Are You Human Too? Episode 09 & 10

11357
Share
Copy the link

Science fiction ကားတွေကို နှစ်သက်တဲ့ ပရိသတ်တွေအတွက်ရော ro မှ ro တစ်လိုင်းဆိုတဲ့ ပရိသတ်တွေအတွက်ရော အားလုံးစောင့်မျှော်နေတဲ့ Are U Human Too…..ဆိုတဲ့ K Drama လေးကို တင်ဆက်ပေးလိုက်တယ်နော်…

ချမ်းသာတဲ့ သူဌေးကြီးရဲ့ မြေးဖြစ်တဲ့ နမ်ရှင်းဟာ PK Group ရဲ့ အမွေဆက်ခံသူဖြစ်ပြီး အဖိုးရဲ့ခြိမ်းခြောက်မှုကြောင့် ၇နှစ်အရွယ်ကတည်းက မိခင်ဖြစ်သူနဲ့ ခွဲနေရတဲ့သူပါ။နမ်ရှင်းရဲ့မိခင်ဖြစ်တဲ့ Oh Ro Ra ဟာ စက်ရုပ်ပိုင်းဆိုင်ရာ လူသားမှတ်ဉာဏ်တုပြုလုပ်တဲ့ ပညာရှင်တစ်ဦးဖြစ်ပြီး နိုင်ငံခြားမှာနေရပေမယ့် သားဖြစ်သူနဲ့ ရုပ်ပုံစံတူ နမ်ရှင်း 1 နဲ့ နမ်ရှင်း 2 AI စက်ရုပ်တွေပြုလုပ်ပြီး သားကိုအလွမ်းဖြေနေရသူဖြစ်ပါတယ်။မိခင်ကိုရှာဖို့ ချက်ကိုစလိုဗားကီးယားနိုင်ငံကိုသွားတဲ့နမ်ရှင်း တစ်ယောက် ကားအက်ဆီးဒင့်ဖြစ်ပြီး Coma ဖြစ်သွားတဲ့အခါမှာတော့ မိခင် Oh Ro Ra ဟာ သားရဲ့အမွေဆက်ခံသူနေရာ မပျောက်ပျက်ရေးအတွက် သားနဲ့ပုံစံတူ နမ်ရှင်း 3 စက်ရုပ်ကိုတီထွင်ပြီး လူသား နမ်ရှင်း ကြောင့်အလုပ်ပြုတ်ခဲ့ရတဲ့ ကန်ဆိုဘုံးဟာ စက်ရုပ် နမ်ရှင်း3ရဲ့ သက်တော်စောင့်ဖြစ်လာခဲ့ပါတယ်။

စက်ရုပ်ကောင်လေးဖြစ်တဲ့ နမ်ရှင်း 3တစ်ယောက် ကြင်နာတတ်တဲ့ ဂန်ဆိုဘုံးရဲ့အနားမှာ လူသားဆန်တဲ့အပြုအမူတွေကိုဘယ်လိုတွေသင်ကြားပေးမလဲ….? သူတို့နှစ်ယောက်အနေနီးရာကနေ ခံစားချက်တွေဖြစ်လာခဲ့ပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်လာမလဲ ……? ဆိုတာကတော့ ဒီ series လေးမှာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။သူဌေးသားလေး နမ်ရှင်း အဖြစ်ရော စက်ရုပ် နမ်ရှင်း 3 အဖြစ်ရော Seo Kang Joon ကသရုပ်ဆောင်ထားပြီးသက်တော်စောင့်မလေး ဂန်ဆိုဘုံးအဖြစ် Gong Seung Yeon က တွဲဖက်သရုပ်ဆောင်ထားတာပါ။နမ်ရှင်းရဲ့ သူငယ်ချင်းလဲဖြစ် အတွင်းရေးမှူးလဲဖြစ်တဲ့ Ji Young Hoonအဖြစ် lee Joon Hyuk နဲ့PK group ဒါရိုက်တာတစ်ဦးရဲ့ သမီးဖြစ်သူ နမ်ရှင်းရဲ့ ဇနီးလောင်း Seo Ye-na အဖြစ် Park Hwan-hee တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

megaup.net (Megaup.net) Large Size ~ Download

uptobox.com (Uptobox) Large Size ~ Download

datbu.com (Datbu) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *