Baazaar (2018)

16183
Share
Copy the link

Baazaar ဆိုတာ အိန္ဒိယအခေါ်အရ ဈေး ၊ ဈေးကွက်ပေါ့….ဟုတ်ပါတယ်ဈေးဆိုတဲ့အတိုင်း ရောင်းသူရှိမယ် ဝယ်သူရှိမယ်ဈေးအပြိုင်တင်တာ ချတာတွေ အပြင်ရောင်းသူ ဝယ်သူနှစ်ဦးကြားက ပင်မဦးတည်ရာ အရှုံးနဲ့အမြတ်ဆိုတာလည်း ရှိမှာပေါ့….ဒီဇာတ်ကားကြည့်ပြီးတော့ တွေးစရာတွေက ခေါင်းထဲမှာ အစပေါင်းများစွာ ထွက်လာတယ်…

ဘဝသရုပ်ဖော်လို့ပြောရမလားစီးပွားရေးလောက အကြောင်း ၊ စတော့ရှယ်ယာဈေးကွက်အကြောင်းလားဒါမှမဟုတ် ကြီးပွားချမ်းသာချင်တဲ့ လူငယ်လေးတစ်ယောက်အကြောင်းပဲလား…ကိုယ်လိုချင်သလို ယူလို့ရပေမယ့်ကျွန်တော့်အတွက်က ရသစုံ ပါဝင်နေတဲ့ ဟင်းလေးအိုးကြီးတစ်ခုလိုပါပဲ….

ဟိုးငယ်စဉ်ကတည်းက ဘဝကို ချို့ချို့တဲ့တဲ့ နေလာခဲ့ရတဲ့ရှာကွန်းကိုသာရီ…..မိဘရဲ့လောင်းရိပ်အောက်ကနေ ထိုးထွက်ပြီးအလင်းရောင်ရှိမယ်ထင်တဲ့ မွန်ဘိုင်းမှာ အခြေချပြီးဘဝကို တက်လမ်းရှာချင်နေသူ လူငယ်လေး ရီဇ်ဝမ်အာမက်….မြို့ပြရဲ့လူနေမှုစရိုက်တွေကြားမှာသိက္ခာနဲ့ငွေကို အလဲအထပ်လုပ်နေမိတဲ့ မိန်းကလေး ပရီယာရိုင်း…

ဒီဇာတ်ကောင် သုံးခုက ဒီဇာတ်လမ်းရဲ့ပင်စည်ဆိုရင်ပြိုင်ဘက်ကုမဏီအုပ်စုတွေ ၊ သူတို့မိသားစုတွေအကြောင်းနဲ့စတော့ရှယ်ယာဈေးကွက်အကြောင်းတွေက ဒီဇာတ်လမ်းရဲ့အကိုင်းအခက်တွေလို့ပြောရမှာပါ….ကျွန်တော်ဒီလောက်ပဲ ညွှန်းပါရစေ….

၂၀၁၈ ခုနှစ်ထွက် ဘောလိဝုဒ်ကားတွေထဲမှာဒီကားဟာ မကြည့်မဖြစ် ကြည့်သင့်တဲ့ကားစာရင်းမှာပါတယ်လို့ပြောရင်တောင် လွန်မယ် မထင်ပါဘူး ခင်ဗျာ။

Zawgyi

Baazaar ဆိုတာ အိႏၵိယအေခၚအရ ေဈး ၊ ေဈးကြက္ေပါ့….ဟုတ္ပါတယ္ေဈးဆိုတဲ့အတိုင္း ေရာင္းသူရွိမယ္ ဝယ္သူရွိမယ္ေဈးအၿပိဳင္တင္တာ ခ်တာေတြ အျပင္ေရာင္းသူ ဝယ္သူႏွစ္ဦးၾကားက ပင္မဦးတည္ရာ အရႈံးနဲ႔အျမတ္ဆိုတာလည္း ရွိမွာေပါ့….ဒီဇာတ္ကားၾကည့္ၿပီးေတာ့ ေတြးစရာေတြက ေခါင္းထဲမွာ အစေပါင္းမ်ားစြာ ထြက္လာတယ္…

ဘဝသ႐ုပ္ေဖာ္လို႔ေျပာရမလားစီးပြားေရးေလာက အေၾကာင္း ၊ စေတာ့ရွယ္ယာေဈးကြက္အေၾကာင္းလားဒါမွမဟုတ္ ႀကီးပြားခ်မ္းသာခ်င္တဲ့ လူငယ္ေလးတစ္ေယာက္အေၾကာင္းပဲလား…ကိုယ္လိုခ်င္သလို ယူလို႔ရေပမယ့္ကြၽန္ေတာ့္အတြက္က ရသစုံ ပါဝင္ေနတဲ့ ဟင္းေလးအိုးႀကီးတစ္ခုလိုပါပဲ….

ဟိုးငယ္စဥ္ကတည္းက ဘဝကို ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ေနလာခဲ့ရတဲ့ရွာကြန္းကိုသာရီ…..မိဘရဲ႕ေလာင္းရိပ္ေအာက္ကေန ထိုးထြက္ၿပီးအလင္းေရာင္ရွိမယ္ထင္တဲ့ မြန္ဘိုင္းမွာ အေျခခ်ၿပီးဘဝကို တက္လမ္းရွာခ်င္ေနသူ လူငယ္ေလး ရီဇ္ဝမ္အာမက္….ၿမိဳ႕ျပရဲ႕လူေနမႈစ႐ိုက္ေတြၾကားမွာသိကၡာနဲ႔ေငြကို အလဲအထပ္လုပ္ေနမိတဲ့ မိန္းကေလး ပရီယာ႐ိုင္း…

ဒီဇာတ္ေကာင္ သုံးခုက ဒီဇာတ္လမ္းရဲ႕ပင္စည္ဆိုရင္ၿပိဳင္ဘက္ကုမဏီအုပ္စုေတြ ၊ သူတို႔မိသားစုေတြအေၾကာင္းနဲ႔စေတာ့ရွယ္ယာေဈးကြက္အေၾကာင္းေတြက ဒီဇာတ္လမ္းရဲ႕အကိုင္းအခက္ေတြလို႔ေျပာရမွာပါ….ကြၽန္ေတာ္ဒီေလာက္ပဲ ၫႊန္းပါရေစ….

၂၀၁၈ ခုႏွစ္ထြက္ ေဘာလိဝုဒ္ကားေတြထဲမွာဒီကားဟာ မၾကည့္မျဖစ္ ၾကည့္သင့္တဲ့ကားစာရင္းမွာပါတယ္လို႔ေျပာရင္ေတာင္ လြန္မယ္ မထင္ပါဘူး ခင္ဗ်ာ။

(Users Drive) Large Size ~ Download

(Up Stream) Small Size ~ Download

(Megaup.net) Large Size ~ Download

(Yoteshin Portal) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *