Big Fish (2003)

14692
Share
Copy the link

Big Fish…“အမှန်တရားဆိုတာသန့်ရှင်းတာ ရှားတယ်ရိုးရှင်းတယ်ဆိုတာ မရှိဘူး” ဆိုတဲ့အော်စကာဝိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ဒါ့အပြင် အများစုသော အမှန်တရားတွေဟာ
မလှပပါဘူး…..။

အမှန်တရားဟာထူးခြားလားဆိုတော့လည်း မထူးခြားပါဘူးမီးတွင်းထဲက ဇနီးသည်ဆီ အချိန်မှီမရောက်ခဲ့တဲ့ယောကျာ်းတစ်ယောက်..သူ့ကလေးမွေးတာနဲ့ ပက်သက်ပြီးတကယ့်အမှန်တရားဟာ..သူဟာနောက်ကျခဲ့တဲ့ ဖခင်ဆိုတဲ့ အမှန်တရားပါပဲ။

ဒီအတွက် သူ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ရောက်ခဲ့တယ်ဆိုရင်ရော…သားဖွားခန်းထဲ ယောကျာ်းဝင်ခွင့်မရှိတဲ့အတွက်ဘာများ ထပ်ထူးခြားမလဲ။မထူးခြားပါဘူး..ဒါပေမဲ့ နောက်ကျခဲ့တယ်ဆိုတဲ့အမှန်တရားကတော့ ငြင်းမရပါဘူး…။

ဒီလို… ခါးသီးတဲ့ အမှန်တရားတွေအစား..သူ့ကလေးကို ပျိုးထောင်ဖို့ဇာတ်လမ်းလှလှလေးတွေ တည်ဆောက်ခဲ့ပါတယ်။သူတကယ် ကြုံခဲ့ရတဲ့ ဒုက္ခတွေအစားအမှန်တရားတချို့တဝက်သင်ခန်းစာ တချို့တဝက်နဲ့တကယ့်အဖြစ်အပျက်တွေကိုသူ့သားကို ပုံစံပြောင်း ပြောပြခဲ့ပါတယ်။

ဖုံးထားတဲ့ အမှန်တရားကိုမှမြင်ချင်တက်ကြတဲ့ လူ့ သဘာဝအတိုင်းသူ့သားက အမှန်တရားကို ရှာဖွေဖို့ကြိုးစားလာခဲ့တဲ့အခါ…….။သူဘာတွေသိရမလဲ ခံစားကြရမှာပါ။ဘယ်တော့မှ မဟောင်းသွားတဲ့ဟာသတစ်ပုဒ်ကို ကြားဖူးကြလား..ပြန်ကြားရတိုင်း ပထမတုန်းကဘာလို့ရယ်ရသလဲ မေ့သွားပြီးအသစ်ပြန်ဖြစ်သွားတဲ့ ဟာသမျိုး..။

ဒီလိုမျိူး ပုံပြင်တစ်ပုဒ်ကိုအကြိမ်ရေထောင်ချီ ပြောခဲ့တဲ့ လူတစ်ယောက်ကိုဒီဇာတ်ကားမှာ ခင်ဗျားတို့ တွေ့ရမှာပါ။လူတစ်ယောက်ဟာ ဒဏ္ဍာရီတစ်ပုဒ်ကိုအခါခါ အထပ်ထပ်ပြောရင်း သူကိုယ်တိုင်အဲ့ဒီ ဒဏ္ဍာရီ ဖြစ်လာတယ်။..

သူတို့ မရှိတော့ပေမဲ့ အဲ့ဒီ ဒဏ္ဍာရီတွေက ရှိတုန်းပါ..ထာဝရ ရှင်သန်နိုင်ခဲ့တယ်…။သူ့အဖေမရှိတော့ပေမဲ့သူ့ကလေးတွေကိုသူ့အဖေရဲ့အကြောင်းပုံပြင်တွေကိုပြောနေတဲ့ အဖေတစ်ယောက်ရဲ့ပျော်ရွှင်မှုကို ဒီကားမှာ မပါပေမဲ့ကျွန်တော်တို့ရဲ့ စိတ်အလျဉ်နဲ့ပဲတူးဖော်ကြည့်ရအောင်…။

Zawgyi

Big Fish…“အမွန္တရားