Big (1988)

16669
Share
Copy the link

၁၉၈၈ ခုနှစ်မှာ မင်းသားကြီး Tom Hanks ဟာ အသက် ၃၂ နှစ်ပဲ ရှိပါသေးတယ်။ မင်းသားကြီးလည်း မဖြစ်သေးပါဘူး။ Big ဟာ Tom Hanks ကို အခုလို စူပါမင်းသားဖြစ်လာအောင် တွန်းပို့ပေးလိုက်တယ်ပြောလို့ရပါတယ်။ဇာတ်လမ်းက ရှင်းရှင်းလေးပါပဲ။

ကျနော်တို့ ကလေး ဘဝတုန်းက လူတိုင်းလိုလို ခံစားဖူးခဲ့ကြတဲ့ “လူကြီးဖြစ်ချင်တယ်” ဆိုတဲ့ ခံစားချက်လေး အပေါ်မှာ ရေးဖွဲ့ထားတယ်။ ၁၃ နှစ်အရွယ်ကောင်လေးတစ်ယောက် ကလေးဘဝမှာ မနေချင်တော့ဘဲ လူကြီးဖြစ်ချင်တယ်ဆိုတဲ့ ဆုတောင်းလေးပြည့် သွားပြီး နေ့ခြင်းညခြင်းပဲ အသက် ၃၀ အရွယ် လူကြီးကြီး ဖြစ်လာတယ်။

ခန္ဓာကိုယ်ကသာ လူကြီး ဖြစ်လာပေမယ့် စိတ်ကတော့ ၁၃ နှစ်ပဲရှိသေးတာပေါ့။ ဒါပေမယ့် လူကြီးဘဝ ဟာ ထင်ထားသလို မဟုတ်ပဲ စိတ်ညစ်စရာတွေလည်းတွေ့လာတော့ ကလေးဘဝကိုပဲ ပြန်နေချင်လာတော့တယ်။Tom Hanks သရုပ်ဆောင်ကောင်းတာကတော့ အထူးတလည်ပြောနေစရာမလိုဘူး။

အမူအရာ တွေတင်မကဘူး သူ့ရဲ့ အကြည့်တွေ စိတ်ခံစားချက်တွေကပါ Josh ဆိုတာ လူကြီး ခန္ဓာကိုယ်ဖဲရောက်နေတဲ့ ကလေးလေးပဲဆိုတာ ပရိတ်သတ်က အဆုံးထိ ယုံကြည်ထားနိုင်စေခဲ့တယ်။ဒီပို့စ်မှာ တစ်ကယ်ဆွေးနွေးလိုတာကတော့ Big ရဲ့ ဇာတ်ညွှန်းပဲ။

အထူးသဖြင့် ခုထိ ထွက်နေတဲ့ မြန်မာကားတွေ နဲ့ နှိုင်းယှဉ်ကြည့်ချင်တာ။ မြန်မာဇာတ်ညွှန်းအများစုဟာ ဇာတ်ကောင်တွေရဲ့ စိတ်အခြေအနေတွေ၊ တွေးနေတာတွေကို ဖော်ပြမယ်ဆိုရင် စကားပြောနဲ့ ဒါမှမဟူတ်ရင် အမူအရာ အပိုကြီးတွေနဲ့ ဖော်ပြတတ်ကြတယ်။ Big မှာတော့ ဒီလိုမဟုတ်ဘူး။

ရုပ်ရှင်အစပိုင်း 1st Act မှာအဓိကဇာတ်ကောင် Josh ကလေးဘဝမှာ စိတ်ညစ်ညူးရတာတွေကိုပြထားတယ်။ ဒီလိုပြတဲ့နေရာမှာ Josh အိမ်အလုပ်တွေ ဝိုင်းကူနေရတာတွေ၊ သူ့အခန်းသေးသေးလေးမှာ မွေးခါစ ညီမလေးနဲ့ တူတူနေရတာတွေ၊ သူ့ကြိုက်နေတဲ့ အတန်းကြီး ကောင်မလေးက အတန်းကြီးတဲ့ ကောင်လေးနဲ့ ပဲ တွဲခုတ်နေလို့ အလိူမကျဖြစ်ရတာတွေပြထားတယ်။

Josh ရဲ့ အမူအရာဟာလည်း သူ့ကလေးဘဝမှာ တွေ့နေရတာတွေကို စိတ်အလိုမကျတာထပ် ပိုမသွားဘူး။ Josh ဟာ သူ ကလေးဖြစ်ရတာ စိတ်ကုန်ကြောင်း ပါးစပ်ကနေ ထုတ်ဖော် ငြီးထွားနေတဲ့ အခန်းတွေမပါဘူး။မြန်မာဇာတ်ညွှန်းမှာဆို ဘယ်လိုဖြစ်သွားမလဲ။

ငါကလေးဖြစ်ရတာ စိတ်ကုန်နေပြီကွာ ဆိုတဲ့ စကားမျိုး Josh ကနေ သူငယ်ချင်းတွေ ခဏခဏထုတ်ပြောမယ်။ အမူအရာတွေ သရုပ်ဆောင်တွေဟာ လိုတာထပ် အများကြီးကို ပိုနေမယ်။ Josh ရဲ့ character ဟာ ကလေးလေးတစ်ယောက် ဖြစ်မနေပဲ လူကြီးတစ်ယောက်လို စိတ်တွေညစ်နေမယ်။

Big မှာ Josh ရဲ့ စိတ်အနေအထားကို တိုက်ရိုက်ကြီး ဖော်ထုတ်မထားတဲ့ အတွက် ကြည့်နေသူအတွက် Josh နေရာမှာ ပိုပြီးခံစားရတာလွယ်လာတယ်။ Josh ခံစားနေသလိူ ငါလညါး ငယ်ငယ်က ခံစားဖူးပါလားဆိုတာမျိုးတွေ ပြန်မှတ်မိလာတယ်။

ဒီက ဇာတ်ညွှန်းတွေလို ဇာတ်ကောင်ရဲ့ ခံစားချက်ကို ပရိတ်သတ်ကို အတင်းကြီး ဇွန်းတပ်ကျွေးဖို့ ကြိုးစားမယ်ဆိုရင် Josh ရဲ့နေရာက ဝင်မခံစားမိပဲ Josh ရဲ့အကြောင်းကို ကြားလူတစ်ယောက် လာပြီး ပြောပြနေသလိုပဲဖြစ်မယ်။

ဇာတ်ကောင်နဲ့ ပရိတ်သတ်ကြားမှာ ဇာတ်ကောင်ရဲ့ အဖြစ်အပျက်တွေ၊ ခံစားချက်တွေအားလုံးကို လိုက်ရှင်းပြနေတဲ့ narrative ဆိုတဲ့ အတားအဆီးကြီးရှိနေတော့ ပရိတ်သတ်အနေနဲ့ ရုပ်ရှင်မှာ ပါဝင်စီးမျောသွားဖို့ဆိုတာ သိပ်ခက်သွားပြီ။

Big ရဲ့ 2nd နဲ့ 3rd act တွေမှာလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်တွေရှိတယ်။ villain တွေပါလာသလို Josh အလုပ်ဝင်လုပ်မယ့် အရုပ်ကုမ္ပဏီ ပိုင်ရှင်ကြီး MacMillan တို့ပါဝင်လာတယ်။

MacMillan ဆိုတဲ့ဇာတ်ကောင်ဟာ စိတ်ကူးကောင်းကောင်း creativity ကောင်းကောင်းနဲ့ အရုပ်တွေထုပ်ပြီး အောင်မြင်လာတဲ့ သူဌေးကြီး။ သူက Josh ရဲ့ ကလေးဆန်တာ၊ လူကြီးဆန်ဆန် အလုပ်တွေကို နားမလည်တာ၊ စိတ်ထဲရှိရာ အကုန်ပြောတတ်တဲ့ သဘာဝကို သဘောကျလို့ ချက်ချင်း Josh ကို ရာထူးတွေတိုးပေးလိုက်သူကြီး။

ဒါတွေကို ကြည့်ရင် သူဌေးကြီးက စည်းမျဉ်းတွေ သိပ်ဂရုမစိုက်တတ်တဲ့ ပညာရှိတဲ့ သဘောကောင်းတဲ့ လူကြီးဆိုတဲ့ character ပေါ်လာတယ်။ သူ့ဇာတ်ကောင် ဝတ်စားထားတာတွေကအစ character ကို ပိုပေါ်အောင် အထောင်ကူပြုတယ်။

ဘီလျံနာသူဌေးကြီးသာပြောတယ် အမြဲတမ်း အဝတ်အစားတွေက ဖရိုဖရဲနဲ့။ မြန်မာကားမှာဆို သန်းကြွယ်သူဌေးတွေကို ဘယ်လိုပုံဖော်မလဲ။ ဘယ်ကားကြည့်ကြည့် သူဌေးဆိုတာနဲ့ ဇာတ်ကောင်က တစ်ပုံစံထဲပဲ။

ကုဒ်တွေဝတ်ထားမယ်၊ စကားကို ကြီးကြီးကျယ်ကျယ် ခန့်ခန့်ညားညားပြောမယ်၊ ကားအကောင်းစားကြီးစီးမယ်၊ အိမ်အကြီးကြီးမှာနေမယ်၊ အနားမှာ အမြဲတမ်း တပည့် လေးယောက်ရှိနေမယ်။ မြန်မာ ဇာတ်ကောင်တွေဟာ အရမ်းယေဘုယျဆန်လွန်းတယ်။ အတိမ်အနက်လုံးဝ မရှိဘူး။

နောက်တစ်ခုက Big မှာ တစ်ကားလုံး သွားတဲ့ ဇာတ်လမ်းရဲ့ depth နဲ့ theme။ ဒီကားကို Comedy Drama လေးအဖြစ်နဲ့ သရုပ်ဖော်ထားတယ်။ ရုပ်ရှင်တောက်လျှောက်မှာ ဇာတ်ဝင်ခန်းတိုင်းက ဒီကားရဲ့ theme နဲ့ depth ကို သစ္စာမဖောက်ဘူး။ build up တွေ climax တွေမှာတောင် လေးလေးနက်နက်ကြီး ဖြစ်မသွားဘူး။

ဟာသ တွေကလည်း ရုပ်ရှင်ကို အရမ်းပေါချာ မသွားစေပဲ ကြည့်လို့ကောင်းအောင် ရယ်ရအောင် ကြည့်တဲ့ သူပျော်နေအောင် ဖြစ်စေတယ်။ Big တစ်ကားလုံးဟာ ပေါ့ပါးသွက်လက်နေပြီး ဒီကားစာ အနုပညာအရ အလွန်တန်ဖိုးရှိကြောင်း၊ အလွန်နက်ရှိုင်းကြောင်း ဟန်ဆောင်ပြနေတာတွေ မပါဘူး။

ဇာတ်လမ်းရှိသလောက်ကို အကောင်းဆုံး တင်ဆက်သွားတယ်။မြန်မာကားတွေမှာဆို ဒီလို consistency ရှိတဲ့ ကားမျိုးကရှားတယ်။ အမြဲတမ်းပရိတ်သတ်ဘာလိုချင်လည်း၊ ဘယ်မင်းသားကိူ ဘာလုပ်ခိုင်းရင် ပိုအမြတ်ရမလဲပဲ ကြည့်နေကြတယ်။

comedy ဆိုပြီး တစ်ကားလုံး ပေါချာနေအောင် လုပ်လာပြီးတော့ drama ကြီးတွေ ချိုးပစ်ပြီး ဇာတ်ကောင်တွေမှာ မျက်ရည်စို့ပြီးငိူနေရအောင်လည်း လုပ်တာပဲ။ Action လူမိူက်ကားဆိူပြီးတော့ လူမိုက်သုံးယောက် စကားပြောရင် ပေါတောတောတွေပြောပြီး သံယောင်လိူက် အပေါစား ဟာသတွေလည်း ထည့်ပစ်တာပဲ။

Drama ကားတွေမှာလည်း ကုမ္ပဏီပိုင်ရှင် ဇာတ်ကောင်နေက သရုပ်ဆောင်တဲ့ စူပါမင်းသားတွေက သိုင်းကွက်တွေထုတ် ကျွမ်းတွေပြစ်ပြီး လူကြမ်း လေးငါးယောက်လောက်ကို ချရင်လည်း ချတာပဲ။

တစ်ကားလုံး စုတ်ပြတ်သတ်နေအောင်ပေါလာ၊ ဇာတ်ညွှန်းမရှိ ဇာတ်လမ်းမရှိ လုပ်ချင်ရာတွေလုပ်ပြ ပြီးခါနီးမှ အမျိုးဘာသာ သာသနာတွေ၊ နိုင်ငံတော်တွေကို အရမ်းချစ်ပြတဲ့ စကားလုံးတွေ ဘာမှမဆိုင်ဘဲ ပစ်ထဲ့ပြီး အကယ်ဒမီတွေလည်း ယူလို့ယူတာပဲ။

ကျနော်ထင်တာတော့ မြန်မာ ရုပ်ရှင်တွေနဲ့ Hollywood က အောင်မြင်နေတဲ့ ရုပ်ရှင်တွေ အဓိက ကွာခြားချက်ကတော့ အဲ့တာပဲ။ ပိုက်ဆံတွေအများကြီးသုံး၊ စတူဒီယို အကောင်းစားတွေ ကင်မရာတွေ စပယ်ရှင်အဖက်တွေ ရလာရင်တောင် ဇာတ်ညွှန်းအသွားအလာပုံစံက ပြောင်းလဲမှုမရှိရင် မြန်မာကားတွေဟာ ပေါကားတွေ ဖြစ်နေဦးမယ် ထင်တယ်။

Zawgyi

၁၉၈၈ ခုႏွစ္မွာ မင္းသားႀကီး Tom Hanks ဟာ အသက္ ၃၂ ႏွစ္ပဲ ရွိပါေသးတယ္။ မင္းသားႀကီးလည္း မျဖစ္ေသးပါဘူး။ Big ဟာ Tom Hanks ကို အခုလို စူပါမင္းသားျဖစ္လာေအာင္ တြန္းပို႔ေပးလိုက္တယ္ေျပာလို႔ရပါတယ္။ဇာတ္လမ္းက ရွင္းရွင္းေလးပါပဲ။

က်ေနာ္တို႔ ကေလး ဘဝတုန္းက လူတိုင္းလိုလို ခံစားဖူးခဲ့ၾကတဲ့ “လူႀကီးျဖစ္ခ်င္တယ္” ဆိုတဲ့ ခံစားခ်က္ေလး အေပၚမွာ ေရးဖြဲ႕ထားတယ္။ ၁၃ ႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္ ကေလးဘဝမွာ မေနခ်င္ေတာ့ဘဲ လူႀကီးျဖစ္ခ်င္တယ္ဆိုတဲ့ ဆုေတာင္းေလးျပည့္ သြားၿပီး ေန႔ျခင္းညျခင္းပဲ အသက္ ၃၀ အ႐ြယ္ လူႀကီးႀကီး ျဖစ္လာတယ္။

ခႏၶာကိုယ္ကသာ လူႀကီး ျဖစ္လာေပမယ့္ စိတ္ကေတာ့ ၁၃ ႏွစ္ပဲရွိေသးတာေပါ့။ ဒါေပမယ့္ လူႀကီးဘဝ ဟာ ထင္ထားသလို မဟုတ္ပဲ စိတ္ညစ္စရာေတြလည္းေတြ႕လာေတာ့ ကေလးဘဝကိုပဲ ျပန္ေနခ်င္လာေတာ့တယ္။Tom Hanks သ႐ုပ္ေဆာင္ေကာင္းတာကေတာ့ အထူးတလည္ေျပာေနစရာမလိုဘူး။

အမူအရာ ေတြတင္မကဘူး သူ႔ရဲ႕ အၾကည့္ေတြ စိတ္ခံစားခ်က္ေတြကပါ Josh ဆိုတာ လူႀကီး ခႏၶာကိုယ္ဖဲေရာက္ေနတဲ့ ကေလးေလးပဲဆိုတာ ပရိတ္သတ္က အဆုံးထိ ယုံၾကည္ထားႏိုင္ေစခဲ့တယ္။ဒီပို႔စ္မွာ တစ္ကယ္ေဆြးေႏြးလိုတာကေတာ့ Big ရဲ႕ ဇာတ္ၫႊန္းပဲ။

အထူးသျဖင့္ ခုထိ ထြက္ေနတဲ့ ျမန္မာကားေတြ နဲ႔ ႏႈိင္းယွဥ္ၾကည့္ခ်င္တာ။ ျမန္မာဇာတ္ၫႊန္းအမ်ားစုဟာ ဇာတ္ေကာင္ေတြရဲ႕ စိတ္အေျခအေနေတြ၊ ေတြးေနတာေတြကို ေဖာ္ျပမယ္ဆိုရင္ စကားေျပာနဲ႔ ဒါမွမဟူတ္ရင္ အမူအရာ အပိုႀကီးေတြနဲ႔ ေဖာ္ျပတတ္ၾကတယ္။ Big မွာေတာ့ ဒီလိုမဟုတ္ဘူး။

႐ုပ္ရွင္အစပိုင္း 1st Act မွာအဓိကဇာတ္ေကာင္ Josh ကေလးဘဝမွာ စိတ္ညစ္ညဴးရတာေတြကိုျပထားတယ္။ ဒီလိုျပတဲ့ေနရာမွာ Josh အိမ္အလုပ္ေတြ ဝိုင္းကူေနရတာေတြ၊ သူ႔အခန္းေသးေသးေလးမွာ ေမြးခါစ ညီမေလးနဲ႔ တူတူေနရတာေတြ၊ သူ႔ႀကိဳက္ေနတဲ့ အတန္းႀကီး ေကာင္မေလးက အတန္းႀကီးတဲ့ ေကာင္ေလးနဲ႔ ပဲ တြဲခုတ္ေနလို႔ အလိူမက်ျဖစ္ရတာေတြျပထားတယ္။

Josh ရဲ႕ အမူအရာဟာလည္း သူ႔ကေလးဘဝမွာ ေတြ႕ေနရတာေတြကို စိတ္အလိုမက်တာထပ္ ပိုမသြားဘူး။ Josh ဟာ သူ ကေလးျဖစ္ရတာ စိတ္ကုန္ေၾကာင္း ပါးစပ္ကေန ထုတ္ေဖာ္ ၿငီးထြားေနတဲ့ အခန္းေတြမပါဘူး။ျမန္မာဇာတ္ၫႊန္းမွာဆို ဘယ္လိုျဖစ္သြားမလဲ။

ငါကေလးျဖစ္ရတာ စိတ္ကုန္ေနၿပီကြာ ဆိုတဲ့ စကားမ်ိဳး Josh ကေန သူငယ္ခ်င္းေတြ ခဏခဏထုတ္ေျပာမယ္။ အမူအရာေတြ သ႐ုပ္ေဆာင္ေတြဟာ လိုတာထပ္ အမ်ားႀကီးကို ပိုေနမယ္။ Josh ရဲ႕ character ဟာ ကေလးေလးတစ္ေယာက္ ျဖစ္မေနပဲ လူႀကီးတစ္ေယာက္လို စိတ္ေတြညစ္ေနမယ္။

Big မွာ Josh ရဲ႕ စိတ္အေနအထားကို တိုက္႐ိုက္ႀကီး ေဖာ္ထုတ္မထားတဲ့ အတြက္ ၾကည့္ေနသူအတြက္ Josh ေနရာမွာ ပိုၿပီးခံစားရတာလြယ္လာတယ္။ Josh ခံစားေနသလိူ ငါလညါး ငယ္ငယ္က ခံစားဖူးပါလားဆိုတာမ်ိဳးေတြ ျပန္မွတ္မိလာတယ္။

ဒီက ဇာတ္ၫႊန္းေတြလို ဇာတ္ေကာင္ရဲ႕ ခံစားခ်က္ကို ပရိတ္သတ္ကို အတင္းႀကီး ဇြန္းတပ္ေကြၽးဖို႔ ႀကိဳးစားမယ္ဆိုရင္ Josh ရဲ႕ေနရာက ဝင္မခံစားမိပဲ Josh ရဲ႕အေၾကာင္းကို ၾကားလူတစ္ေယာက္ လာၿပီး ေျပာျပေနသလိုပဲျဖစ္မယ္။

ဇာတ္ေကာင္နဲ႔ ပရိတ္သတ္ၾကားမွာ ဇာတ္ေကာင္ရဲ႕ အျဖစ္အပ်က္ေတြ၊ ခံစားခ်က္ေတြအားလုံးကို လိုက္ရွင္းျပေနတဲ့ narrative ဆိုတဲ့ အတားအဆီးႀကီးရွိေနေတာ့ ပရိတ္သတ္အေနနဲ႔ ႐ုပ္ရွင္မွာ ပါဝင္စီးေမ်ာသြားဖို႔ဆိုတာ သိပ္ခက္သြားၿပီ။

Big ရဲ႕ 2nd နဲ႔ 3rd act ေတြမွာလည္း အရမ္းစိတ္ဝင္စားဖို႔ေကာင္းတဲ့ ဇာတ္ေကာင္ေတြရွိတယ္။ villain ေတြပါလာသလို Josh အလုပ္ဝင္လုပ္မယ့္ အ႐ုပ္ကုမၸဏီ ပိုင္ရွင္ႀကီး MacMillan တို႔ပါဝင္လာတယ္။

MacMillan ဆိုတဲ့ဇာတ္ေကာင္ဟာ စိတ္ကူးေကာင္းေကာင္း creativity ေကာင္းေကာင္းနဲ႔ အ႐ုပ္ေတြထုပ္ၿပီး ေအာင္ျမင္လာတဲ့ သူေဌးႀကီး။ သူက Josh ရဲ႕ ကေလးဆန္တာ၊ လူႀကီးဆန္ဆန္ အလုပ္ေတြကို နားမလည္တာ၊ စိတ္ထဲရွိရာ အကုန္ေျပာတတ္တဲ့ သဘာဝကို သေဘာက်လို႔ ခ်က္ခ်င္း Josh ကို ရာထူးေတြတိုးေပးလိုက္သူႀကီး။

ဒါေတြကို ၾကည့္ရင္ သူေဌးႀကီးက စည္းမ်ဥ္းေတြ သိပ္ဂ႐ုမစိုက္တတ္တဲ့ ပညာရွိတဲ့ သေဘာေကာင္းတဲ့ လူႀကီးဆိုတဲ့ character ေပၚလာတယ္။ သူ႔ဇာတ္ေကာင္ ဝတ္စားထားတာေတြကအစ character ကို ပိုေပၚေအာင္ အေထာင္ကူျပဳတယ္။

ဘီလ်ံနာသူေဌးႀကီးသာေျပာတယ္ အၿမဲတမ္း အဝတ္အစားေတြက ဖ႐ိုဖရဲနဲ႔။ ျမန္မာကားမွာဆို သန္းႂကြယ္သူေဌးေတြကို ဘယ္လိုပုံေဖာ္မလဲ။ ဘယ္ကားၾကည့္ၾကည့္ သူေဌးဆိုတာနဲ႔ ဇာတ္ေကာင္က တစ္ပုံစံထဲပဲ။

ကုဒ္ေတြဝတ္ထားမယ္၊ စကားကို ႀကီးႀကီးက်ယ္က်ယ္ ခန႔္ခန႔္ညားညားေျပာမယ္၊ ကားအေကာင္းစားႀကီးစီးမယ္၊ အိမ္အႀကီးႀကီးမွာေနမယ္၊ အနားမွာ အၿမဲတမ္း တပည့္ ေလးေယာက္ရွိေနမယ္။ ျမန္မာ ဇာတ္ေကာင္ေတြဟာ အရမ္းေယဘုယ်ဆန္လြန္းတယ္။ အတိမ္အနက္လုံးဝ မရွိဘူး။

ေနာက္တစ္ခုက Big မွာ တစ္ကားလုံး သြားတဲ့ ဇာတ္လမ္းရဲ႕ depth နဲ႔ theme။ ဒီကားကို Comedy Drama ေလးအျဖစ္နဲ႔ သ႐ုပ္ေဖာ္ထားတယ္။ ႐ုပ္ရွင္ေတာက္ေလွ်ာက္မွာ ဇာတ္ဝင္ခန္းတိုင္းက ဒီကားရဲ႕ theme နဲ႔ depth ကို သစၥာမေဖာက္ဘူး။ build up ေတြ climax ေတြမွာေတာင္ ေလးေလးနက္နက္ႀကီး ျဖစ္မသြားဘူး။

ဟာသ ေတြကလည္း ႐ုပ္ရွင္ကို အရမ္းေပါခ်ာ မသြားေစပဲ ၾကည့္လို႔ေကာင္းေအာင္ ရယ္ရေအာင္ ၾကည့္တဲ့ သူေပ်ာ္ေနေအာင္ ျဖစ္ေစတယ္။ Big တစ္ကားလုံးဟာ ေပါ့ပါးသြက္လက္ေနၿပီး ဒီကားစာ အႏုပညာအရ အလြန္တန္ဖိုးရွိေၾကာင္း၊ အလြန္နက္ရႈိင္းေၾကာင္း ဟန္ေဆာင္ျပေနတာေတြ မပါဘူး။

ဇာတ္လမ္းရွိသေလာက္ကို အေကာင္းဆုံး တင္ဆက္သြားတယ္။ျမန္မာကားေတြမွာဆို ဒီလို consistency ရွိတဲ့ ကားမ်ိဳးကရွားတယ္။ အၿမဲတမ္းပရိတ္သတ္ဘာလိုခ်င္လည္း၊ ဘယ္မင္းသားကိူ ဘာလုပ္ခိုင္းရင္ ပိုအျမတ္ရမလဲပဲ ၾကည့္ေနၾကတယ္။

comedy ဆိုၿပီး တစ္ကားလုံး ေပါခ်ာေနေအာင္ လုပ္လာၿပီးေတာ့ drama ႀကီးေတြ ခ်ိဳးပစ္ၿပီး ဇာတ္ေကာင္ေတြမွာ မ်က္ရည္စို႔ၿပီးငိူေနရေအာင္လည္း လုပ္တာပဲ။ Action လူမိူက္ကားဆိူၿပီးေတာ့ လူမိုက္သုံးေယာက္ စကားေျပာရင္ ေပါေတာေတာေတြေျပာၿပီး သံေယာင္လိူက္ အေပါစား ဟာသေတြလည္း ထည့္ပစ္တာပဲ။

Drama ကားေတြမွာလည္း ကုမၸဏီပိုင္ရွင္ ဇာတ္ေကာင္ေနက သ႐ုပ္ေဆာင္တဲ့ စူပါမင္းသားေတြက သိုင္းကြက္ေတြထုတ္ ကြၽမ္းေတြျပစ္ၿပီး လူၾကမ္း ေလးငါးေယာက္ေလာက္ကို ခ်ရင္လည္း ခ်တာပဲ။

တစ္ကားလုံး စုတ္ျပတ္သတ္ေနေအာင္ေပါလာ၊ ဇာတ္ၫႊန္းမရွိ ဇာတ္လမ္းမရွိ လုပ္ခ်င္ရာေတြလုပ္ျပ ၿပီးခါနီးမွ အမ်ိဳးဘာသာ သာသနာေတြ၊ ႏိုင္ငံေတာ္ေတြကို အရမ္းခ်စ္ျပတဲ့ စကားလုံးေတြ ဘာမွမဆိုင္ဘဲ ပစ္ထဲ့ၿပီး အကယ္ဒမီေတြလည္း ယူလို႔ယူတာပဲ။

က်ေနာ္ထင္တာေတာ့ ျမန္မာ ႐ုပ္ရွင္ေတြနဲ႔ Hollywood က ေအာင္ျမင္ေနတဲ့ ႐ုပ္ရွင္ေတြ အဓိက ကြာျခားခ်က္ကေတာ့ အဲ့တာပဲ။ ပိုက္ဆံေတြအမ်ားႀကီးသုံး၊ စတူဒီယို အေကာင္းစားေတြ ကင္မရာေတြ စပယ္ရွင္အဖက္ေတြ ရလာရင္ေတာင္ ဇာတ္ၫႊန္းအသြားအလာပုံစံက ေျပာင္းလဲမႈမရွိရင္ ျမန္မာကားေတြဟာ ေပါကားေတြ ျဖစ္ေနဦးမယ္ ထင္တယ္။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *