Armour of God (1986)
19010အခုတစ်ခါတော့ အဟောင်းထဲက အကောင်းလေး တစ်ခုဖြစ်တဲ့ ဂျက်ကီချန်းရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ1986 ခုနှစ်မှာ ထွက်ခဲ့တဲ့ Armour of God ပထမဆုံးဇာတ်ကားလေးပါ
ဇာတ်လမ်းအကျဉ်းလေးနဲ့ အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ် ခရစ်တော်မပေါ် တစ်ချိန်က မကောင်းဆိုးဝါးဂိုဏ်းတွေ လောကကြီးကို ကြီးစိုးဖို့ ကြိုးစားကြပါတယ်သူကောင်းတွေက ဒီလိုမကောင်းဆိုးဝါးတွေကို တိုက်ပွဲဆင်နွှဲပြီး နောက်ဆုံးမှာ အနိုင်ယူခဲ့ပါတယ်
အဲလိုတိုက်ပွဲမှာ သုံးခဲ့တဲ့ ဓားကို နတ်ဓားလို့ ခေါ်ဝေါ်ကြပါတယ်ကမ္ဘပေါ်မှာ နတ်ဓားစုစုပေါင်း ၅ ချောင်း ရှိနေပါတယ်ဂျက်ကီချန်းက ၃ ချောင်းကို ရှာဖွေတွေ့ရှိပြီး ရောင်းစားထားပါတယ်အဲအချိန်မှာမကောင်းဆိုးဝါးဂိုဏ်းတစ်ခု ပေါ်ပေါက်နေပါတယ်ဒီဓားတွေကို အရယူပြီး ဖျက်စီးလိုက်နိုင်ရင် သူတို့ဘာသာသာသနာဟာ တည်တံ့ခိုင်မြဲပြီး သာယာဝပြောလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်
ဒါကြောင့် နတ်ဓားတွေကို ရအောင်ယူနိုင်မယ့် ဂျက်ကီချန်းကို ပိုက်ဆံမပေးဘဲ ခိုင်းနိုင်ဖို့ရာ ဂျက်ကီ့ရဲ့ ငယ်ချစ်ဟောင်း လော်ရာကို ပြန်ပေးဆွဲကြပါတယ်ဂျက်ကီ့သူငယ်ချင်း အယ်လန်ဟာ လော်ရာ့အချစ်ကို ပိုင်ဆိုင်ထားပေမဲ့ ဒီကိစ္စမျိုးမှာတော့ ဂျက်ကီ့အကူအညီ လိုလာပါတော့တယ်
ဂျက်ကီဟာ သူ့သူငယ်ချင်း ဒုက္ခရောက်မယ့်အရေးကို မျက်ကွယ်မပြုနိုင်တာကြောင့်ရောင်းပြီးသား နတ်ဓား ၃ ချောင်းကို ပြန်ရအောင် ယူပေးရပါတော့တယ်သူတို့ လော်ရာ့ကို ကယ်ဖို့ ဘယ်လိုကြိုးစားကြလဲဆိုတာကိုဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသလေးတွေ ရိုက်ပြထားလို့ခပ်သွက်သွက်ကွန်ဖူးကားကောင်းတစ်ကားကို ကြည့်ရှုရမှာ ဖြစ်ပါတယ်
Zawgyi


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Up Stream) Large Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download