Back to the Wharf ( 2020 )

18125
Share
Copy the link

ဒီကားလေးကတော့ မင်းသားမင်းသမီးတွေ နာမည်သိပ်မကြီးမချောကြပေမယ့် တကယ့်ကိုဇာတ်ကားကောင်းပြီး ပညာရစေတဲ့ ဇာတ်လမ်းကောင်းလေးမို့ ဘာသာပြန်တင်ဆက်လိုက်ပါတယ်

ဇာတ်လမ်းလေးအကျဉ်းပြောပြရရင်စုန့်ဟောက်ဆိုတဲ့ အတန်းထဲ အမြဲအဆင့် ၁ ရနေသူလေးက လီထန်ဆိုတဲ့မြို့တော်ဝန်အဖေ့အာဏာနဲ့ ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေတဲ့
ကောင်လေးနဲ့ ငယ်သူငယ်ချင်းတွေပေါ့ စုန့်ဟောက်က စာလုပ်တာအပြင် ဂိမ်းဆိုင်မှာ ဂိမ်းကစားရတာကိုအတော်လေး စိတ်ဝင်စားသူပါ။

ဒါကြောင့်လည်း ကျောင်းနဲ့ အိမ်အပြင် ဂိမ်းဆိုင်မှာပဲ အချိန်ကုန်နေတတ်တယ်။ဂိမ်ကစားတိုင်း ရန်လာရှာတဲ့ လူရမ်းကားတွေကို လီထန်က ရှင်းပေးနေကြပေါ့…ဒါပေမယ့် တစ်နေ့ စုန့်ဟောက်အဆင့် ၁ ရလို့ တက္ကသိုလ်တန်းတက်ခွင့်ရတာကိုလီထန်အဖေက အာဏာနဲ့လုယူပြီးနောက်မှာတော့သူတို့ဆက်ဆံရေးက တစ်မျိုးပြောင်းသွားခဲ့ပါတယ်။

တကယ်တော့ သူတို့ ဆက်ဆံရေးဆိုတာထက် စုန့်ဟောက်ရဲ့ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားတယ်ဆို ပိုမှန်မယ်စုန့်ဟောက်ဟာ သူ့အခွင့်ရေးကို လုယူသွားတာ သူယုံကြည်ရတဲ့တစ်ဦးတည်းသော သူငယ်ချင်း လီထန်ဆိုတာ သိရတော့ စိတ်မထိန်းနိုင်ဘဲလီထန်ကို သွားရှာတဲ့လမ်းမှာ အိမ်မှာဝင်ရာကနေ လူသတ်မိလို့အိမ်က ထွက်ပြေးခဲ့တာ အဆင့် ၁ ကျောင်းသားဘဝကနေမှတ်ပုံတင်အတုနဲ့ကျင်လည်နေတဲ့ လက်လုပ်လက်စားလေးဘဝကို ပြောင်းသွားခဲ့ပါတယ်

၁၅ နှစ်ကြာလို့ သူ့အမေ ရက်လည်အတွက် စုန့်ဟောက် ပြန်ရောက်လာချိန်မှာဘယ်လိုတွေပြောင်းလဲပြီး ဘယ်လိုအခက်ခဲတွေရင်ဆိုင်နေရတယ်ဆိုတာတော့ဇာတ်လမ်းလေးကြည့်လိုက်ကြတာပေါ့

Zawgyi






mega.nz (Mega) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *