Asterix & Obelix: Mission Cleopatra (2002)

19005
Share
Copy the link

ရောမဘုရင် ဂျူးလိယက်ဆီဇာ ဟာ တိုက်တိုင်းအောင်စစ်ဘုရင်ကြီးဖြစ်နေတော့အီဂျစ်ဘုရင်မ ကလီယိုပါထရာနဲ့တွေ့တဲ့ချိန် အီဂျစ်သားတွေကို အထင်အမြင်သေးစွာ ပြောဆိုလိုက်တယ်…ဒါကို ကလီယိုပါထရာက တင်းပြီး အီဂျစ်သားတွေဟာ သမိုင်းဝင်ပိရမစ်တွေကို ဘယ်လိုဆောက်ခဲ့ကြောင်း ကြီးကျယ်ကြောင်း ပြန်ချေပတယ်..

ဒီလို အီဂျစ်သားတွေ ကြီးကျယ်ကြောင်းသက်သေပြဖို့ ဆီဇာနဲ့ အလောင်းအစားတစ်ခုလုပ်လိုက်တယ်..၃ လအတွင်း နန်းတော်ကြီးတစ်ခု အပြီးဆောက်ပြမယ်ဆိုပြီးတော့ပေါ့…ဒီနန်းတော်ကိုဆောက်ဖို့ အီဂျစ်မှာ တလွဲလုပ်နေကျ ဗိသုကာပညာရှင် အက်ဒစ်ကို ခိုင်းလိုက်တဲ့အခါ…အက်ဒစ်ဆိုတာက နယ်နယ်ရရ ဗိသုကာပညာရှင်တော့မဟုတ်ပါဘူး..

ပြတင်းပေါက်ကို လက်လှမ်းမမီတဲ့နေရာမှာဆောက်တဲ့လူမျိုးပါ…၃ လနဲ့အပြီးဆောက်ဖို့ မဖြစ်နိုင်တဲ့အဆောက်အဦးကို အက်ဒစ်တစ်ယောက် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီး ဆောက်မလဲ..သူ့ကို ချောက်တွန်းမယ့်လူရော မှော်အစွမ်းတွေနဲ့ကူညီမယ့်လူတွေရောရှိနေတာမို့ ဘယ်လိုဖြစ်ပျက်မလဲဆိုတာ ကြည့်ရမှာပါ။

ဒီဇာတ်ကားက သမိုင်းနောက်ခံ ဟာသစွန့်စားခန်း ပြင်သစ်ဇာတ်ကားဖြစ်ပြီးတော့ ကလီယိုပါထရာအဖြစ် Monica Bellucci ,အက်ဒစ်အဖြစ် Jamel Debbouze , Astrix အဖြစ် Christian Clavier , Obelix အဖြစ် Gérard Depardieu တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်..

Astrix ၏ စွန့်စားခန်းများ Comic Book ကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်..Astrix ဇာတ်ကား ၅ ကားရှိပြီး ဒီကားကတော့ ဒုတိယကားပါ…(မတ်မတ် မိုနီကာပါလို့ ဒီကားကိုပဲ တင်ဖြစ်သွားတာပါ။)Astrix ဇာတ်ကားတွေဟာ ကုန်ကျစရိတ်အများဆုံး ပြင်သစ်ဇာတ်ကားတွေဖြစ်ပါတယ်..

အခုကားကိုလဲ ခမ်းခမ်းနားနားရိုက်ကူးထားတာတွေ့ရပါတယ်။ဒီဇာတ်ကားဟာ $58.5 million သုံးစွဲခဲ့ပြီး Box Office မှာ $128 million ပြန်ရခဲ့လို့ စီးပွားရေးအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။Comedy ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုဖို့သင့်တော်တဲ့ဇာတ်ကားပါ။

Zawgyi

ေရာမဘုရင္ ဂ်ဴးလိယက္ဆီဇာ ဟာ တိုက္တိုင္းေအာင္စစ္ဘုရင္ႀကီးျဖစ္ေနေတာ့အီဂ်စ္ဘုရင္မ ကလီယိုပါထရာနဲ႔ေတြ႕တဲ့ခ်ိန္ အီဂ်စ္သားေတြကို အထင္အျမင္ေသးစြာ ေျပာဆိုလိုက္တယ္…ဒါကို ကလီယိုပါထရာက တင္းၿပီး အီဂ်စ္သားေတြဟာ သမိုင္းဝင္ပိရမစ္ေတြကို ဘယ္လိုေဆာက္ခဲ့ေၾကာင္း ႀကီးက်ယ္ေၾကာင္း ျပန္ေခ်ပတယ္..

ဒီလို အီဂ်စ္သားေတြ ႀကီးက်ယ္ေၾကာင္းသက္ေသျပဖို႔ ဆီဇာနဲ႔ အေလာင္းအစားတစ္ခုလုပ္လိုက္တယ္..၃ လအတြင္း နန္းေတာ္ႀကီးတစ္ခု အၿပီးေဆာက္ျပမယ္ဆိုၿပီးေတာ့ေပါ့…ဒီနန္းေတာ္ကိုေဆာက္ဖို႔ အီဂ်စ္မွာ တလြဲလုပ္ေနက် ဗိသုကာပညာရွင္ အက္ဒစ္ကို ခိုင္းလိုက္တဲ့အခါ…အက္ဒစ္ဆိုတာက နယ္နယ္ရရ ဗိသုကာပညာရွင္ေတာ့မဟုတ္ပါဘူး..

ျပတင္းေပါက္ကို လက္လွမ္းမမီတဲ့ေနရာမွာေဆာက္တဲ့လူမ်ိဳးပါ…၃ လနဲ႔အၿပီးေဆာက္ဖို႔ မျဖစ္ႏိုင္တဲ့အေဆာက္အဦးကို အက္ဒစ္တစ္ေယာက္ ဘယ္လိုဉာဏ္နီဉာဏ္နက္ေတြသုံးၿပီး ေဆာက္မလဲ..သူ႔ကို ေခ်ာက္တြန္းမယ့္လူေရာ ေမွာ္အစြမ္းေတြနဲ႔ကူညီမယ့္လူေတြေရာရွိေနတာမို႔ ဘယ္လိုျဖစ္ပ်က္မလဲဆိုတာ ၾကည့္ရမွာပါ။

ဒီဇာတ္ကားက သမိုင္းေနာက္ခံ ဟာသစြန္႔စားခန္း ျပင္သစ္ဇာတ္ကားျဖစ္ၿပီးေတာ့ ကလီယိုပါထရာအျဖစ္ Monica Bellucci ,အက္ဒစ္အျဖစ္ Jamel Debbouze , Astrix အျဖစ္ Christian Clavier , Obelix အျဖစ္ Gérard Depardieu တို႔ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္..

Astrix ၏ စြန႔္စားခန္းမ်ား Comic Book ကို ျပန္လည္႐ိုက္ကူးထားတဲ့ဇာတ္ကားျဖစ္ပါတယ္..Astrix ဇာတ္ကား ၅ ကားရွိၿပီး ဒီကားကေတာ့ ဒုတိယကားပါ…(မတ္မတ္ မိုနီကာပါလို႔ ဒီကားကိုပဲ တင္ျဖစ္သြားတာပါ။)Astrix ဇာတ္ကားေတြဟာ ကုန္က်စရိတ္အမ်ားဆုံး ျပင္သစ္ဇာတ္ကားေတြျဖစ္ပါတယ္..

အခုကားကိုလဲ ခမ္းခမ္းနားနား႐ိုက္ကူးထားတာေတြ႕ရပါတယ္။ဒီဇာတ္ကားဟာ $58.5 million သုံးစြဲခဲ့ၿပီး Box Office မွာ $128 million ျပန္ရခဲ့လို႔ စီးပြားေရးအရေအာင္ျမင္ခဲ့တဲ့ဇာတ္ကားျဖစ္ပါတယ္။Comedy ပရိတ္သတ္ေတြ ေပါ့ေပါ့ပါးပါးၾကည့္ရႈဖို႔သင့္ေတာ္တဲ့ဇာတ္ကားပါ။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *