Aftershock (2010)

17216
Share
Copy the link

ဒီဇာတ်ကားလေးဟာ 2010 ခုနှစ်ကထွက်ရှိထားပြီး Vote ပေါင်း 8603 နဲ့imdb မှာ 7.5 အထိ Rating ကောင်းထားတဲ့ ဇာတ်ကားလေးပါပဲRotten Tomatoes လည်း 91 % ရထားပါတယ်သဘာဝဘေးအန္တရာယ်ဆိုတာ ကြုံလာရင် လူတိုင်းရှောင်လွှဲလို့မရတဲ့ကပ်ဆိုးကြီးတစ်ခုပါ

ဒီလိုကပ်ဆိုးတွေကြောင့် ပျော်ရွှင်နေရတဲ့ မိသားစုတွေသေကွဲတွေသာမက ရှင်ကွဲပါကွဲကြရပါတယ် ယခုတင်ဆက်ပေးမဲ့ ရုပ်ရှင်ရဲ့အကြောင်းအရာဟာဆိုရင်ဖြင့် ၁၉၇၆ခုနှစ် တရုတ်နိုင်ငံ ထန်ရှန်မြို့မှာ ဖြစ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့သူ နှစ်သိန်းလေးသောင်းရဲ့ ဘဝတွေကိုအမှတ်ရအောက်မေ့ဖွယ်ရာ တင်ဆက်ထားခြင်းဖြစ်ပါတယ်

ဒီဇာတ်ကားလေးကတော့ငလျင်ဘေးကြီးကြောင့် ပြိုကွဲသွားရတဲ့ မိသားစုလေးအကြောင်းကိုရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် ဇာတ်ကြောင်းလေးကတော့….ထန်ရှန်မြို့လေးမှာ ယွမ်နီဆိုတဲ့ အမျိုးသမီးလေးဟာ အမွှာ သား သမီးနှစ်ယောက်ယောကျာ်းနဲ့အတူ မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူ တစ်ယောက်ပါ

ဒါပေမဲ့ ကံအကြောင်းမလှတဲ့အခါမှာတော့ ထန်ရှန်မြို့မှာ ငလျင်အကြီးစားတစ်ခုလှုပ်ခတ်ပြီး ယောကျာ်းဖြစ်သူက ယွမ်နီကို ကာကွယ်ရင်း ငလျင်ဘေးမှာ ဆုံးပါးသွားခဲ့ပါတယ်ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလို ယောကျာ်းသာသေရုံမကပဲကလေးနှစ်ယောက်ဟာလည်း ကွန်ကရစ်တုံးကြီး အောက်မှာပိမိပြီး တစ်ယောက်ပဲကယ်လို့ရမဲ့ အနေအထားဖြစ်ခဲ့ပါတယ်

ပထမကတော့ ယွမ်နီအနေနဲ့ မိဘမေတ္တာအရဘယ်သားသမီးကိုမှ မစွန့်လွှတ်ချင်ခဲ့ပေမဲ့ တစ်ယောက်ကိုပဲ ကယ်လို့ရမဲ့အခြေအနေမှာမသက်သာဘဲ သမီးလေးကို စွန့်လွှတ်လိုက်ပြီး သားကိုကယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်

အဲ့ဒီဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ အရိပ်မည်းကြီးလိုလိုက်ပါလာပြီးသူတို့အနေနဲ့ ဘယ်လိုတွေ ဆက်လက် ရှင်သန်ရုန်းကန်ကြရမလဲဆိုတာကိုဇာတ်လမ်းပုံစံ အေးအေးလေးနဲ့ ကြည့်ရှုခံစားကြရမှာပါ

Zawgyi

ဒီဇာတ္ကားေလးဟာ 2010 ခုႏွစ္ကထြက္ရွိထားၿပီး Vote ေပါင္း 8603 နဲ႔imdb မွာ 7.5 အထိ Rating ေကာင္းထားတဲ့ ဇာတ္ကားေလးပါပဲRotten Tomatoes လည္း 91 % ရထားပါတယ္သဘာဝေဘးအႏၲရာယ္ဆိုတာ ႀကဳံလာရင္ လူတိုင္းေရွာင္လႊဲလို႔မရတဲ့ကပ္ဆိုးႀကီးတစ္ခုပါ

ဒီလိုကပ္ဆိုးေတြေၾကာင့္ ေပ်ာ္႐ႊင္ေနရတဲ့ မိသားစုေတြေသကြဲေတြသာမက ရွင္ကြဲပါကြဲၾကရပါတယ္ ယခုတင္ဆက္ေပးမဲ့ ႐ုပ္ရွင္ရဲ႕အေၾကာင္းအရာဟာဆိုရင္ျဖင့္ ၁၉၇၆ခုႏွစ္ တ႐ုတ္ႏိုင္ငံ ထန္ရွန္ၿမိဳ႕မွာ ျဖစ္ခဲ့တဲ့ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္နစ္နာခဲ့သူ ႏွစ္သိန္းေလးေသာင္းရဲ႕ ဘဝေတြကိုအမွတ္ရေအာက္ေမ့ဖြယ္ရာ တင္ဆက္ထားျခင္းျဖစ္ပါတယ္

ဒီဇာတ္ကားေလးကေတာ့ငလ်င္ေဘးႀကီးေၾကာင့္ ၿပိဳကြဲသြားရတဲ့ မိသားစုေလးအေၾကာင္းကို႐ိုက္ကူးပုံေဖာ္ထားတာျဖစ္ပါတယ္ ဇာတ္ေၾကာင္းေလးကေတာ့….ထန္ရွန္ၿမိဳ႕ေလးမွာ ယြမ္နီဆိုတဲ့ အမ်ိဳးသမီးေလးဟာ အမႊာ သား သမီးႏွစ္ေယာက္ေယာက်ာ္းနဲ႔အတူ မိသားစုဘဝေလးကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းေနသူ တစ္ေယာက္ပါ

ဒါေပမဲ့ ကံအေၾကာင္းမလွတဲ့အခါမွာေတာ့ ထန္ရွန္ၿမိဳ႕မွာ ငလ်င္အႀကီးစားတစ္ခုလႈပ္ခတ္ၿပီး ေယာက်ာ္းျဖစ္သူက ယြမ္နီကို ကာကြယ္ရင္း ငလ်င္ေဘးမွာ ဆုံးပါးသြားခဲ့ပါတယ္ကံဆိုးမသြားေလရာ မိုးလိုက္လို႔႐ြာဆိုသလို ေယာက်ာ္းသာေသ႐ုံမကပဲကေလးႏွစ္ေယာက္ဟာလည္း ကြန္ကရစ္တုံးႀကီး ေအာက္မွာပိမိၿပီး တစ္ေယာက္ပဲကယ္လို႔ရမဲ့ အေနအထားျဖစ္ခဲ့ပါတယ္

ပထမကေတာ့ ယြမ္နီအေနနဲ႔ မိဘေမတၱာအရဘယ္သားသမီးကိုမွ မစြန႔္လႊတ္ခ်င္ခဲ့ေပမဲ့ တစ္ေယာက္ကိုပဲ ကယ္လို႔ရမဲ့အေျခအေနမွာမသက္သာဘဲ သမီးေလးကို စြန႔္လႊတ္လိုက္ၿပီး သားကိုကယ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္

အဲ့ဒီဆုံးျဖတ္ခ်က္ဟာ သူတို႔ရဲ႕ ဘဝတစ္ေလွ်ာက္လုံးမွာ အရိပ္မည္းႀကီးလိုလိုက္ပါလာၿပီးသူတို႔အေနနဲ႔ ဘယ္လိုေတြ ဆက္လက္ ရွင္သန္႐ုန္းကန္ၾကရမလဲဆိုတာကိုဇာတ္လမ္းပုံစံ ေအးေအးေလးနဲ႔ ၾကည့္ရႈခံစားၾကရမွာပါ

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

disk.yandex.com (Disk Yandex) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *