Before Sunrise (1995)

12257
Share
Copy the link

Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။

သူတို့နှစ်ဦးရဲ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။

ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလိုက်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ့ စကားတွေများနေကြတာလဲ ဆိုပြီး …
.အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ

Greece ရဲ့ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ၊ နားလည်ခြင်းတွေကို ထုတ်ဖော်ပြီး ရန်ဖြစ်နေကြတယ်။

အကယ်၍ အခြေအနေတစ်ခု တိမ်းစောင်းသွားပါက သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးဟာ ပျက်စီးသွားကြတော့မယ်။ ဒါပေမဲ့ သူတို့မေ့နေတာက လွန်ခဲ့တဲ့ 18 နှစ်ကျော်က ရထားတစ်စင်းပေါ်မှာ လင်မယားနှစ်ယောက် ရန်ဖြစ်တာကို အကြောင်းပြုပြီး သူတို့နှစ်ယောက် စတွေ့ခဲ့ကြတယ်ဆိုတာကိုပဲ။

.ကျွန်တော်တို့တွေ အမြဲပြောလေ့ရှိတဲ့ ဝေါဟာရလေးတစ်ခုရှိတယ်။ ရေစက်တဲ့။ လူသားနှစ်ဦးဟာ ရေစက်ရှိလို့ကံကြမ္မာက တမင်ဖန်တီးပေးတာလား၊ ဒါမှမဟုတ် ထိုရေစက်ဆိုတဲ့အရာကို မဖြစ် ဖြစ်အောင် ကျွန်တော်တို့လူသားတွေကပဲ ကံကြမ္မာကို လှည့်စားခဲ့ကြတာလား။

Before Trilogy လို့ရုပ်ရှင်ချစ်သူတွေရဲ့နှလုံးသားမှာ ရေပန်းစားတဲ့ Before Sunrise, Before Sunset နဲ့Before Midnight ဇာတ်ကားတွေကို ကြည့်ပြီးတဲ့အခါမှာ ပထမဆုံး စတွေးမိတဲ့ကျွန်တော့်ရဲ့အတွေးက ဒါပဲ။

ဘဝရဲ့တစ်နေ့နေ့တစ်ချိန်ချိန်မှာ လူသားတစ်ယောက်ကို တွေ့မယ်။ ပြီးတော့ ထိုလူသားကို ပြန်တွေ့အောင် သင်ဟာ နည်းမျိုးစုံနဲ့တမင်ဖန်တီးနေခဲ့မိမယ်။ ဒါတွေရဲ့မြစ်ဖျားခံရာက အချစ်ပဲ။

သူ့နာမည်က James။ ဒါပေမဲ့ ရင်းနှီးတဲ့သူတွေက သူ့ကို Jesse လို့ပဲခေါ်ကြတယ်တဲ့။ ဒီတော့ ကျွန်တော်တို့လည်း သူ့ကို ရင်းနှီးတယ်လို့ခံစားရအောင် Jesse လို့ပဲ ခေါ်ကြတာပေါ့။ သူဟာ ချစ်သူကောင်မလေးဆီကို လာလည်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဥရောပကို ရောက်လာတယ်။

ဒါပေမဲ့ မဟန်တဲ့အခြေအနေတွေကို ရိပ်မိတဲ့သူဟာ ကျန်တဲ့ငွေနဲ့ပဲ အမေရိကားကို ပြန်ဖို့ထွက်လာခဲ့တယ်။ Vienna မြို့ကနေ လေယာဉ်နဲ့US ကို မထွက်ခွာခင် Vienna ကို ရထားတစ်စင်းစီးပြီး လိုက်လာတယ်။ ဒါပေမဲ့ ထိုရထားပေါ်မှာ ပြင်သစ်သူ မိန်းကလေးတစ်ယောက်ဟာ သူနဲ့မလှမ်းမကမ်းနားမှာ လာထိုင်ပြီး စကားစမည်ပြောဖြစ်တာကြောင့် ထိုကောင်မလေးကို သူစိတ်ဝင်စားသွားတယ်။

သူတို့နှစ်ယောက်ရဲ့စကားဝိုင်းဟာ မပြီးဆုံးသေးဘူးဆိုတာ သူသိတယ်။ ဒါကြောင့် အရဲစွန့်ပြီး Vienna မြို့ပေါ်ကို သူနဲ့အတူ တစ်ညလောက် လိုက်လည်ပြီး စကားတွေဆက်ပြောဖို့ဖိတ်ခေါ်ခဲ့တယ်။ အမှန်တော့ ဒါဟာ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တစ်ခုလို့တစ်ချိ့က ထင်ကြေးပေးချင်ပေးကြလိမ့်မယ်။

