Before I Fall (2017)

17700
Share
Copy the link

သင်သာနေ့ရက်တရက်တည်းမှာပဲပိတ်မိနေမယ်ဆိုရင်ဘယ်လိုလုပ်မလဲ။ဘာတွေလုပ်မလဲ။အဲဒီနေ့ရက်တွေမှာဘာတွေပြင်မလဲ။ကိုယ့်ဘဝမှာထင်ခဲ့တာတွေလုပ်ခဲ့တာတွေကိုဘယ်လိုဆန်းစစ်မလဲ။ ကိုယ့်ရဲ့တနေ့တာကိုဘယ်လိုအသုံးချမလဲ။

ဆမ်မန်သာကင်းစတန်ဆိုတဲ့ကောင်မလေးဟာအထက်တန်းကျောင်းသူတယောက်ဖြစ်ပြီးကျောင်းကနာမည်ကြီးကောင်လေးတယောက်နဲ့လည်းချစ်သူတွေပါ။အနာဂတ်ဟာသူ့အတွက်ဖြောင့်ဖြူးနေသယောင်ရှိနေပေမယ့်ရုတ်တရတ်ပါတီတခုကပြဿနာဖြစ်ပြီးအပြန်ကားမှောက်ကသူသေဆုံးသွားပါတယ်။

ဒါပေမယ့်ထူးဆန်းစွာပဲသူအဲဒီနေ့ကိုပဲပြန်လည်နိုးထလာတယ်။အဲဒီနေ့မှာပဲအဲဒီဖြစ်စဉ်တွေကိုပြန်လည်ဖြတ်သန်းခဲ့ရပါတယ်။တရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်အဲဒီနေ့တနေ့တည်းမှာပဲထပ်ခါထပ်ခါပိတ်မိနေပါတယ်။အဲဒီလိုနဲ့သူ့ရဲ့အနီးနားကလူတွေအကြောင်းကိုသတိထားမိလာပါတယ်။

သူတို့ရဲ့လျို့ဝှက်ချက်တွေသိလာတယ်။တကယ့်သရုပ်မှန်တွေသိလာတယ်။လူ့သဘောသဘာဝကိုနားလည်လာတယ်။ဘာကလုပ်သင့်ပြီးဘာကမလုပ်သင့်တာကိုသိလာခဲ့တယ်။ဒါ့အပြင်နေ့တနေ့တည်းရဲ့အစွမ်းကဘယ်လိုခြားနားမှုတွေကိုလုပ်နိုင်တယ်ဆိုတာသိလာပါတယ်။ဇာတ်လမ်းအဆုံးသတ်လေးဟာပရိတ်သတ်ရင်ကိုဆွဲယူနိုင်မှာပါ။

ဒီဇာတ်ကားလေးကနေတွေးစရာတွေအများကြီးရလာမယ်လို့ထင်ပါတယ်။ကြည့်ရတာတန်စေမယ့်ကားလေးပါ။ဆိုတော့ဆမ်မန်သာဆိုတဲ့ကျောင်းသူလေးဘယ်လိုတွေကျော်ဖြတ်မလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။

Zawgyi

သင္သာေန႔ရက္တရက္တည္းမွာပဲပိတ္မိေနမယ္ဆိုရင္ဘယ္လိုလုပ္မလဲ။ဘာေတြလုပ္မလဲ။အဲဒီေန႔ရက္ေတြမွာဘာေတြျပင္မလဲ။ကိုယ့္ဘဝမွာထင္ခဲ့တာေတြလုပ္ခဲ့တာေတြကိုဘယ္လိုဆန္းစစ္မလဲ။ ကိုယ့္ရဲ႕တေန႔တာကိုဘယ္လိုအသုံးခ်မလဲ။

ဆမ္မန္သာကင္းစတန္ဆိုတဲ့ေကာင္မေလးဟာအထက္တန္းေက်ာင္းသူတေယာက္ျဖစ္ၿပီးေက်ာင္းကနာမည္ႀကီးေကာင္ေလးတေယာက္နဲ႔လည္းခ်စ္သူေတြပါ။အနာဂတ္ဟာသူ႔အတြက္ေျဖာင့္ျဖဴးေနသေယာင္ရွိေနေပမယ့္႐ုတ္တရတ္ပါတီတခုကျပႆနာျဖစ္ၿပီးအျပန္ကားေမွာက္ကသူေသဆုံးသြားပါတယ္။

ဒါေပမယ့္ထူးဆန္းစြာပဲသူအဲဒီေန႔ကိုပဲျပန္လည္ႏိုးထလာတယ္။အဲဒီေန႔မွာပဲအဲဒီျဖစ္စဥ္ေတြကိုျပန္လည္ျဖတ္သန္းခဲ့ရပါတယ္။တရက္လည္းမဟုတ္ႏွစ္ရက္လည္းမဟုတ္အဲဒီေန႔တေန႔တည္းမွာပဲထပ္ခါထပ္ခါပိတ္မိေနပါတယ္။အဲဒီလိုနဲ႔သူ႔ရဲ႕အနီးနားကလူေတြအေၾကာင္းကိုသတိထားမိလာပါတယ္။

သူတို႔ရဲ႕လ်ိဳ႕ဝွက္ခ်က္ေတြသိလာတယ္။တကယ့္သ႐ုပ္မွန္ေတြသိလာတယ္။လူ႔သေဘာသဘာဝကိုနားလည္လာတယ္။ဘာကလုပ္သင့္ၿပီးဘာကမလုပ္သင့္တာကိုသိလာခဲ့တယ္။ဒါ့အျပင္ေန႔တေန႔တည္းရဲ႕အစြမ္းကဘယ္လိုျခားနားမႈေတြကိုလုပ္ႏိုင္တယ္ဆိုတာသိလာပါတယ္။ဇာတ္လမ္းအဆုံးသတ္ေလးဟာပရိတ္သတ္ရင္ကိုဆြဲယူႏိုင္မွာပါ။

ဒီဇာတ္ကားေလးကေနေတြးစရာေတြအမ်ားႀကီးရလာမယ္လို႔ထင္ပါတယ္။ၾကည့္ရတာတန္ေစမယ့္ကားေလးပါ။ဆိုေတာ့ဆမ္မန္သာဆိုတဲ့ေက်ာင္းသူေလးဘယ္လိုေတြေက်ာ္ျဖတ္မလဲဆိုတာၾကည့္လိုက္ရေအာင္ဗ်ာ။

megaup.net (Megaup.net) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *