Beasts Clawing at Straws

1711
Share
Copy the link

လူသားတွေနဲ့တိရစ္ဆာန်တွေရဲ့ အဓိကကွာခြားချက်ကိုပြောရမယ်ဆိုရင် သနားကြင်နာတဲ့စိတ်နဲ့ အသိစိတ်လို့ပဲ ဖြေရမှာပါပဲ။ ဒါပေမဲ့ ဒီလူသားနဲ့သားရဲတိရစ္ဆာန်ကြားက ကွာခြားချက်ကို ပျောက်ဆုံးသွားစေတဲ့အချက်ကတော့ ငွေပါပဲ။

ဒီဇာတ်လမ်းလေးထဲမှာတော့ သတိမေ့နေတဲ့အမေအိုကိုပြုစုနေရတဲ့ ကင်ဂျုံမန်းနဲ့ ဆင်းရဲတဲ့သူ့ရဲ့မိသားစု၊ ချစ်သူကောင်မလေးရဲ့ ငွေလိမ်ပြေးတာကိုခံလိုက်ရလို့ ငွေတိုးချေးစားတဲ့လူဆီမှာ အသတ်ခံရခါနီးနေတဲ့ထယ်ယောင်း၊ ငွေရရင် ဘာမဆိုလုပ်ဖို့လက်မတွန့်တဲ့ထယ်ယောင်းရဲ့ချစ်သူ ချွဲယွန်ဟီး၊ နေ့စဉ်နဲ့အမျှ ယောက်ျားဖြစ်သူရဲ့ရိုက်နှက်နှိပ်စက်မှုကြောင့် ယောက်ျားဖြစ်သူကိုသတ်ပြီး အသက်အာမခံကြေ ဒေါ်လာ ၅ သိန်း လိုချင်နေတဲ့အိုမီရန်း တို့ ဘယ်လိုတွေဆက်စပ်မိကြမလဲ။ ငွေနောက်လိုက်ရင်းနဲ့ သားရဲတိရစ္ဆာန်တွေလို ဦးသူစားကြေးနဲ့ သတ်ဖို့ဖြတ်ဖို့ ဝန်မလေးကြတော့တဲ့အခါ သူတို့ဘယ်လိုအန္တရာယ်တွေ ဆုံးရှုံးမှုတွေ ရင်ဆိုင်ရမလဲ။

နောက်ဆုံးမှာရော ဒီငွေထုတ်ကြီးကို ဘယ်သူကများပိုင်ဆိုင်သွားမှာလဲဆိုတာကို Beasts That Cling to the Straw ဆိုတဲ့ရုပ်ရှင်ကိုကြည့်ရှုခံစားရင်း ပဟေဠိတွေကို အဖြေညှိလိုက်ရအောင်ပါ။ IMDb 7.1 Rotten Tomatoes 94% ratin တွေနဲ့ဆုပေါင်းများစွာကိုပါ သိမ်းပိုက်ထားတဲ့ဒီဇာတ်ကားလေးက လောဘနောက်လိုက်တတ်တဲ့လူ့သဘာဝကို ပေါ်လွင်အောင်ရိုက်ကူးတင်ဆက်ထားတာဖြစ်လို့ လက်မနှေးတမ်းကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေ

megaup.net (Megaup.net) Large Size ~ Download

uptobox.com (Uptobox) Large Size ~ Download

datbu.com (Datbu) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *