Another Round (2020)

14410
Share
Copy the link

ကြည့်ပါများလို့သတိထားမိသလောက်ပြောရရင် လူကြိုက်များလို့ကောင်းတယ်သတ်မှတ်ခံရတာ မဟုတ်ဘဲတကယ်ကောင်းတဲ့ ရုပ်ရှင်အကုန်လုံးနီးပါးမှာတူညီတာတစ်ခုရှိပါတယ်။ ရုပ်ရှင်ရိုက်နေပေမဲ့ရုပ်ရှင်မဆန်တဲ့ အချက်ပါပဲ။ဒီလိုရုပ်ရှင်တွေထဲကဇာတ်ကောင်တွေဟာ လူသိပ်ဆန်ပါတယ်။

မကြီးကျယ်ဘူး မမြင့်မြတ်ဘူး။လုပ်ချင်တာလုပ်နေကြတဲ့လူတွေပါပဲ။အထူးသဖြင့် အရှေ့တိုင်းရဲ့ ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်တွေဟာ ရေနီးမြေနီးဓလေ့နီးတဲ့ ကျွန်တော်တို့ရင်ထဲကို ၀င်လွယ်ပါတယ်။အနောက်တိုင်းဘက်မှာတော့ ဘုံတူညီမှုတစ်ခုကိုသာ မကြည့်ဘဲတစ်ကားလုံးချုံကြည့်ရရင် အရှေ့တိုင်းရုပ်ရှင်ထက်နည်းနည်းရင်ထဲ၀င်ဖို့ခဲပါတယ်။

ဒီလို၀င်နိုင်တဲ့ကားက မရှားပေမယ့် မများလှပါဘူး။အခုဒီဒိန်းမတ်ရုပ်ရှင်က ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ အရက်သမားတစ်အုပ်အကြောင်းပါပဲ။သူတို့မှာဖော်ပြပါအရည်အသွေးအပြည့်ရှိပါတယ်။ဇာတ်အိမ်ကတော့…သက်လတ်ပိုင်းကျောင်းဆရာတစ်စုနဲ့ သူတို့ရဲ့သက်လတ်ပိုင်းမပြေလည်မှုတစ်ချို့ပေါ်တည်ထားပါတယ်။

သူတို့စကားအတိုင်းပြောရရင်လူ့ခန္ဓာကိုယ်မှာ မွေးကတည်းက အယ်ကိုဟော 0.05%ပါပါတယ်။ပြောရရင် ဒီအယ်ကိုဟောနှုန်းကိုထိန်းထားခြင်းက စိတ်နဲ့ခန္ဓာ ကျန်းမာရေးအတွက်ကောင်းတယ်Createive ပိုဖြစ် Realxပိုဖြစ်တယ်ပေါ့ဗျာ။

ဒီတော့ အရက်ကိုကျန်းမာရေးအတွက် စသောက်ဖြစ်ရာကနေ ဘယ်လိုတွေအထိန်းအကွပ်မဲ့သည့်တိုင် ဖြစ်သွားလဲဆိုတာကို ပြထားတယ်လို့ပဲ အကျဉ်းဆိုရမယ်။သဘောကျစရာကောင်းတာက သူတို့မူးပြီးသောင်းကြမ်းကြတဲ့အခန်းတွေကအရိုးရဲ့ယိုင်တိုင်ယိုင်တိုင်မဟာပုရိသသီချင်းကို ဒိန်းမတ်စတိုင်သရုပ်ဖော်ထားသလိုပါပဲကျွန်တော်တော့ကြည့်နေရင်း အရိုးသီချင်းပဲပြေးမြင်တယ်။

ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မသိပေမယ့်ကျွန်တော့်ပတ်၀န်းကျင်က လူတွေအတော်များများကတော့သက်လတ်ပိုင်းစိတ်ဓာတ်ကျဆင်းမှုနဲ့အတူအရက်သမားဖြစ်လာကြသူတွေများပါတယ်။ဒီနေရာမှာ ဒီရုပ်ရှင်ဟာ realisticဖြစ်ဖို့ဘက်ကို စကတည်းကဦးတည်ထားတာသိသာပါတယ်။

ကျောင်းဆရာတွေရဲ့ စရိုက်ကိုပုံဖော်ပုံကလည်းပုံဖော်ပုံလဲထိုနည်း၎င်းပါပဲ။ဒါရိုက်တာကတော့ The Huntတို့ Celebrationတို့လို ဒရာမာကားကောင်းတွေရိုက်ထားတဲ့ Thomas Vinterbergပါ။

မင်းသား ဒါရိုက်တာ ဘာမှပြောစရာမရှိပေမယ့် ရုပ်ရှင်မဆန်တာလွန်သွားလို့ပဲလားတော့မသိပါဘူးCinematography ပိုင်းမှာတော့ သာမန်အမြင်အရ ပြောလောက်စရာ ဘာမှမတွေ့မိပါဘူး။အော်စကာပွဲမှာ Best International Film ဆုအတွက်ဒိန်းမတ်ပြည်ရဲ့ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရထားပါတယ်အော်စကာရချင်ရမယ့် ရုပ်ရှင်ပါပဲ။

တစ်ခုရှိတာက ရုပ်ရှင်ရဲ့နာမည်ကိုက “Another round”ပါ။တစ်ကားလုံးအရက်ကိုပဲအဓိကထားရိုက်ပြထားတာပါ။ကျန်တာကောင်းတာဘာညာအသာထားအရက်နဲ့ပက်သက်တဲ့ ဗဟုသုတတိုးချင်ရင်တော့မိတ်ဆွေကြည့်ကိုကြည့်သင့်ပါတယ်။

တွေ့ကြုံဖူးသလောက်ဆို ကျွန်တော်တို့ထဲက အတော်များများကတော့လူလတ်ပိုင်းလောက်မှာ အရက်သမားဖြစ်မှန်းမသိဖြစ်လာကြမှာပါ။ဒီတော့ အဲ့ဒီကာလမရောက်ခင် ရှောင်ရန်ဆောင်ရန်သိရအောင်ကြိုကြည့်ထားသင့်တယ်လို့အကြံပေးချင်ပါတယ်။ဒိုင်တစ်ပေါက်က လျှမ်းလျှမ်းတောက်ပါတယ်။

Zawgyi

ၾကည့္ပါမ်ားလို႔သတိထားမိသေလာက္ေျပာရရင္ လူႀကိဳက္မ်ားလို႔ေကာင္းတယ္သတ္မွတ္ခံရတာ မဟုတ္ဘဲတကယ္ေကာင္းတဲ့ ႐ုပ္ရွင္အကုန္လုံးနီးပါးမွာတူညီတာတစ္ခုရွိပါတယ္။ ႐ုပ္ရွင္႐ိုက္ေနေပမဲ့႐ုပ္ရွင္မဆန္တဲ့ အခ်က္ပါပဲ။ဒီလို႐ုပ္ရွင္ေတြထဲကဇာတ္ေကာင္ေတြဟာ လူသိပ္ဆန္ပါတယ္။

မႀကီးက်ယ္ဘူး မျမင့္ျမတ္ဘူး။လုပ္ခ်င္တာလုပ္ေနၾကတဲ့လူေတြပါပဲ။အထူးသျဖင့္ အေရွ႕တိုင္းရဲ႕ ႐ုပ္ရွင္မဆန္တဲ့႐ုပ္ရွင္ေတြဟာ ေရနီးေျမနီးဓေလ့နီးတဲ့ ကြၽန္ေတာ္တို႔ရင္ထဲကို ၀င္လြယ္ပါတယ္။အေနာက္တိုင္းဘက္မွာေတာ့ ဘုံတူညီမႈတစ္ခုကိုသာ မၾကည့္ဘဲတစ္ကားလုံးခ်ဳံၾကည့္ရရင္ အေရွ႕တိုင္း႐ုပ္ရွင္ထက္နည္းနည္းရင္ထဲ၀င္ဖို႔ခဲပါတယ္။

ဒီလို၀င္ႏိုင္တဲ့ကားက မရွားေပမယ့္ မမ်ားလွပါဘူး။အခုဒီဒိန္းမတ္႐ုပ္ရွင္က ႐ုပ္ရွင္မဆန္တဲ့႐ုပ္ရွင္မ်ိဳးပါပဲ။ဒီ႐ုပ္ရွင္ဟာ အရက္သမားတစ္အုပ္အေၾကာင္းပါပဲ။သူတို႔မွာေဖာ္ျပပါအရည္အေသြးအျပည့္ရွိပါတယ္။ဇာတ္အိမ္ကေတာ့…သက္လတ္ပိုင္းေက်ာင္းဆရာတစ္စုနဲ႔ သူတို႔ရဲ႕သက္လတ္ပိုင္းမေျပလည္မႈတစ္ခ်ိဳ႕ေပၚတည္ထားပါတယ္။

သူတို႔စကားအတိုင္းေျပာရရင္လူ႔ခႏၶာကိုယ္မွာ ေမြးကတည္းက အယ္ကိုေဟာ 0.05%ပါပါတယ္။ေျပာရရင္ ဒီအယ္ကိုေဟာႏႈန္းကိုထိန္းထားျခင္းက စိတ္နဲ႔ခႏၶာ က်န္းမာေရးအတြက္ေကာင္းတယ္Createive ပိုျဖစ္ Realxပိုျဖစ္တယ္ေပါ့ဗ်ာ။

ဒီေတာ့ အရက္ကိုက်န္းမာေရးအတြက္ စေသာက္ျဖစ္ရာကေန ဘယ္လိုေတြအထိန္းအကြပ္မဲ့သည့္တိုင္ ျဖစ္သြားလဲဆိုတာကို ျပထားတယ္လို႔ပဲ အက်ဥ္းဆိုရမယ္။သေဘာက်စရာေကာင္းတာက သူတို႔မူးၿပီးေသာင္းၾကမ္းၾကတဲ့အခန္းေတြကအ႐ိုးရဲ႕ယိုင္တိုင္ယိုင္တိုင္မဟာပုရိသသီခ်င္းကို ဒိန္းမတ္စတိုင္သ႐ုပ္ေဖာ္ထားသလိုပါပဲကြၽန္ေတာ္ေတာ့ၾကည့္ေနရင္း အ႐ိုးသီခ်င္းပဲေျပးျမင္တယ္။

ခင္ဗ်ားတို႔ပတ္ဝန္းက်င္ေတာ့ မသိေပမယ့္ကြၽန္ေတာ့္ပတ္၀န္းက်င္က လူေတြအေတာ္မ်ားမ်ားကေတာ့သက္လတ္ပိုင္းစိတ္ဓာတ္က်ဆင္းမႈနဲ႔အတူအရက္သမားျဖစ္လာၾကသူေတြမ်ားပါတယ္။ဒီေနရာမွာ ဒီ႐ုပ္ရွင္ဟာ realisticျဖစ္ဖို႔ဘက္ကို စကတည္းကဦးတည္ထားတာသိသာပါတယ္။

ေက်ာင္းဆရာေတြရဲ႕ စ႐ိုက္ကိုပုံေဖာ္ပုံကလည္းပုံေဖာ္ပုံလဲထိုနည္း၎ပါပဲ။ဒါ႐ိုက္တာကေတာ့ The Huntတို႔ Celebrationတို႔လို ဒရာမာကားေကာင္းေတြ႐ိုက္ထားတဲ့ Thomas Vinterbergပါ။

မင္းသား ဒါ႐ိုက္တာ ဘာမွေျပာစရာမရွိေပမယ့္ ႐ုပ္ရွင္မဆန္တာလြန္သြားလို႔ပဲလားေတာ့မသိပါဘူးCinematography ပိုင္းမွာေတာ့ သာမန္အျမင္အရ ေျပာေလာက္စရာ ဘာမွမေတြ႕မိပါဘူး။ေအာ္စကာပြဲမွာ Best International Film ဆုအတြက္ဒိန္းမတ္ျပည္ရဲ႕ ကိုယ္စားျပဳ ယွဥ္ၿပိဳင္ခြင့္ရထားပါတယ္ေအာ္စကာရခ်င္ရမယ့္ ႐ုပ္ရွင္ပါပဲ။

တစ္ခုရွိတာက ႐ုပ္ရွင္ရဲ႕နာမည္ကိုက “Another round”ပါ။တစ္ကားလုံးအရက္ကိုပဲအဓိကထား႐ိုက္ျပထားတာပါ။က်န္တာေကာင္းတာဘာညာအသာထားအရက္နဲ႔ပက္သက္တဲ့ ဗဟုသုတတိုးခ်င္ရင္ေတာ့မိတ္ေဆြၾကည့္ကိုၾကည့္သင့္ပါတယ္။

ေတြ႕ႀကဳံဖူးသေလာက္ဆို ကြၽန္ေတာ္တို႔ထဲက အေတာ္မ်ားမ်ားကေတာ့လူလတ္ပိုင္းေလာက္မွာ အရက္သမားျဖစ္မွန္းမသိျဖစ္လာၾကမွာပါ။ဒီေတာ့ အဲ့ဒီကာလမေရာက္ခင္ ေရွာင္ရန္ေဆာင္ရန္သိရေအာင္ႀကိဳၾကည့္ထားသင့္တယ္လို႔အႀကံေပးခ်င္ပါတယ္။ဒိုင္တစ္ေပါက္က လွ်မ္းလွ်မ္းေတာက္ပါတယ္။

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *