Ashes of Time (1994)

19118
Share
Copy the link

ခမ်းနားကြီးကျယ်မှုတွေဟာလည်း အချိန်ကာလရဲ့ တိုက်စားမှုတွေထဲ လွင့်ပျောက်ပျက်ပြယ်ကြရတာပါပဲ။အချိန်စီးကြောင်းတွေကြား လွင့်မျောပျက်ပြယ်နေကြတဲ့ ပြာမှုန်တွေထဲ အခမ်းနားဆုံးလူသားတွေလည်းမလွတ်ကင်းခဲ့ပါဘူး။

ဒီရုပ်ရှင်မှာ တရုတ်ပြည်ရဲ့ နာမည်ကျော် Art House Directors ဝေါင်ကာဝေးဟာလွင့်ပြယ်ခဲ့ပြီးသား နာမည်ကျော်တွေရဲ့ အတိတ်ဆီ ကျွန်တော်တို့ကို ပြန်ခေါ်သွားမှာပါ။

ကျင်းယုံရဲ့ သူရဲကောင်းတို့ရဲ့ဒဏ္ဍာရီ ဝါမက်မွန်မြေကချစ်တေးတစ်ပုဒ်လို့ လူသိများတဲ့ The Legend of the Condor Heroesကဇာတ်ကောင်တွေကို ကျောရိုးယူထားတဲ့အတွက် မကြည့်ရသေးခင်ကတည်းက ရင်းနှီးနေမှာပါပဲ။ဒီရုပ်ရှင်ဟာTimelineအရတော့ တိမ်လွှာနဂါးသူရဲကောင်းများနဲ့ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီတို့ကြား မရှေးမနှောင်းကာလလောက်မှာပါ။

သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီမှာ ပြောပဲပြောပြီးမပြခဲ့တဲ့ လက်ကိုးချောင်းဖုန်းစားဂိုဏ်းချုပ်ဟုန်ချီကုန်းရဲ့ လက်တစ်ချောင်းပြတ်ခဲ့ရတဲ့အကြောင်း၊ဓားမကိုင်ရတဲ့ အကြောင်း၊အိုးရန်ဖုန်နဲ့ သူ့မရီးကြားကဖြစ်ရပ်၊ ဟွမ် မက်မွန်ကျွန်းသခင်ဟွမ် မက်မွန်ကျွန်းသခင် ဖြစ်လာရတဲ့အကြောင်းအရင်းတို့ကို။ရိုက်ပြသွားပါတယ်။

အရှေ့ပိုင်းထိပ်သီး မက်မွန်ကျွန်းသခင်ဟွမ် အနောက်ပိုင်းထိပ်သီး အဆိပ်ဘုရင် အိုးရန်ုဖုန်း မြောက်ပိုင်းထိပ်သီးသူတောင်းစားဂိုဏ်ချုပ် ဟုန်ချီကုန်း တို့ရဲ့ ဆက်ဆံရေးကို အနုပညာအမြောက်ဆုံး တင်ဆက်သွားပါသေးတယ်။

မုယုံယင် ဝါ မုယုံယန်ကနေ တုကူးချိုပိုက်အဖြစ် ပြောင်းသွားတဲ့ ပြိုင်ဘက်မရှိတော့လို့ ငြီးငွေ့နေတဲ့ ရန်ကော်ရဲ့ဓားနဲ့သိမ်းငှက်ပိုင်ရှင် တုကူးချိုပိုက်ရဲ့ Originကလည်း အတော်စိတ်၀င်စားစရာပါ။

ဒီရုပ်ရှင်ဟာ အိုးရန်ဖုန်းကိုခြေပြုပြီးကျန်တဲ့ထိပ်သီးတွေအကြောင်းကို Act5ခုခွဲပြီးပြသွားပေမယ့် ဒီထဲက သိုင်းအကျော်အမော်ကြီးတွေအားလုံးဟာကျွန်တော်တို့သိဖူးတဲ့ သူတို့အကြောင်းတွေလို ပြိုင်ဘက်ကင်းဖြစ်နေတဲ့ အချိန်မှာမဟုတ်ပါဘူး။ကစဉ့်ကလျားဘ၀ကို သူတို့ဘာသာပြန်တည်ဆောက်နေကြတဲ့ ဝါနုသိုင်းသမားပေါက်စလေးတွေဖြစ်နေတဲ့ အချိန်မှာပါ။

ဒီထဲက ဟုန်ချီကုန်းဆို ချောင်ဖုန်းနဲ့တောင် မတွေ့ရသေးသလို သူတောင်းစားဂိုဏ်၀င်လည်းမဟုတ်သေးပါဘူး။တုကူးချိုပိုက် ကျော်ကြားပြီး နှစ်နည်းနည်းခြားပြီးမှ သူတို့ကထိပ်သီးတွေဖြစ်လာတဲ့အတွက် ဒီရုပ်ရှင်ကနေဆိုသူတို့လမ်းအရှည်ကြီးလျှောက်ကြရဦးမှာပါ။

တိုနီလောင်ချုဝေရဲ့ ဇာတ်ကောင် မျက်မမြင်သိုင်းသမားကတော့ ကျင်းယုံဇာတ်လမ်းတွေမှာ မပါဘူးထင်ပါတယ်။ သတိမထားမိတာလည်းဖြစ်ချင်ဖြစ်ပါမယ်။ သို့ပေမယ့် ဒီဇာကောင်ကအထူးခြားဆုံးဇာတ်ကောင်ပါပဲ။

တစ်ချို့သူတွေကတော့မခမ်းနားသေးခင်မှာပဲ အချိန်ကာလထဲပျက်ပြယ် ကြရတာပဲမဟုတ်လား။Ashes of Timeဟာ ဝေါင်ကာဝေး ရုပ်ရှင်ပီသစွာပဲ ဒိုင်ယာလော့ပိုင်းနဲ့ ရုပ်ရှင်ဓာတ်ပုံပညာအပိုင်းမှာ အတော်လေးလှပပါတယ်။ တရုတ်ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးဒါရိုက်တာဆုနဲ့ ရုပ်ရှင်ဓာတ်ပုံပညာတွေကိုလည်း ရထားပါတယ်။

Ashes of Timeဟာ လှပတယ် စိတ္တဇဆန်တယ် လျှို့ဝှက်ချက်များတယ်။ ကန္တာရထဲမှာ လောင်ကျွမ်းနေကြတဲ့သူတွေရှိတယ်။ဆန္ဒထဲမှာ လောင်ကျွမ်းနေကြတဲ့သူတွေရှိတယ်။ သူတို့က ဘာမဟုတ်ခဲ့ကြတဲ့ လူသားကလေးတွေပါပဲ။ သူတို့က ဒဏ္ဍာရီတွေလည်း ဖြစ်ခဲ့ကြတယ်။

Zawgyi

ခမ္းနားႀကီးက်ယ္မႈေတြဟာလည္း အခ်ိန္ကာလရဲ႕ တိုက္စားမႈေတြထဲ လြင့္ေပ်ာက္ပ်က္ျပယ္ၾကရတာပါပဲ။အခ်ိန္စီးေၾကာင္းေတြၾကား လြင့္ေမ်ာပ်က္ျပယ္ေနၾကတဲ့ ျပာမႈန္ေတြထဲ အခမ္းနားဆုံးလူသားေတြလည္းမလြတ္ကင္းခဲ့ပါဘူး။

ဒီ႐ုပ္ရွင္မွာ တ႐ုတ္ျပည္ရဲ႕ နာမည္ေက်ာ္ Art House Directors ေဝါင္ကာေဝးဟာလြင့္ျပယ္ခဲ့ၿပီးသား နာမည္ေက်ာ္ေတြရဲ႕ အတိတ္ဆီ ကြၽန္ေတာ္တို႔ကို ျပန္ေခၚသြားမွာပါ။

က်င္းယုံရဲ႕ သူရဲေကာင္းတို႔ရဲ႕ဒ႑ာရီ ဝါမက္မြန္ေျမကခ်စ္ေတးတစ္ပုဒ္လို႔ လူသိမ်ားတဲ့ The Legend of the Condor Heroesကဇာတ္ေကာင္ေတြကို ေက်ာ႐ိုးယူထားတဲ့အတြက္ မၾကည့္ရေသးခင္ကတည္းက ရင္းႏွီးေနမွာပါပဲ။ဒီ႐ုပ္ရွင္ဟာTimelineအရေတာ့ တိမ္လႊာနဂါးသူရဲေကာင္းမ်ားနဲ႔ သူရဲေကာင္းတို႔ရဲ႕ ဒ႑ာရီတို႔ၾကား မေရွးမေႏွာင္းကာလေလာက္မွာပါ။

သူရဲေကာင္းတို႔ရဲ႕ ဒ႑ာရီမွာ ေျပာပဲေျပာၿပီးမျပခဲ့တဲ့ လက္ကိုးေခ်ာင္းဖုန္းစားဂိုဏ္းခ်ဳပ္ဟုန္ခ်ီကုန္းရဲ႕ လက္တစ္ေခ်ာင္းျပတ္ခဲ့ရတဲ့အေၾကာင္း၊ဓားမကိုင္ရတဲ့ အေၾကာင္း၊အိုးရန္ဖုန္နဲ႔ သူ႔မရီးၾကားကျဖစ္ရပ္၊ ဟြမ္ မက္မြန္ကြၽန္းသခင္ဟြမ္ မက္မြန္ကြၽန္းသခင္ ျဖစ္လာရတဲ့အေၾကာင္းအရင္းတို႔ကို။႐ိုက္ျပသြားပါတယ္။

အေရွ႕ပိုင္းထိပ္သီး မက္မြန္ကြၽန္းသခင္ဟြမ္ အေနာက္ပိုင္းထိပ္သီး အဆိပ္ဘုရင္ အိုးရႏ္ုဖုန္း ေျမာက္ပိုင္းထိပ္သီးသူေတာင္းစားဂိုဏ္ခ်ဳပ္ ဟုန္ခ်ီကုန္း တို႔ရဲ႕ ဆက္ဆံေရးကို အႏုပညာအေျမာက္ဆုံး တင္ဆက္သြားပါေသးတယ္။

မုယုံယင္ ဝါ မုယုံယန္ကေန တုကူးခ်ိဳပိုက္အျဖစ္ ေျပာင္းသြားတဲ့ ၿပိဳင္ဘက္မရွိေတာ့လို႔ ၿငီးေငြ႕ေနတဲ့ ရန္ေကာ္ရဲ႕ဓားနဲ႔သိမ္းငွက္ပိုင္ရွင္ တုကူးခ်ိဳပိုက္ရဲ႕ Originကလည္း အေတာ္စိတ္၀င္စားစရာပါ။

ဒီ႐ုပ္ရွင္ဟာ အိုးရန္ဖုန္းကိုေျချပဳၿပီးက်န္တဲ့ထိပ္သီးေတြအေၾကာင္းကို Act5ခုခြဲၿပီးျပသြားေပမယ့္ ဒီထဲက သိုင္းအေက်ာ္အေမာ္ႀကီးေတြအားလုံးဟာကြၽန္ေတာ္တို႔သိဖူးတဲ့ သူတို႔အေၾကာင္းေတြလို ၿပိဳင္ဘက္ကင္းျဖစ္ေနတဲ့ အခ်ိန္မွာမဟုတ္ပါဘူး။ကစဥ့္ကလ်ားဘ၀ကို သူတို႔ဘာသာျပန္တည္ေဆာက္ေနၾကတဲ့ ဝါႏုသိုင္းသမားေပါက္စေလးေတြျဖစ္ေနတဲ့ အခ်ိန္မွာပါ။

ဒီထဲက ဟုန္ခ်ီကုန္းဆို ေခ်ာင္ဖုန္းနဲ႔ေတာင္ မေတြ႕ရေသးသလို သူေတာင္းစားဂိုဏ္၀င္လည္းမဟုတ္ေသးပါဘူး။တုကူးခ်ိဳပိုက္ ေက်ာ္ၾကားၿပီး ႏွစ္နည္းနည္းျခားၿပီးမွ သူတို႔ကထိပ္သီးေတြျဖစ္လာတဲ့အတြက္ ဒီ႐ုပ္ရွင္ကေနဆိုသူတို႔လမ္းအရွည္ႀကီးေလွ်ာက္ၾကရဦးမွာပါ။

တိုနီေလာင္ခ်ဳေဝရဲ႕ ဇာတ္ေကာင္ မ်က္မျမင္သိုင္းသမားကေတာ့ က်င္းယုံဇာတ္လမ္းေတြမွာ မပါဘူးထင္ပါတယ္။ သတိမထားမိတာလည္းျဖစ္ခ်င္ျဖစ္ပါမယ္။ သို႔ေပမယ့္ ဒီဇာေကာင္ကအထူးျခားဆုံးဇာတ္ေကာင္ပါပဲ။

တစ္ခ်ိဳ႕သူေတြကေတာ့မခမ္းနားေသးခင္မွာပဲ အခ်ိန္ကာလထဲပ်က္ျပယ္ ၾကရတာပဲမဟုတ္လား။Ashes of Timeဟာ ေဝါင္ကာေဝး ႐ုပ္ရွင္ပီသစြာပဲ ဒိုင္ယာေလာ့ပိုင္းနဲ႔ ႐ုပ္ရွင္ဓာတ္ပုံပညာအပိုင္းမွာ အေတာ္ေလးလွပပါတယ္။ တ႐ုတ္႐ုပ္ရွင္ဆုေပးပြဲမွာ အေကာင္းဆုံးဒါ႐ိုက္တာဆုနဲ႔ ႐ုပ္ရွင္ဓာတ္ပုံပညာေတြကိုလည္း ရထားပါတယ္။

Ashes of Timeဟာ လွပတယ္ စိတၱဇဆန္တယ္ လွ်ိဳ႕ဝွက္ခ်က္မ်ားတယ္။ ကႏၲာရထဲမွာ ေလာင္ကြၽမ္းေနၾကတဲ့သူေတြရွိတယ္။ဆႏၵထဲမွာ ေလာင္ကြၽမ္းေနၾကတဲ့သူေတြရွိတယ္။ သူတို႔က ဘာမဟုတ္ခဲ့ၾကတဲ့ လူသားကေလးေတြပါပဲ။ သူတို႔က ဒ႑ာရီေတြလည္း ျဖစ္ခဲ့ၾကတယ္။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

disk.yandex.com (Disk Yandex) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *