Asura: The City of Madness (2016)

16147
Share
Copy the link

” ကျုပ်ရဲအဖြစ်အလုပ်လုပ်တဲ့ အန်နမ်မြို့က အကျင့်ပျက်တဲ့သူတွေနဲ့ပြည့်နှက်နေပြီ..ဒီနောက်ပိုင်းပြန်လည်ဖွံ့ဖြိုးခြင်းတွေနဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ခြိမ်းခြောက်လာကြတယ်..အန်နမ်ရဲ့မြို့တော်ဝန် ပါ့ခ်ဆွမ်ဘဲဆိုတာရှိတယ်..

သူက တစ်မြို့လုံးကိုဝါးမြိုချင်နေတာ…သူ့ပြိုင်ဘက်ကလည်း ဘယ်ငြိမ်နေပါ့မလဲ…နေ့တိုင်းမှာတိုက်ပွဲတွေဖြစ်လို့…ကျုပ်ကတော့ အနိုင်ရတဲ့သူနဲ့ပဲပူးပေါင်းတယ်…”ဒါကတော့ ရဲတစ်ဦးဖြစ်တဲ့ ဟွမ်ဒိုဂျောင်ရဲ့အယူအဆပါပဲ….သူက ငွေရဖို့ဆိုဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ပူးပေါင်းပြီး ခွေးတစ်ကောင်လိုအလုပ်လုပ်မယ့်သူ….

ဒီကားကတော့ အန်နမ်မြို့တော်ဝန်နဲ့ အတိုက်အခံပါတီတွေကြားမှာ လူမိုက်ဂန်းစတားတွေ..စုံထောက်တွေနဲ့ရှေ့နေတွေကြားကို ကောင်းကောင်းကြီးရိုက်ပြထားတာ..သူတော်စင်တွေ ယုန်ကလေးလိုကောင်တွေတစ်ယောက်မှ မပါဘူး..ယုံပုံစံဖြစ်နေရင်တောင် ယုန်ယောင်ဆောင်ထားတဲ့ ကျားတွေ မြေခွေးတွေပဲဖြစ်တယ်…

သွေးထွက်သံယိုခန်းပေါင်းများစွာပါသလို နိုင်ငံရေးရဲ့ ပဋိပက္ခပေါင်းစုံကို အလွှာစုံ နယ်ရုပ်စုံရဲ့ ရွှေ့ကွက်ပေါင်းများစွာကိုတွေ့မြင်ရမယ်..နောက်ပြီးဒီကားက ဇာတ်လမ်းအစမှ အဆုံး Tempo ကျသွားတယ်လို့ရယ်မရှိဘူး…ကြည့်ရင်းကျော်ထဲစိမ့်အောင်လန့်လာသလို ဆက်လည်းမကြည့်ဘဲမနေနိုင်အောင် ဆွဲဆောင်မှုရှိလွန်းတယ်..

သရုပ်ဆောင်တွေကလည်း ကိုရီးယားတကယ့်အထင်ကရ လူတွေကြီးပဲ…The king,The Divine Moveနဲ့ Cold eye တို့မှာ ကြမ်းခဲ့ ရမ်းခဲ့တဲ့မင်းသားကြီးWoo-sung Jungကိုတော့ထွေထွေထူးထူးထပ်မိတ်မဆက်တော့ဘူး..စပွိုင်လာမပါလေ..ဘာဇာတ်လမ်းအကြောင်းမှမပြောလေကြည့်လို့ကောင်းတဲ့ဇာတ်ကားမို့ ဒီလောက်နဲ့တော်ပါရစေ…

Zawgyi

” က်ဳပ္ရဲအျဖစ္အလုပ္လုပ္တဲ့ အန္နမ္ၿမိဳ႕က အက်င့္ပ်က္တဲ့သူေတြနဲ႔ျပည့္ႏွက္ေနၿပီ..ဒီေနာက္ပိုင္းျပန္လည္ဖြံ႕ၿဖိဳးျခင္းေတြနဲ႔အတူ တစ္ေယာက္နဲ႔တစ္ေယာက္ ၿခိမ္းေျခာက္လာၾကတယ္..အန္နမ္ရဲ႕ၿမိဳ႕ေတာ္ဝန္ ပါ့ခ္ဆြမ္ဘဲဆိုတာရွိတယ္..

သူက တစ္ၿမိဳ႕လုံးကိုဝါးၿမိဳခ်င္ေနတာ…သူ႔ၿပိဳင္ဘက္ကလည္း ဘယ္ၿငိမ္ေနပါ့မလဲ…ေန႔တိုင္းမွာတိုက္ပြဲေတြျဖစ္လို႔…က်ဳပ္ကေတာ့ အႏိုင္ရတဲ့သူနဲ႔ပဲပူးေပါင္းတယ္…”ဒါကေတာ့ ရဲတစ္ဦးျဖစ္တဲ့ ဟြမ္ဒိုေဂ်ာင္ရဲ႕အယူအဆပါပဲ….သူက ေငြရဖို႔ဆိုဘယ္လိုလူမ်ိဳးပဲျဖစ္ျဖစ္ ပူးေပါင္းၿပီး ေခြးတစ္ေကာင္လိုအလုပ္လုပ္မယ့္သူ….

ဒီကားကေတာ့ အန္နမ္ၿမိဳ႕ေတာ္ဝန္နဲ႔ အတိုက္အခံပါတီေတြၾကားမွာ လူမိုက္ဂန္းစတားေတြ..စုံေထာက္ေတြနဲ႔ေရွ႕ေနေတြၾကားကို ေကာင္းေကာင္းႀကီး႐ိုက္ျပထားတာ..သူေတာ္စင္ေတြ ယုန္ကေလးလိုေကာင္ေတြတစ္ေယာက္မွ မပါဘူး..ယုံပုံစံျဖစ္ေနရင္ေတာင္ ယုန္ေယာင္ေဆာင္ထားတဲ့ က်ားေတြ ေျမေခြးေတြပဲျဖစ္တယ္…

ေသြးထြက္သံယိုခန္းေပါင္းမ်ားစြာပါသလို ႏိုင္ငံေရးရဲ႕ ပဋိပကၡေပါင္းစုံကို အလႊာစုံ နယ္႐ုပ္စုံရဲ႕ ေ႐ႊ႕ကြက္ေပါင္းမ်ားစြာကိုေတြ႕ျမင္ရမယ္..ေနာက္ၿပီးဒီကားက ဇာတ္လမ္းအစမွ အဆုံး Tempo က်သြားတယ္လို႔ရယ္မရွိဘူး…ၾကည့္ရင္းေက်ာ္ထဲစိမ့္ေအာင္လန႔္လာသလို ဆက္လည္းမၾကည့္ဘဲမေနႏိုင္ေအာင္ ဆြဲေဆာင္မႈရွိလြန္းတယ္..

သ႐ုပ္ေဆာင္ေတြကလည္း ကိုရီးယားတကယ့္အထင္ကရ လူေတြႀကီးပဲ…The king,The Divine Moveနဲ႔ Cold eye တို႔မွာ ၾကမ္းခဲ့ ရမ္းခဲ့တဲ့မင္းသားႀကီးWoo-sung Jungကိုေတာ့ေထြေထြထူးထူးထပ္မိတ္မဆက္ေတာ့ဘူး..စပြိဳင္လာမပါေလ..ဘာဇာတ္လမ္းအေၾကာင္းမွမေျပာေလၾကည့္လို႔ေကာင္းတဲ့ဇာတ္ကားမို႔ ဒီေလာက္နဲ႔ေတာ္ပါရေစ…

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *