလိုသော သဘောတရားအရင်းခံရင်း တရားရေးမဏ္ဍိုင်ကို ကြုံရင်ကြုံသလိုသရော်လိုက်ကြသည်။

IMDB – 8.1 အထိ ရရှိထားပြီး ဝေဖန်ရေး အရလည်း တော်တော်အောင်မြင်ခဲ့သည့် ကားမျိုးဖြစ်သည်။ဇာတ်လမ်း အကျဉ်းအားဖြင့် ဆိုသော် တစ်နေ့သော ဗုဒ္ဓဟူး နေ့လေးတွင်သာ ဖြစ်ပျက်ခဲ့၏။ ထိုနေ့လေးတွင် ရဲကော်မရှင်နာရာဟိုးလ် ထံသို့ အမည်မသိ ဖုန်း တစ်ခု ဝင်လာသည်။

အမည် ကို A ဟု သတ်မှတ်ပါစို့။ A က မြို့၏ နေရာကြီးငါးနေရာတွင် ဗုံးထောင် ခဲ့ကြောင်း ဆိုသည်။A ၏ ရည်ရွယ်ချက်မှာ နာမည်ကြီး အကြမ်းဖက်သမား လေးဦးအား လွှတ်ပေးရေးဖြစ်သည်။ ပထမ အစတွင် ရာဟိုးလ် က A ကို မယုံကြည်ခဲ့ပေ။ဖုန်းနှောင့်ယှက်သူ တစ်ဦးအဖြစ်သာ သတ်မှတ်ခဲ့သည်။

သို့သော် ရဲစခန်းအိမ်သာ၌ ထောင်ခဲ့သော ဗုံးတစ်နေရာကို ဖွင့်ပြောလိုက်သောအခါမှ ရာဟိုးလ်ယုံကြည်ခဲ့သည်။ ထို့နောက် နည်းပညာအကူအညီဖြင့် A ၏ တည်နေရာအားစုံစမ်းကြသည်။ A ကား မည်သူနည်း ဟု စုံစမ်းခဲ့ကြသည်။

ရဲမှတ်တမ်းများအရလွတ်မြောက်နေသော အကြမ်းဖက်သမားများ ရှိနေသောကြောင့် ရာဟိုးလ်အနေနဲ့ A သည် အကြမ်းဖက်ခေါင်းဆောင် ဖြစ်မည်ဟု မှတ်ယူခဲ့သည်။A အနေနဲ့လည်း ကျွမ်းကျင်သင့်တင့်သော နည်းပညာ ရှိနေ၍ Sim card အမျိုးမျိုး တည်နေရာ အမျိုးမျိုး ပြောင်းနိုင်ခဲ့သည်။

အကြမ်းဖက်သမားလေးယောက် ကို တစ်နေရာတည်း တစ်စုတစည်း မရပါက ကျန်ရှိနေသည့် ငါးနာရီအတွင်း ဗုံးဖောက် ခွဲရန် ကြုံးဝါးခဲ့သည်။ဤသိူ့ဖြင့် ရာဟိုးလ် နှင့် အမည်မသိ ဖုန်းခေါ်သူ တို့ အားပြိုင် ဇာတ်ရှိန်တက်လာချိန်မှာတော့ …………? ဘာတွေ ဆက်ဖြစ်လာမည်နည်း။

A ဟာ မည်သူနည်း။ မည်သို့သော မျက်နှာဖုံးနဲ့ တရားရေး ကဏ္ဍ ဆီ ချဉ်းနင်းလာခဲ့ပါသနည်း။ ဤဇာတ်ကားသည် အလှည့်အပြောင်း နှင့် လူ့စိတ်ကို ဖွင့်ဟလိုက်သည်။“ငါမှ မဆိုင် “ဟူသော စိတ်ဓာတ်နှင့် နိုင်ငံသားကောင်း မဖြစ်နိုင်ခြင်းကိုလည်း ပြောပြသည်။

။ဒီကားဟာ အကောင်းဆုံးဇာတ်လမ်းဆု၊အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့အကောင်းဆုံးဇာတ်ပို့ဆုရရှိခဲ့သည်။သီးချင်းတွေနဲ့ကတဲ့အခန်းတစ်ခန်းမှမပါ…

Zawgyi

“လူသားစစ္မွန္ခဲ့ရင္ ဇီဝန္ေႁခြတဲ့ အလုပ္ကို သာယာေနမွာမဟုတ္ဘူး ” ဒါမွမဟုတ္ အဲ့ဒီစကားေျပာခဲ့တဲ့ဗုဒၶဟူးေန႔ေလးတစ္ေန႔

အိႏၵိယ၏ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားသည္ တည့္မတ္ေစလိုေသာ သေဘာတရားအရင္းခံရင္း တရားေရးမ႑ိဳင္ကို ႀကဳံရင္ႀကဳံသလိုသေရာ္လိုက္ၾကသည္။

IMDB – 8.1 အထိ ရရွိထားၿပီး ေဝဖန္ေရး အရလည္း ေတာ္ေတာ္ေအာင္ျမင္ခဲ့သည့္ ကားမ်ိဳးျဖစ္သည္။ဇာတ္လမ္း အက်ဥ္းအားျဖင့္ ဆိုေသာ္ တစ္ေန႔ေသာ ဗုဒၶဟူး ေန႔ေလးတြင္သာ ျဖစ္ပ်က္ခဲ့၏။ ထိုေန႔ေလးတြင္ ရဲေကာ္မရွင္နာရာဟိုးလ္ ထံသို႔ အမည္မသိ ဖုန္း တစ္ခု ဝင္လာသည္။

အမည္ ကို A ဟု သတ္မွတ္ပါစို႔။ A က ၿမိဳ႕၏ ေနရာႀကီးငါးေနရာတြင္ ဗုံးေထာင္ ခဲ့ေၾကာင္း ဆိုသည္။A ၏ ရည္႐ြယ္ခ်က္မွာ နာမည္ႀကီး အၾကမ္းဖက္သမား ေလးဦးအား လႊတ္ေပးေရးျဖစ္သည္။ ပထမ အစတြင္ ရာဟိုးလ္ က A ကို မယုံၾကည္ခဲ့ေပ။ဖုန္းေႏွာင့္ယွက္သူ တစ္ဦးအျဖစ္သာ သတ္မွတ္ခဲ့သည္။

သို႔ေသာ္ ရဲစခန္းအိမ္သာ၌ ေထာင္ခဲ့ေသာ ဗုံးတစ္ေနရာကို ဖြင့္ေျပာလိုက္ေသာအခါမွ ရာဟိုးလ္ယုံၾကည္ခဲ့သည္။ ထို႔ေနာက္ နည္းပညာအကူအညီျဖင့္ A ၏ တည္ေနရာအားစုံစမ္းၾကသည္။ A ကား မည္သူနည္း ဟု စုံစမ္းခဲ့ၾကသည္။

ရဲမွတ္တမ္းမ်ားအရလြတ္ေျမာက္ေနေသာ အၾကမ္းဖက္သမားမ်ား ရွိေနေသာေၾကာင့္ ရာဟိုးလ္အေနနဲ႔ A သည္ အၾကမ္းဖက္ေခါင္းေဆာင္ ျဖစ္မည္ဟု မွတ္ယူခဲ့သည္။A အေနနဲ႔လည္း ကြၽမ္းက်င္သင့္တင့္ေသာ နည္းပညာ ရွိေန၍ Sim card အမ်ိဳးမ်ိဳး တည္ေနရာ အမ်ိဳးမ်ိဳး ေျပာင္းႏိုင္ခဲ့သည္။

အၾကမ္းဖက္သမားေလးေယာက္ ကို တစ္ေနရာတည္း တစ္စုတစည္း မရပါက က်န္ရွိေနသည့္ ငါးနာရီအတြင္း ဗုံးေဖာက္ ခြဲရန္ ႀကဳံးဝါးခဲ့သည္။ဤသိူ႔ျဖင့္ ရာဟိုးလ္ ႏွင့္ အမည္မသိ ဖုန္းေခၚသူ တို႔ အားၿပိဳင္ ဇာတ္ရွိန္တက္လာခ်ိန္မွာေတာ့ …………? ဘာေတြ ဆက္ျဖစ္လာမည္နည္း။

A ဟာ မည္သူနည္း။ မည္သို႔ေသာ မ်က္ႏွာဖုံးနဲ႔ တရားေရး က႑ ဆီ ခ်ဥ္းနင္းလာခဲ့ပါသနည္း။ ဤဇာတ္ကားသည္ အလွည့္အေျပာင္း ႏွင့္ လူ႔စိတ္ကို ဖြင့္ဟလိုက္သည္။“ငါမွ မဆိုင္ “ဟူေသာ စိတ္ဓာတ္ႏွင့္ ႏိုင္ငံသားေကာင္း မျဖစ္ႏိုင္ျခင္းကိုလည္း ေျပာျပသည္။

။ဒီကားဟာ အေကာင္းဆုံးဇာတ္လမ္းဆု၊အေကာင္းဆုံးဇာတ္ၫႊန္းဆုနဲ႔အေကာင္းဆုံးဇာတ္ပို႔ဆုရရွိခဲ့သည္။သီးခ်င္းေတြနဲ႔ကတဲ့အခန္းတစ္ခန္းမွမပါ…

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *