All or Nothing: Tottenham Hotspur (2020)
19922၂၀၁၉-၂၀၂၀ ရာသီရဲ့ တော့တင်ဟမ်ဟော့စပါးအသင်းအကြောင်းကို အတွင်းအပြင်အကုန်မြင်နိုင်မယ့် Documentry Series ပါ။ အပိုင်း (၉) ပိုင်းပါပါတယ်။ Tom Hardy က နောက်ခံစကားပြော Narrator အဖြစ်တင်ဆက်ထားပါတယ်။
မော်ရင်ဟိုပါမယ်…အသင်းပိုင်ရှင် လီဗီပါမယ်…ပိုချက်တီနိုပါမယ်…ကိန်းနဲ့ဆွန်ဟောင်မင်တို့လို Icon ကစားသမားတွေအပြင် စပါးအသင်းရဲ့အသင်းသားတွေအကုန်ပါမယ်…အနိုင် အရှုံး လောကဓံတွေ ခြယ်မှုန်းထားတယ်။ကျွန်တော်တို့ နီးကပ်စွာမြင်ရမှာက မော်ရင်ဟိုအကြောင်း…ဒသနနဲ့ ဘောလုံးယူဆချက်တွေပါ…။
ပိုချက်တီနိုထွက်ခွာပြီး မော်ရင်ဟိုနည်းပြဖြစ်လာတဲ့ ပထမဆုံးအချိန်တွေကစလို့ တင်ဆက်ထားလို့ဉရောပအင်အားကြီးဘောလုံးအသင်းတစ်သင်းရဲ့ နည်းပြခန့်အပ်မှု လုပ်ဆောင်ချက်တွေ
ဖွဲ့စည်းပုံတွေ တာဝန်ပေးအပ်မှုကိုပါ အသေးစိတ်နီးပါးမြင်ရမှာပါ။
လှုပ်ရှားမှုတိုင်းကို အနီးကပ်လိုက်ပါ ရိုက်ကူးထားလို့ စပါးအသင်းရဲ့ ကွင်းတွင်း ကွင်းပြင် အဝတ်လဲခန်းထဲက ဆက်နွယ်မှုတွေကို တွေ့မြင်ရမှာပါ.မော်ရင်ဟိုနဲ့အင်တာဗျူးတော့ ကျွန်တော့်ကို လူတွေက ဒီလူကမပြုံးတတ်ဘူး..
ခက်ထန်တယ်..ပြောကြတယ်..တကယ်ကအမြင်သက်သက်ပါပဲတဲ့…ဒါဆိုအမှန်ကရောဆိုတော့…မော်ရင်ဟိုကပြုံးတယ်…အဲ့လိုပြောတဲ့ထဲမှာ အမှန်နည်းနည်းတော့ ပါတာပေါ့တဲ့…ပြီးတော့ထရယ်ပါလေရော။ဘောလုံးအသင်းတွေကိုသာ ကျွန်တော်တို့အားပေးနေကြတာ သူတို့ရဲ့တည်ဆောက်မှုတွေကို တစ်ခါမှမမြင်ဖူးကြဘူးလေ
ခု Documentary မှာတော့ တော်တော်ပြည့်စုံရအောင်ကိုမြင်ရတယ်…နည်းပြနဲ့ အသင်းသား အပြန်အလှန်သက်ရောက်မှုတွေကအစပေါ့…စကားပြောရင် ခပ်မြင့်မြင့်က စတိုင်မိမိ ပြောတတ်တဲ့မော်ရင်ဟိုကို မြင်ရတာလဲ အရသာတစ်ခုပါ…
နည်းပြဟောင်း ပိုချက်တီနိုဟာ စပါးအသင်းကို ချန်ပီယံလိဂ်ဖိုင်နယ်ထိပို့ဆောင်နိုင်ခဲ့ပေမယ့်နောက်ရာသီမှာ ရလဒ်တွေ ကျဆင်းလာတာနဲ့ အထုတ်ခံလိုက်ရပါတယ်..မော်ဒန်ဘောလုံးလောကဟာ အောင်မြင်မှုကြီးမားသလို အမှားလဲမခံကြပါဘူး…
ဒီလိုအချိန်မှာ မန်ယူအသင်းကနေ ထုတ်ခံထားရတဲ့ မော်ရင်ဟိုက စပါးအသင်းကို ရောက်လာတဲ့အခါ ဘယ်လိုတွေရှေ့ဆက်ကြမလဲ…အခုမြင်နေရတဲ့ ကိန်း-ဆွန် တိုက်စစ်အတွဲကို သူဘယ်လိုပုံဖော်ခဲ့သလဲ..အသင်းသားတွေအပေါ် လွှမ်းမိုးဖို့ ဘာတွေလုပ်ခဲ့လဲ…
ဒီ Documentary ကို Amazon Prime က တင်ဆက်ထားတာဖြစ်ပြီး ရိုက်ကူးစဉ်က ကင်မရာတွေနေရာတိုင်းရောက်နေလို့မော်ရင်ဟိုကတော့ စိတ်ကသိကအောင့်ဖြစ်ရကြောင်းပြောဖူးပါတယ်…သူစိတ်ပျက်လေ ကျွန်တော်တို့ပျော်လေပဲမလား…
ကဲ…ဒါလေးက အနိမ့်အမြင့်လောကဓံတွေကြားမှာ တည်ဆောက်ရတဲ့ ဘောလုံးလောကအကြောင်းကိုတင်ဆက်ထားတာမို့မော်ရင်ဟိုပရိတ်သတ်ရယ်..စပါးပရိတ်သတ်ရယ်မှမဟုတ်..ဘောလုံးပရိတ်သတ်ဆိုတာနဲ့ ကြည့်သင့်ကြောင်း ညွှန်းဆိုပါရစေ။
Zawgyi
၂၀၁၉-၂၀၂၀ ရာသီရဲ႕ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအေၾကာင္းကို အတြင္းအျပင္အကုန္ျမင္ႏိုင္မယ့္ Documentry Series ပါ။ အပိုင္း (၉) ပိုင္းပါပါတယ္။ Tom Hardy က ေနာက္ခံစကားေျပာ Narrator အျဖစ္တင္ဆက္ထားပါတယ္။
ေမာ္ရင္ဟိုပါမယ္…အသင္းပိုင္ရွင္ လီဗီပါမယ္…ပိုခ်က္တီႏိုပါမယ္…ကိန္းနဲ႔ဆြန္ေဟာင္မင္တို႔လို Icon ကစားသမားေတြအျပင္ စပါးအသင္းရဲ႕အသင္းသားေတြအကုန္ပါမယ္…အႏိုင္ အရႈံး ေလာကဓံေတြ ျခယ္မႈန္းထားတယ္။ကြၽန္ေတာ္တို႔ နီးကပ္စြာျမင္ရမွာက ေမာ္ရင္ဟိုအေၾကာင္း…ဒသနနဲ႔ ေဘာလုံးယူဆခ်က္ေတြပါ…။
ပိုခ်က္တီႏိုထြက္ခြာၿပီး ေမာ္ရင္ဟိုနည္းျပျဖစ္လာတဲ့ ပထမဆုံးအခ်ိန္ေတြကစလို႔ တင္ဆက္ထားလို႔ဉေရာပအင္အားႀကီးေဘာလုံးအသင္းတစ္သင္းရဲ႕ နည္းျပခန႔္အပ္မႈ လုပ္ေဆာင္ခ်က္ေတြ
ဖြဲ႕စည္းပုံေတြ တာဝန္ေပးအပ္မႈကိုပါ အေသးစိတ္နီးပါးျမင္ရမွာပါ။
လႈပ္ရွားမႈတိုင္းကို အနီးကပ္လိုက္ပါ ႐ိုက္ကူးထားလို႔ စပါးအသင္းရဲ႕ ကြင္းတြင္း ကြင္းျပင္ အဝတ္လဲခန္းထဲက ဆက္ႏြယ္မႈေတြကို ေတြ႕ျမင္ရမွာပါ.ေမာ္ရင္ဟိုနဲ႔အင္တာဗ်ဴးေတာ့ ကြၽန္ေတာ့္ကို လူေတြက ဒီလူကမၿပဳံးတတ္ဘူး..
ခက္ထန္တယ္..ေျပာၾကတယ္..တကယ္ကအျမင္သက္သက္ပါပဲတဲ့…ဒါဆိုအမွန္ကေရာဆိုေတာ့…ေမာ္ရင္ဟိုကၿပဳံးတယ္…အဲ့လိုေျပာတဲ့ထဲမွာ အမွန္နည္းနည္းေတာ့ ပါတာေပါ့တဲ့…ၿပီးေတာ့ထရယ္ပါေလေရာ။ေဘာလုံးအသင္းေတြကိုသာ ကြၽန္ေတာ္တို႔အားေပးေနၾကတာ သူတို႔ရဲ႕တည္ေဆာက္မႈေတြကို တစ္ခါမွမျမင္ဖူးၾကဘူးေလ
ခု Documentary မွာေတာ့ ေတာ္ေတာ္ျပည့္စုံရေအာင္ကိုျမင္ရတယ္…နည္းျပနဲ႔ အသင္းသား အျပန္အလွန္သက္ေရာက္မႈေတြကအစေပါ့…စကားေျပာရင္ ခပ္ျမင့္ျမင့္က စတိုင္မိမိ ေျပာတတ္တဲ့ေမာ္ရင္ဟိုကို ျမင္ရတာလဲ အရသာတစ္ခုပါ…
နည္းျပေဟာင္း ပိုခ်က္တီႏိုဟာ စပါးအသင္းကို ခ်န္ပီယံလိဂ္ဖိုင္နယ္ထိပို႔ေဆာင္ႏိုင္ခဲ့ေပမယ့္ေနာက္ရာသီမွာ ရလဒ္ေတြ က်ဆင္းလာတာနဲ႔ အထုတ္ခံလိုက္ရပါတယ္..ေမာ္ဒန္ေဘာလုံးေလာကဟာ ေအာင္ျမင္မႈႀကီးမားသလို အမွားလဲမခံၾကပါဘူး…
ဒီလိုအခ်ိန္မွာ မန္ယူအသင္းကေန ထုတ္ခံထားရတဲ့ ေမာ္ရင္ဟိုက စပါးအသင္းကို ေရာက္လာတဲ့အခါ ဘယ္လိုေတြေရွ႕ဆက္ၾကမလဲ…အခုျမင္ေနရတဲ့ ကိန္း-ဆြန္ တိုက္စစ္အတြဲကို သူဘယ္လိုပုံေဖာ္ခဲ့သလဲ..အသင္းသားေတြအေပၚ လႊမ္းမိုးဖို႔ ဘာေတြလုပ္ခဲ့လဲ…
ဒီ Documentary ကို Amazon Prime က တင္ဆက္ထားတာျဖစ္ၿပီး ႐ိုက္ကူးစဥ္က ကင္မရာေတြေနရာတိုင္းေရာက္ေနလို႔ေမာ္ရင္ဟိုကေတာ့ စိတ္ကသိကေအာင့္ျဖစ္ရေၾကာင္းေျပာဖူးပါတယ္…သူစိတ္ပ်က္ေလ ကြၽန္ေတာ္တို႔ေပ်ာ္ေလပဲမလား…
ကဲ…ဒါေလးက အနိမ့္အျမင့္ေလာကဓံေတြၾကားမွာ တည္ေဆာက္ရတဲ့ ေဘာလုံးေလာကအေၾကာင္းကိုတင္ဆက္ထားတာမို႔ေမာ္ရင္ဟိုပရိတ္သတ္ရယ္..စပါးပရိတ္သတ္ရယ္မွမဟုတ္..ေဘာလုံးပရိတ္သတ္ဆိုတာနဲ႔ ၾကည့္သင့္ေၾကာင္း ၫႊန္းဆိုပါရေစ။


(Megaup.net) Large Size ~ Download
(Yoteshin) Large Size ~ Download