ကျွန်တော်ကတော့ သူလုပ်သင့်တဲ့အရာတစ်ခုကို လုပ်ခဲ့တယ်လို့ပဲ မြင်တယ်။လူသားနှစ်ယောက်ကို ဘယ်အရာက ဆက်စပ်ပေးတယ်လို့ခင်ဗျားတို့ထင်ကြသလဲ။ ကျွန်တော်ကတော့ ထိုလူသားနှစ်ယောက် ပြောဖြစ်တဲ့ စကားစအကြောင်းအရာတွေကပဲ လူသားနှစ်ယောက်ကို ဆက်စပ်ပေးတာလို့မြင်တယ်။

လောကမှာ ကိုယ်နဲ့လူတစ်ယောက် စကားပြောရင်း စကားစတွေပြတ်သွားမှာ ပြောမဲ့စကားတွေကုန်ခမ်းသွားမှာကို မသိစိတ်ကရော သိစိတ်ကပါ စိုးထိတ်နေပြီဆိုရင် ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံသင့်ဘူး။

Director Richard Linklater ဟာ လူ့ဘဝရဲ့တန်ဖိုးအရှိဆုံးအချိန်တွေဟာ ဘယ်အချိန်တွေလဲဆိုတာ ကောင်းကောင်းသိခဲ့တဲ့သူပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် သူရေးဖွဲ့ခဲ့တဲ့ ဇာတ်ကောင် Jesse ဟာ Celine ကို စကားတွေ ဆက်ပြောဖို့ဖိတ်ခေါ်ခဲ့တယ်။ Celine လည်း မငြင်းဆန်ခဲ့ဘူး။

ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ရထားပေါ်က ဆင်းလာကြပြီး Vienna မြို့ပေါ်ကို ပထမဆုံး ခြေလှမ်းတွေ စလှမ်းပါတော့တယ်။သူတို့မှာ သွားရမဲ့ Destination ဆိုတာ မရှိဘူး ။ ရောက်တတ်ရာရာ ခြေဦးတည့်ရင်း စကားတွေ ဆက်ပြောကြတယ်။

သူတို့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေဟာ အကြောင်းအရာ အမျိုးစုံတယ်။ ဘဝအကြောင်းတွေပါတယ်။ ခံယူချက်တွေပါတယ်။ အတွေးအခေါ်တွေပါတယ်။ နိုင်ငံရေးအကြောင်းအရာတွေပါတယ်။ ဘာသာရေးတွေပါတယ်။ မျက်စိရှေ့မှာ မြင်တွေ့နေတဲ့ မြင်ကွင်းတွေပါတယ်။ အချစ်ရေးတွေပါတယ်။

သူတို့စိတ်ကူးထဲမှာ ပေါ်ပေါက်လာတဲ့ အတွေးတွေအကုန်လုံးကို ပြောဖြစ်ကြတယ်။ Vienna မြို့လေးပေါ်က အုတ်လမ်းလေးတွေပေါ်က သူတို့နှစ်ယောက်ရဲ့ခြေသံတွေဟာ ထပ်ထပ်လာလေ သူတို့နှစ်ဦးပြောဖြစ်တဲ့ အကြောင်းအရာတွေဟာ ပိုပြီး ဆက်စပ်မှု ရှိလာလေလေပဲ။

ထိုညလေးဟာ တစ်ဖြည်းဖြည်းနဲ့ပိုနက်လာတယ်။ တစ်နေရာမှာ ဗေဒင်ဟောဆရာမတစ်ယောက်ကို တွေ့ခဲ့တယ်။ တစ်နေရာမှာတော့ ကဗျာဆရာတစ်ယောက်နဲ့တွေ့တယ်။ ထိုကဗျာဆရာဇာတ်ကောင်က ထူးဆန်းတယ်။ သူကလူတွေဆီကနေ ငွေကို အခမဲ့မတောင်းဘူး။

လူတွေကို စိတ်ထဲကရှိတဲ့ စကားလုံးတစ်လုံးကို ရေရွတ်ခိုင်းတယ်။ ထိုစကားလုံးကို အခြေခံပြီး ထိုခဏအတွင်း သူကဗျာတစ်ပုဒ်ဖွဲ့နွဲ့ရေးသားမယ်။ ဖတ်တဲ့သူတွေက နှစ်သက်မှ၊ ပြီးတော့ သူတို့ဘဝတွေမှာ တစ်ခုခုနဲ့ဆက်နွယ်တယ်လို့ခံစားရမှ သူ့ကိုစေတနာရှိသလောက် ငွေပေးကမ်းခဲ့ခိုင်းတာမျိုး။

သူက Jesse နဲ့Celine ကို ဖွဲ့ပေးလိုက်တဲ့ ကဗျာလေးက အရမ်းလှလွန်းတယ်။

Daydream delusion, limousine eyelash / Oh baby with your pretty face /
Drop a tear in my wineglass / Look at those big eyes / See what you mean to me / Sweet-cakes and milkshakes / I’m a delusion angel /

I’m a fantasy parade / I want you to know what I think / Don’t want you to guess anymore / You have no idea where I came from / We have no idea where we’re going /

Lodged in life / Like branches in a river/ Flowing downstream / Caught in the current / I carry you / You’ll carry me / That’s how it could be /
Don’t you know me? / Don’t you know me by now?

ထိုညတစ်ညမှာ လရောင်ဟာ လင်းလက်နေခဲ့သလား၊ မှောင်မိုက်နေခဲ့သလားဆိုတာကိုတော့ သူတို့နှစ်ယောက်ပဲ အသိဆုံးဖြစ်ခဲ့လိမ့်မယ်။ ဒီလိုနဲ့နောက်နေ့မနက်မှာ ကိုယ်ပိုင်ခရီးတစ်ခုဆီကို သူတို့အသီးသီးဆက်သွားကြတော့တယ်။

လူသားတွေဟာ မတည်မြဲတဲ့ ကတိတွေကို ပေးတတ်တဲ့နေရာမှာတော့ ထူးချွန်ကြတယ်။ ဒီလိုပဲ သူတို့လည်း နောက် ၆ လကြာရင် ဒီမြို့လေးမှာ ပြန်တွေ့ကြမယ်ဆိုပြီး ကတိတွေပေးခဲ့ကြတယ်။ထိုရုပ်ရှင်ဇာတ်ကားထွက်ခဲ့တုန်းက ပရိသတ်တိုင်းဟာ သူတို့နှစ်ယောက် ပြန်တွေ့ခဲ့ကြလား၊

မတွေ့ဖြစ်ခဲ့ကြဘူးလားဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ခဲ့ကြဘူး။ ကိုယ်ပိုင်ထင်ကြေးတွေ ပေးခဲ့ကြတယ်။ ထိုအဖြေကို နောက် ၉ နှစ်အကြာမှ ပရိသတ်တွေ ရခဲ့ကြတယ်။

Zawgyi

Vienna ကို ခုတ္ေမာင္းေနတဲ့ ရထားတစ္စင္းေပၚမွာ အသက္အ႐ြယ္အနည္းငယ္ႀကီးရင့္စျပဳေနၿပီျဖစ္တဲ့ German စုံတြဲတစ္တြဲ စကားမ်ားေနၾကတယ္။ ဘယ္အေၾကာင္းအရာကို အေျခခံၿပီး စကားမ်ားေနၾကသလဲဆိုတာကိုေတာ့ ကြၽန္ေတာ္မသိ။ ဒါေပမဲ့ အိမ္တြင္းေရးကိစၥေတာ့ ျဖစ္ဟန္တူတယ္။

သူတို႔ႏွစ္ဦးရဲ႕အျငင္းအခုန္ပြဲဟာ ရထားတြဲအတြင္းက တစ္ျခားခရီးသည္ေတြကိုပါ စိတ္အေႏွာက္အယွက္ ျဖစ္ေစတယ္။ ဒါေၾကာင့္မို႔လည္း စာအုပ္တစ္အုပ္ကို ဖတ္ေနတဲ့ ျပင္သစ္သူ Celine ဆိုတဲ့ မိန္းမငယ္ေလးဟာ ရထားတြဲရဲ႕အေနာက္နားက ဆိတ္ၿငိမ္တဲ့ထိုင္ခုံတစ္ေနရာကို ေျပာင္းထိုင္လိုက္တယ္။

ဒီမွာတင္ မလွမ္းမကမ္းနားမွာ သူမလိုပဲ စာအုပ္ထိုင္ဖတ္ေနတဲ့ လူငယ္ေလးတစ္ေယာက္က သူမကို လွမ္းေမးလိုက္တယ္။ ေစာေစာက လင္မယား ဘာကိစၥနဲ႔ စကားေတြမ်ားေနၾကတာလဲ ဆိုၿပီး …
.အခ်ိန္ကာလအားျဖင့္ 18 ႏွစ္ေက်ာ္ၾကာျမင့္ သြားတဲ့အခါ

Greece ရဲ႕ဟိုတယ္အခန္းက်ဥ္းေလးတစ္ခုထဲမွာ လင္မယားႏွစ္ေယာက္ စကားအေျခအတင္ ျငင္းခုန္ေနၾကတယ္။ ႏွစ္ေယာက္စလုံး ၿမိဳသိပ္ထားခဲ့ရတဲ့ ခံစားခ်က္ေတြ၊ နားလည္ျခင္းေတြကို ထုတ္ေဖာ္ၿပီး ရန္ျဖစ္ေနၾကတယ္။

အကယ္၍ အေျခအေနတစ္ခု တိမ္းေစာင္းသြားပါက သူတို႔ႏွစ္ေယာက္ရဲ႕အိမ္ေထာင္ေရးဟာ ပ်က္စီးသြားၾကေတာ့မယ္။ ဒါေပမဲ့ သူတို႔ေမ့ေနတာက လြန္ခဲ့တဲ့ 18 ႏွစ္ေက်ာ္က ရထားတစ္စင္းေပၚမွာ လင္မယားႏွစ္ေယာက္ ရန္ျဖစ္တာကို အေၾကာင္းျပဳၿပီး သူတို႔ႏွစ္ေယာက္ စေတြ႕ခဲ့ၾကတယ္ဆိုတာကိုပဲ။

.ကြၽန္ေတာ္တို႔ေတြ အၿမဲေျပာေလ့ရွိတဲ့ ေဝါဟာရေလးတစ္ခုရွိတယ္။ ေရစက္တဲ့။ လူသားႏွစ္ဦးဟာ ေရစက္ရွိလို႔ကံၾကမၼာက တမင္ဖန္တီးေပးတာလား၊ ဒါမွမဟုတ္ ထိုေရစက္ဆိုတဲ့အရာကို မျဖစ္ ျဖစ္ေအာင္ ကြၽန္ေတာ္တို႔လူသားေတြကပဲ ကံၾကမၼာကို လွည့္စားခဲ့ၾကတာလား။

Before Trilogy လို႔႐ုပ္ရွင္ခ်စ္သူေတြရဲ႕ႏွလုံးသားမွာ ေရပန္းစားတဲ့ Before Sunrise, Before Sunset နဲ႔Before Midnight ဇာတ္ကားေတြကို ၾကည့္ၿပီးတဲ့အခါမွာ ပထမဆုံး စေတြးမိတဲ့ကြၽန္ေတာ့္ရဲ႕အေတြးက ဒါပဲ။

ဘဝရဲ႕တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာ လူသားတစ္ေယာက္ကို ေတြ႕မယ္။ ၿပီးေတာ့ ထိုလူသားကို ျပန္ေတြ႕ေအာင္ သင္ဟာ နည္းမ်ိဳးစုံနဲ႔တမင္ဖန္တီးေနခဲ့မိမယ္။ ဒါေတြရဲ႕ျမစ္ဖ်ားခံရာက အခ်စ္ပဲ။

သူ႔နာမည္က James။ ဒါေပမဲ့ ရင္းႏွီးတဲ့သူေတြက သူ႔ကို Jesse လို႔ပဲေခၚၾကတယ္တဲ့။ ဒီေတာ့ ကြၽန္ေတာ္တို႔လည္း သူ႔ကို ရင္းႏွီးတယ္လို႔ခံစားရေအာင္ Jesse လို႔ပဲ ေခၚၾကတာေပါ့။ သူဟာ ခ်စ္သူေကာင္မေလးဆီကို လာလည္ဖို႔ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ဥေရာပကို ေရာက္လာတယ္။

ဒါေပမဲ့ မဟန္တဲ့အေျခအေနေတြကို ရိပ္မိတဲ့သူဟာ က်န္တဲ့ေငြနဲ႔ပဲ အေမရိကားကို ျပန္ဖို႔ထြက္လာခဲ့တယ္။ Vienna ၿမိဳ႕ကေန ေလယာဥ္နဲ႔US ကို မထြက္ခြာခင္ Vienna ကို ရထားတစ္စင္းစီးၿပီး လိုက္လာတယ္။ ဒါေပမဲ့ ထိုရထားေပၚမွာ ျပင္သစ္သူ မိန္းကေလးတစ္ေယာက္ဟာ သူနဲ႔မလွမ္းမကမ္းနားမွာ လာထိုင္ၿပီး စကားစမည္ေျပာျဖစ္တာေၾကာင့္ ထိုေကာင္မေလးကို သူစိတ္ဝင္စားသြားတယ္။

သူတို႔ႏွစ္ေယာက္ရဲ႕စကားဝိုင္းဟာ မၿပီးဆုံးေသးဘူးဆိုတာ သူသိတယ္။ ဒါေၾကာင့္ အရဲစြန္႔ၿပီး Vienna ၿမိဳ႕ေပၚကို သူနဲ႔အတူ တစ္ညေလာက္ လိုက္လည္ၿပီး စကားေတြဆက္ေျပာဖို႔ဖိတ္ေခၚခဲ့တယ္။ အမွန္ေတာ့ ဒါဟာ ႐ူးေၾကာင္ေၾကာင္ႏိုင္တဲ့ လုပ္ရပ္တစ္ခုလို႔တစ္ခ်ိ႕က ထင္ေၾကးေပးခ်င္ေပးၾကလိမ့္မယ္။

ကြၽန္ေတာ္ကေတာ့ သူလုပ္သင့္တဲ့အရာတစ္ခုကို လုပ္ခဲ့တယ္လို႔ပဲ ျမင္တယ္။လူသားႏွစ္ေယာက္ကို ဘယ္အရာက ဆက္စပ္ေပးတယ္လို႔ခင္ဗ်ားတို႔ထင္ၾကသလဲ။ ကြၽန္ေတာ္ကေတာ့ ထိုလူသားႏွစ္ေယာက္ ေျပာျဖစ္တဲ့ စကားစအေၾကာင္းအရာေတြကပဲ လူသားႏွစ္ေယာက္ကို ဆက္စပ္ေပးတာလို႔ျမင္တယ္။

ေလာကမွာ ကိုယ္နဲ႔လူတစ္ေယာက္ စကားေျပာရင္း စကားစေတြျပတ္သြားမွာ ေျပာမဲ့စကားေတြကုန္ခမ္းသြားမွာကို မသိစိတ္ကေရာ သိစိတ္ကပါ စိုးထိတ္ေနၿပီဆိုရင္ ထိုအခြင့္အေရးကို လက္လႊတ္ဆုံးရႈံးမခံသင့္ဘူး။

Director Richard Linklater ဟာ လူ႔ဘဝရဲ႕တန္ဖိုးအရွိဆုံးအခ်ိန္ေတြဟာ ဘယ္အခ်ိန္ေတြလဲဆိုတာ ေကာင္းေကာင္းသိခဲ့တဲ့သူပဲ ျဖစ္လိမ့္မယ္။ ဒါေၾကာင့္ သူေရးဖြဲ႕ခဲ့တဲ့ ဇာတ္ေကာင္ Jesse ဟာ Celine ကို စကားေတြ ဆက္ေျပာဖို႔ဖိတ္ေခၚခဲ့တယ္။ Celine လည္း မျငင္းဆန္ခဲ့ဘူး။

ဒီလိုနဲ႔သူတို႔ႏွစ္ေယာက္ဟာ ရထားေပၚက ဆင္းလာၾကၿပီး Vienna ၿမိဳ႕ေပၚကို ပထမဆုံး ေျခလွမ္းေတြ စလွမ္းပါေတာ့တယ္။သူတို႔မွာ သြားရမဲ့ Destination ဆိုတာ မရွိဘူး ။ ေရာက္တတ္ရာရာ ေျခဦးတည့္ရင္း စကားေတြ ဆက္ေျပာၾကတယ္။

သူတို႔ႏွစ္ေယာက္ ေျပာခဲ့တဲ့ စကားေတြဟာ အေၾကာင္းအရာ အမ်ိဳးစုံတယ္။ ဘဝအေၾကာင္းေတြပါတယ္။ ခံယူခ်က္ေတြပါတယ္။ အေတြးအေခၚေတြပါတယ္။ ႏိုင္ငံေရးအေၾကာင္းအရာေတြပါတယ္။ ဘာသာေရးေတြပါတယ္။ မ်က္စိေရွ႕မွာ ျမင္ေတြ႕ေနတဲ့ ျမင္ကြင္းေတြပါတယ္။ အခ်စ္ေရးေတြပါတယ္။

သူတို႔စိတ္ကူးထဲမွာ ေပၚေပါက္လာတဲ့ အေတြးေတြအကုန္လုံးကို ေျပာျဖစ္ၾကတယ္။ Vienna ၿမိဳ႕ေလးေပၚက အုတ္လမ္းေလးေတြေပၚက သူတို႔ႏွစ္ေယာက္ရဲ႕ေျခသံေတြဟာ ထပ္ထပ္လာေလ သူတို႔ႏွစ္ဦးေျပာျဖစ္တဲ့ အေၾကာင္းအရာေတြဟာ ပိုၿပီး ဆက္စပ္မႈ ရွိလာေလေလပဲ။

ထိုညေလးဟာ တစ္ျဖည္းျဖည္းနဲ႔ပိုနက္လာတယ္။ တစ္ေနရာမွာ ေဗဒင္ေဟာဆရာမတစ္ေယာက္ကို ေတြ႕ခဲ့တယ္။ တစ္ေနရာမွာေတာ့ ကဗ်ာဆရာတစ္ေယာက္နဲ႔ေတြ႕တယ္။ ထိုကဗ်ာဆရာဇာတ္ေကာင္က ထူးဆန္းတယ္။ သူကလူေတြဆီကေန ေငြကို အခမဲ့မေတာင္းဘူး။

လူေတြကို စိတ္ထဲကရွိတဲ့ စကားလုံးတစ္လုံးကို ေရ႐ြတ္ခိုင္းတယ္။ ထိုစကားလုံးကို အေျခခံၿပီး ထိုခဏအတြင္း သူကဗ်ာတစ္ပုဒ္ဖြဲ႕ႏြဲ႕ေရးသားမယ္။ ဖတ္တဲ့သူေတြက ႏွစ္သက္မွ၊ ၿပီးေတာ့ သူတို႔ဘဝေတြမွာ တစ္ခုခုနဲ႔ဆက္ႏြယ္တယ္လို႔ခံစားရမွ သူ႔ကိုေစတနာရွိသေလာက္ ေငြေပးကမ္းခဲ့ခိုင္းတာမ်ိဳး။

သူက Jesse နဲ႔Celine ကို ဖြဲ႕ေပးလိုက္တဲ့ ကဗ်ာေလးက အရမ္းလွလြန္းတယ္။

Daydream delusion, limousine eyelash / Oh baby with your pretty face /
Drop a tear in my wineglass / Look at those big eyes / See what you mean to me / Sweet-cakes and milkshakes / I’m a delusion angel /

I’m a fantasy parade / I want you to know what I think / Don’t want you to guess anymore / You have no idea where I came from / We have no idea where we’re going /

Lodged in life / Like branches in a river/ Flowing downstream / Caught in the current / I carry you / You’ll carry me / That’s how it could be /
Don’t you know me? / Don’t you know me by now?

ထိုညတစ္ညမွာ လေရာင္ဟာ လင္းလက္ေနခဲ့သလား၊ ေမွာင္မိုက္ေနခဲ့သလားဆိုတာကိုေတာ့ သူတို႔ႏွစ္ေယာက္ပဲ အသိဆုံးျဖစ္ခဲ့လိမ့္မယ္။ ဒီလိုနဲ႔ေနာက္ေန႔မနက္မွာ ကိုယ္ပိုင္ခရီးတစ္ခုဆီကို သူတို႔အသီးသီးဆက္သြားၾကေတာ့တယ္။

လူသားေတြဟာ မတည္ၿမဲတဲ့ ကတိေတြကို ေပးတတ္တဲ့ေနရာမွာေတာ့ ထူးခြၽန္ၾကတယ္။ ဒီလိုပဲ သူတို႔လည္း ေနာက္ ၆ လၾကာရင္ ဒီၿမိဳ႕ေလးမွာ ျပန္ေတြ႕ၾကမယ္ဆိုၿပီး ကတိေတြေပးခဲ့ၾကတယ္။ထို႐ုပ္ရွင္ဇာတ္ကားထြက္ခဲ့တုန္းက ပရိသတ္တိုင္းဟာ သူတို႔ႏွစ္ေယာက္ ျပန္ေတြ႕ခဲ့ၾကလား၊

မေတြ႕ျဖစ္ခဲ့ၾကဘူးလားဆိုတာ ဘယ္သူမွ တပ္အပ္မေျပာႏိုင္ခဲ့ၾကဘူး။ ကိုယ္ပိုင္ထင္ေၾကးေတြ ေပးခဲ့ၾကတယ္။ ထိုအေျဖကို ေနာက္ ၉ ႏွစ္အၾကာမွ ပရိသတ္ေတြ ရခဲ့ၾကတယ္။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *