Amulet (2020)
19798ဒီဇာတ်လမ်းကတော့ ဇူလိုင်လ ၂၄ ရက်နေ့ကထွက်ထားတဲ့ ကား တစ်ကားဖြစ်ပါတယ်ဇာတ်ကားနာမည်က Amulet ပါAmulet ဆိုတာက အဆောင် လက်ဖွဲ့ ပစ္စည်းတစ်ခုခုကိုပြောချင်တာဖြစ်ပါတယ်
တချို့အဆောင်လက်ဖွဲ့တွေက သိမ်းထားရင် ဘေးရန်ကင်းတယ်လို့ တချို့ကတော့ဘေးဖြစ်စေတယ်လို့ ယူဆကြတတ်ကြပါတယ်ဒီဇာတ်ကားမှာလည်း အဆောင်လက်ဖွဲ့လေးတစ်ခုကိုရပြီးတော့ ထူးထူးဆန်းဆန်းတွေ ကြုံရတာကို ရိုက်ထားတာပါ
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တိုးမက်ဇ် လို့ခေါ်တဲ့ စစ်သားတစ်ဉီး ရှိပါတယ်သူက အကျင့်စာရိတ္တလည်း မကောင်းပါဘူးသူ တာဝန်ထမ်းဆောင်နေဆဲကာလမှာ ဆိုးရွားတဲ့ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့တယ် ပြီးတော့သူအဆောင် လက်ဖွဲ့တစ်ခုကို တောထဲမှာ ရှာတွေ့ခဲ့ပါတယ်အဲ့ဒီ့လက်ဖွဲ့ကလေးရပြီးတဲ့နောက် သူထူးထူးဆန်းဆန်းတွေနဲ့ပဲ ကြုံရပါတော့တယ်
တစ်နေ့ သူမေ့လဲသွားပြီး မြို့က ဆေးရုံကို ရောက်သွားခဲ့ပါတယ်အဲ့ဒီနောက် စစ်စတာ တစ်ယောက်နဲ့ အဆက်အသွယ်ရပြီးတော့မြို့က အကူညီလိုအပ်နေတဲ့ မက်ဂဒါလို့ခေါ်တဲ့အမျိုးသမီးအိမ် ကို သွားပြီးတော့ အိမ်အလုပ်တွေ ကူလုပ်ရင်း နေခဲ့ပါတယ်မက်ဂဒါ ရဲ့ အမေက မူမမှန်ပါဘူး ဒါကို အစတည်းက တိုးမက်ဇ်က ရိပ်မိပါတယ်
ဒါပေမယ့်အမေဖြစ်သူကိုတော့ သူ မမြင်ဖူးခဲ့ပါဘူးဒီအိမ်ကိုစရောက်တဲ့နေ့ကစပြီးတော့ တိုးမက်ဇ်ဟာထူးဆန်းတာတွေ တစ်ခုပြီးတစ်ခုကြုံလာရပါတော့တယ်အိမ်ကနေ ဘယ်လိုပဲထွက်သွားဖို့ကြိုးစားကြိုးစားသူ ထွက်မသွားနိုင်ခဲ့ပါဘူး ဘာကြောင့်ဒီလိုတွေဖြစ်လာတာလဲဘယ်လိုမျိုးအဆုံးသတ်သွားမှာလဲဆိုတာကိုတော့ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်
တစ်ခုရှိတာက ဒီဇာတ်ကားက ယခု လက်ရှိ တိုးမက်ဇ် ကိုပြလိုက် အတိတ်က တိုးမက်ဇ်ကို ပြလိုက် Timeline နှစ်ခုကိုယှဉ်ပြထားသလို ပုံစံ နည်းနည်းတော့ ပေါက်နေပါတယ်ကြည့်တဲ့သူတွေအနေနဲ့ ခေါင်းရှုပ်နေမှာစိုးတဲ့အတွက်ဒါကိုတော့ ကြိုပြောလိုက်တာဖြစ်ပါတယ်
နောက်ဆက်တွဲဘာတွေဖြစ်လာလဲ ဆိုတာကစိတ်ဝင်စားစရာကောင်းတာမလို့Horror ကား ကြိုက်တဲ့သူတွေတော့သဘောကျမယ်ထင်ပါတယ်
Zawgyi

(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download