Bharat Ane Nenu (2018)

20372
Share
Copy the link

ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ်ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . .

သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ်ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ်မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . .

ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူးပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ်သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ်လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . .

အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . .လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ်သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။

သူပြောတဲ့စကားက”စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ”တဲ့မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် လုပ်သည့်တိုင်မနာလိုတဲ့သူတွေကတော့ မနာလိုစမြဲပါပဲနေရာတကာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့မြေခွေးတွေကြားကို ရောက်နေတဲ့ယုန်သူငယ်လိုပဲအမဲဖြတ်ဖို့ ချောင်းမြောင်းနေကြသူတွေရှိတယ်သူ့နောက်ကိုကို လိုက်ပြီး သတင်းယူနေတဲ့ ပါပါရာဇီတွေရှိတယ်. . .

လူငယ်ပီပီချစ်သူရည်းစားထားမိတာကအစအပြစ်ရှာ အပုပ်ချလိုသူတွေရှိတယ်. . .ဒီနှစ်ပိုင်းထွက်တဲ့တောင်ပိုင်းကားတွေထဲဒီကားကတော့ ကျွန်တော့်အကြိုက်ဆုံး နိုင်ငံရေး အက်ရှင်ကားဖြစ်ပါတယ်အဖြစ်အပျက်တွေကို ရိုက်ပြထားပုံကကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ အတော်ကြီးကို ဆင်တူနေတယ်. . .

တစ်နည်းပြောရရင်သူတို့ရိုက်ပြသွားတဲ့ အစိုးရရဲ့ လစ်ဟာမှုတွေ အကြောင်းလာဘ်စားတတ်တဲ့ အစိုးရဝန်ထမ်းတွေအကြောင်း ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘော လူ့မနောတွေအကြောင်း ဒီလို ရိုက်ကူးချက်တွေဟာ ကိုယ့်နိုင်ငံကို လက်ညှိုးထိုးပြနေသလားတောင် ထင်မိစရာပါ. . .

ကျေးလက်ဖွံ့ဖြိုးရေးအတွက်ပြည်သူတွေအရေးအတွက်လွှတ်တော်မှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန်ကို အတိုက်အခံလုပ်ပြီးအချေအတင်ဆွေးနွေးကြတာ အားရစရာပါ. . .မြင်နေကျ အိန္ဒိယတောင်ပိုင်းကားတွေလိုဘလိုင်းကြီး ကြမ်းပြ ရမ်းပြမိုက်ကြေးခွဲတာထက် ဒီကားမှာတော့အကြောင်းအကျိုးနဲ့ ပြချင်တဲ့ အချက်တွေကိုရေပက်မဝင်အောင် ပြသွားတာ ဖြစ်ပာကြောင်း. . .မကြည့်ဖြစ်ရင် တစ်ခေတ်နောက်ကျမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်းညွှန်းဆိုလိုက်ပါရစေ ခင်ဗျား. . .

Zawgyi

ဖခင္ႀကီး က်န္းမာေရးခ်ိဳ႕တဲ့ေနၿပီဆိုတဲ့သတင္းေၾကာင့္ ႏိုင္ငံျခားမွာ ပညာေတာ္သင္သြားေနတဲ့လူတစ္ေယာက္ ကိုယ့္ရပ္ကိုယ့္ေျမကို ျပန္လာတယ္ျပန္ေရာက္ေတာ့ဖခင္ႀကီးရဲ႕အသက္ကိုမမွီလိုက္သလိုဇပနအခမ္းအနားကိုေတာင္ က်င္းပခြင့္ မရလိုက္ဘူး. . .

သို႔ေပမယ့္ ေကာက္ကာငင္ကာဆိုသလို ဝန္ႀကီးခ်ဳပ္ရာထူးကို ဝင္ေရာက္ထမ္းေဆာင္ဖို႔ ျဖစ္လာတယ္ပညာတတ္ လူငယ္ေလးျဖစ္တဲ့အျပင္ဖခင္ရဲ႕ ေသြးအျပည့္ပါတဲ့သူျဖစ္တာေၾကာင့္အလုပ္ကို ႀကိဳးစားတယ္မွန္ကန္တဲ့အလုပ္ကို လုပ္တယ္တည္ၾကည္တယ္ ေျဖာင့္မတ္တယ္ရဲ႕ဝံ့တယ္. . .

ဘယ္သူ႔မ်က္ႏွာကိုမွ မေထာက္ဘူးျပည္သူေတြကို ခ်စ္တဲ့သူျဖစ္တာေၾကာင့္ေအာက္ေျခလူတန္းစားေတြေနတဲ့ ေက်းလက္ေဒသေတြအထိ ေရွာင္တခင္ စစ္ေဆးတတ္တယ္သက္ဆိုင္ရာနယ္ေျမက တာဝန္က် အစိုးရ အရာရွိေတြကို ျပည္သူ႔အက်ိဳး သယ္ပိုးသူမွန္ရင္ ေျမႇာက္စားတယ္လာဘ္စားၿပီး တာဝန္မေက်ရင္ ျဖဳတ္ပစ္တယ္. . .

အဲ့ဒီေလာက္အထိ ရဲရဲေတာက္တဲ့ဝန္ႀကီးခ်ဳပ္ ျဖစ္လာတယ္. . .လမ္းပန္းဆက္သြယ္မႈ ေကာင္းမြန္ေရးလမ္းတံတားျပဳျပင္ေရးေက်းလက္ေဒသ စည္ပင္ဖြံၿဖိဳးေရးစတဲ့ လုပ္ငန္းေတြမွာ ႏိုင္ငံေတာ္ဘတ္ဂ်က္ကို မွ်တေအာင္ သုံးစြဲၿပီး ရန္ပုံေငြေတြ ခ်ေပးကာကိုယ္ထူကိုယ္ထ လုပ္ေစတယ္သူက ျပည္သူကို ကိုယ့္အားကိုယ္ကိုးေစခ်င္တဲ့ ဒီလိုမ်ိဳးစိတ္ဓာတ္ပိုင္ရွင္ ဝန္ႀကီးခ်ဳပ္ပါ။

သူေျပာတဲ့စကားက”စစ္မွန္တဲ့ ေခါင္းေဆာင္ဆိုတာေခါင္းေဆာင္မလိုတဲ့ လူ႔အဖြဲ႕အစည္းတစ္ရပ္ ျဖစ္တည္လာေအာင္ လမ္းျပေပးတဲ့သူပါ”တဲ့မည္သို႔ပင္ဆိုေစ. . .ျပည္သူ႔အခ်စ္ေတာ္ ခံယူၿပီးတာဝန္ေတြကို ေက်ပြန္ေအာင္ လုပ္သည့္တိုင္မနာလိုတဲ့သူေတြကေတာ့ မနာလိုစၿမဲပါပဲေနရာတကာ အေကာင္းနဲ႔ အဆိုး ဒြန္တြဲေနတာမို႔ေျမေခြးေတြၾကားကို ေရာက္ေနတဲ့ယုန္သူငယ္လိုပဲအမဲျဖတ္ဖို႔ ေခ်ာင္းေျမာင္းေနၾကသူေတြရွိတယ္သူ႔ေနာက္ကိုကို လိုက္ၿပီး သတင္းယူေနတဲ့ ပါပါရာဇီေတြရွိတယ္. . .

လူငယ္ပီပီခ်စ္သူရည္းစားထားမိတာကအစအျပစ္ရွာ အပုပ္ခ်လိုသူေတြရွိတယ္. . .ဒီႏွစ္ပိုင္းထြက္တဲ့ေတာင္ပိုင္းကားေတြထဲဒီကားကေတာ့ ကြၽန္ေတာ့္အႀကိဳက္ဆုံး ႏိုင္ငံေရး အက္ရွင္ကားျဖစ္ပါတယ္အျဖစ္အပ်က္ေတြကို ႐ိုက္ျပထားပုံကကိုယ့္ႏိုင္ငံရဲ႕ အေျခအေနနဲ႔ အေတာ္ႀကီးကို ဆင္တူေနတယ္. . .

တစ္နည္းေျပာရရင္သူတို႔႐ိုက္ျပသြားတဲ့ အစိုးရရဲ႕ လစ္ဟာမႈေတြ အေၾကာင္းလာဘ္စားတတ္တဲ့ အစိုးရဝန္ထမ္းေတြအေၾကာင္း ျဖစ္ေလ့ျဖစ္ထရွိတဲ့လူ႔သေဘာ လူ႔မေနာေတြအေၾကာင္း ဒီလို ႐ိုက္ကူးခ်က္ေတြဟာ ကိုယ့္ႏိုင္ငံကို လက္ညႇိဳးထိုးျပေနသလားေတာင္ ထင္မိစရာပါ. . .

ေက်းလက္ဖြံ႕ၿဖိဳးေရးအတြက္ျပည္သူေတြအေရးအတြက္လႊတ္ေတာ္မွာ တစ္ဖက္နဲ႔ တစ္ဖက္ အျပင္းအထန္ကို အတိုက္အခံလုပ္ၿပီးအေခ်အတင္ေဆြးေႏြးၾကတာ အားရစရာပါ. . .ျမင္ေနက် အိႏၵိယေတာင္ပိုင္းကားေတြလိုဘလိုင္းႀကီး ၾကမ္းျပ ရမ္းျပမိုက္ေၾကးခြဲတာထက္ ဒီကားမွာေတာ့အေၾကာင္းအက်ိဳးနဲ႔ ျပခ်င္တဲ့ အခ်က္ေတြကိုေရပက္မဝင္ေအာင္ ျပသြားတာ ျဖစ္ပာေၾကာင္း. . .မၾကည့္ျဖစ္ရင္ တစ္ေခတ္ေနာက္က်မယ့္ ဇာတ္ကားတစ္ကား ျဖစ္ပါေၾကာင္းၫႊန္းဆိုလိုက္ပါရေစ ခင္ဗ်ား. . .

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *