All or Nothing: Tottenham Hotspur (2020) Episode 2

20091
Share
Copy the link

၂၀၁၉-၂၀၂၀ ရာသီရဲ့ တော့တင်ဟမ်ဟော့စပါးအသင်းအကြောင်းကို အတွင်းအပြင်အကုန်မြင်နိုင်မယ့် Documentry Series ပါ။အပိုင်း (၉) ပိုင်းပါပါတယ်။ Tom Hardy က နောက်ခံစကားပြော Narrator အဖြစ်တင်ဆက်ထားပါတယ်။

မော်ရင်ဟိုပါမယ်…အသင်းပိုင်ရှင် လီဗီပါမယ်…ပိုချက်တီနိုပါမယ်…ကိန်းနဲ့ဆွန်ဟောင်မင်တို့လို Icon ကစားသမားတွေအပြင် စပါးအသင်းရဲ့အသင်းသားတွေအကုန်ပါမယ်…အနိုင် အရှုံး လောကဓံတွေ ခြယ်မှုန်းထားတယ်။ကျွန်တော်တို့ နီးကပ်စွာမြင်ရမှာက မော်ရင်ဟိုအကြောင်း…ဒသနနဲ့ ဘောလုံးယူဆချက်တွေပါ…။

ပိုချက်တီနိုထွက်ခွာပြီး မော်ရင်ဟိုနည်းပြဖြစ်လာတဲ့ ပထမဆုံးအချိန်တွေကစလို့ တင်ဆက်ထားလို့ဉရောပအင်အားကြီးဘောလုံးအသင်းတစ်သင်းရဲ့ နည်းပြခန့်အပ်မှု လုပ်ဆောင်ချက်တွေဖွဲ့စည်းပုံတွေ တာဝန်ပေးအပ်မှုကိုပါ အသေးစိတ်နီးပါးမြင်ရမှာပါ။

လှုပ်ရှားမှုတိုင်းကို အနီးကပ်လိုက်ပါ ရိုက်ကူးထားလို့ စပါးအသင်းရဲ့ ကွင်းတွင်း ကွင်းပြင် အဝတ်လဲခန်းထဲက ဆက်နွယ်မှုတွေကို တွေ့မြင်ရမှာပါ..မော်ရင်ဟိုနဲ့အင်တာဗျူးတော့ ကျွန်တော့်ကို လူတွေက ဒီလူကမပြုံးတတ်ဘူး..ခက်ထန်တယ်..ပြောကြတယ်..တကယ်ကအမြင်သက်သက်ပါပဲတဲ့…

ဒါဆိုအမှန်ကရောဆိုတော့…မော်ရင်ဟိုကပြုံးတယ်…အဲ့လိုပြောတဲ့ထဲမှာ အမှန်နည်းနည်းတော့ ပါတာပေါ့တဲ့…ပြီးတော့ထရယ်ပါလေရော။ဘောလုံးအသင်းတွေကိုသာ ကျွန်တော်တို့အားပေးနေကြတာ သူတို့ရဲ့တည်ဆောက်မှုတွေကို တစ်ခါမှမမြင်ဖူးကြဘူးလေ…

ခု Documentary မှာတော့ တော်တော်ပြည့်စုံရအောင်ကိုမြင်ရတယ်…နည်းပြနဲ့ အသင်းသား အပြန်အလှန်သက်ရောက်မှုတွေကအစပေါ့…စကားပြောရင် ခပ်မြင့်မြင့်က စတိုင်မိမိ ပြောတတ်တဲ့မော်ရင်ဟိုကို မြင်ရတာလဲ အရသာတစ်ခုပါ…နည်းပြဟောင်း ပိုချက်တီနိုဟာ စပါးအသင်းကို ချန်ပီယံလိဂ်ဖိုင်နယ်ထိပို့ဆောင်နိုင်ခဲ့ပေမယ့်နောက်ရာသီမှာ ရလဒ်တွေ ကျဆင်းလာတာနဲ့ အထုတ်ခံလိုက်ရပါတယ်..

မော်ဒန်ဘောလုံးလောကဟာ အောင်မြင်မှုကြီးမားသလို အမှားလဲမခံကြပါဘူး…ဒီလိုအချိန်မှာ မန်ယူအသင်းကနေ ထုတ်ခံထားရတဲ့ မော်ရင်ဟိုက စပါးအသင်းကို ရောက်လာတဲ့အခါ ဘယ်လိုတွေရှေ့ဆက်ကြမလဲ…အခုမြင်နေရတဲ့ ကိန်း-ဆွန် တိုက်စစ်အတွဲကို သူဘယ်လိုပုံဖော်ခဲ့သလဲ..အသင်းသားတွေအပေါ် လွှမ်းမိုးဖို့ ဘာတွေလုပ်ခဲ့လဲ…

ဒီ Documentary ကို Amazon Prime က တင်ဆက်ထားတာဖြစ်ပြီး ရိုက်ကူးစဉ်က ကင်မရာတွေနေရာတိုင်းရောက်နေလို့မော်ရင်ဟိုကတော့ စိတ်ကသိကအောင့်ဖြစ်ရကြောင်းပြောဖူးပါတယ်…သူစိတ်ပျက်လေ ကျွန်တော်တို့ပျော်လေပဲမလား…

ကဲ…ဒါလေးက အနိမ့်အမြင့်လောကဓံတွေကြားမှာ တည်ဆောက်ရတဲ့ ဘောလုံးလောကအကြောင်းကိုတင်ဆက်ထားတာမို့မော်ရင်ဟိုပရိတ်သတ်ရယ်..စပါးပရိတ်သတ်ရယ်မှမဟုတ်..ဘောလုံးပရိတ်သတ်ဆိုတာနဲ့ ကြည့်သင့်ကြောင်း ညွှန်းဆိုပါရစေ။

Zawgyi

၂၀၁၉-၂၀၂၀ ရာသီရဲ႕ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအေၾကာင္းကို အတြင္းအျပင္အကုန္ျမင္ႏိုင္မယ့္ Documentry Series ပါ။အပိုင္း (၉) ပိုင္းပါပါတယ္။ Tom Hardy က ေနာက္ခံစကားေျပာ Narrator အျဖစ္တင္ဆက္ထားပါတယ္။

ေမာ္ရင္ဟိုပါမယ္…အသင္းပိုင္ရွင္ လီဗီပါမယ္…ပိုခ်က္တီႏိုပါမယ္…ကိန္းနဲ႔ဆြန္ေဟာင္မင္တို႔လို Icon ကစားသမားေတြအျပင္ စပါးအသင္းရဲ႕အသင္းသားေတြအကုန္ပါမယ္…အႏိုင္ အရႈံး ေလာကဓံေတြ ျခယ္မႈန္းထားတယ္။ကြၽန္ေတာ္တို႔ နီးကပ္စြာျမင္ရမွာက ေမာ္ရင္ဟိုအေၾကာင္း…ဒသနနဲ႔ ေဘာလုံးယူဆခ်က္ေတြပါ…။

ပိုခ်က္တီႏိုထြက္ခြာၿပီး ေမာ္ရင္ဟိုနည္းျပျဖစ္လာတဲ့ ပထမဆုံးအခ်ိန္ေတြကစလို႔ တင္ဆက္ထားလို႔ဉေရာပအင္အားႀကီးေဘာလုံးအသင္းတစ္သင္းရဲ႕ နည္းျပခန႔္အပ္မႈ လုပ္ေဆာင္ခ်က္ေတြဖြဲ႕စည္းပုံေတြ တာဝန္ေပးအပ္မႈကိုပါ အေသးစိတ္နီးပါးျမင္ရမွာပါ။

လႈပ္ရွားမႈတိုင္းကို အနီးကပ္လိုက္ပါ ႐ိုက္ကူးထားလို႔ စပါးအသင္းရဲ႕ ကြင္းတြင္း ကြင္းျပင္ အဝတ္လဲခန္းထဲက ဆက္ႏြယ္မႈေတြကို ေတြ႕ျမင္ရမွာပါ..ေမာ္ရင္ဟိုနဲ႔အင္တာဗ်ဴးေတာ့ ကြၽန္ေတာ့္ကို လူေတြက ဒီလူကမၿပဳံးတတ္ဘူး..ခက္ထန္တယ္..ေျပာၾကတယ္..တကယ္ကအျမင္သက္သက္ပါပဲတဲ့…

ဒါဆိုအမွန္ကေရာဆိုေတာ့…ေမာ္ရင္ဟိုကၿပဳံးတယ္…အဲ့လိုေျပာတဲ့ထဲမွာ အမွန္နည္းနည္းေတာ့ ပါတာေပါ့တဲ့…ၿပီးေတာ့ထရယ္ပါေလေရာ။ေဘာလုံးအသင္းေတြကိုသာ ကြၽန္ေတာ္တို႔အားေပးေနၾကတာ သူတို႔ရဲ႕တည္ေဆာက္မႈေတြကို တစ္ခါမွမျမင္ဖူးၾကဘူးေလ…

ခု Documentary မွာေတာ့ ေတာ္ေတာ္ျပည့္စုံရေအာင္ကိုျမင္ရတယ္…နည္းျပနဲ႔ အသင္းသား အျပန္အလွန္သက္ေရာက္မႈေတြကအစေပါ့…စကားေျပာရင္ ခပ္ျမင့္ျမင့္က စတိုင္မိမိ ေျပာတတ္တဲ့ေမာ္ရင္ဟိုကို ျမင္ရတာလဲ အရသာတစ္ခုပါ…နည္းျပေဟာင္း ပိုခ်က္တီႏိုဟာ စပါးအသင္းကို ခ်န္ပီယံလိဂ္ဖိုင္နယ္ထိပို႔ေဆာင္ႏိုင္ခဲ့ေပမယ့္ေနာက္ရာသီမွာ ရလဒ္ေတြ က်ဆင္းလာတာနဲ႔ အထုတ္ခံလိုက္ရပါတယ္..

ေမာ္ဒန္ေဘာလုံးေလာကဟာ ေအာင္ျမင္မႈႀကီးမားသလို အမွားလဲမခံၾကပါဘူး…ဒီလိုအခ်ိန္မွာ မန္ယူအသင္းကေန ထုတ္ခံထားရတဲ့ ေမာ္ရင္ဟိုက စပါးအသင္းကို ေရာက္လာတဲ့အခါ ဘယ္လိုေတြေရွ႕ဆက္ၾကမလဲ…အခုျမင္ေနရတဲ့ ကိန္း-ဆြန္ တိုက္စစ္အတြဲကို သူဘယ္လိုပုံေဖာ္ခဲ့သလဲ..အသင္းသားေတြအေပၚ လႊမ္းမိုးဖို႔ ဘာေတြလုပ္ခဲ့လဲ…

ဒီ Documentary ကို Amazon Prime က တင္ဆက္ထားတာျဖစ္ၿပီး ႐ိုက္ကူးစဥ္က ကင္မရာေတြေနရာတိုင္းေရာက္ေနလို႔ေမာ္ရင္ဟိုကေတာ့ စိတ္ကသိကေအာင့္ျဖစ္ရေၾကာင္းေျပာဖူးပါတယ္…သူစိတ္ပ်က္ေလ ကြၽန္ေတာ္တို႔ေပ်ာ္ေလပဲမလား…

ကဲ…ဒါေလးက အနိမ့္အျမင့္ေလာကဓံေတြၾကားမွာ တည္ေဆာက္ရတဲ့ ေဘာလုံးေလာကအေၾကာင္းကိုတင္ဆက္ထားတာမို႔ေမာ္ရင္ဟိုပရိတ္သတ္ရယ္..စပါးပရိတ္သတ္ရယ္မွမဟုတ္..ေဘာလုံးပရိတ္သတ္ဆိုတာနဲ႔ ၾကည့္သင့္ေၾကာင္း ၫႊန္းဆိုပါရေစ။

mega.nz (Mega) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

disk.yandex.com (Disk Yandex) Small Size ~ Download

upstream.to (Up Stream) Large Size ~ Download

upstream.to (Up Stream) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *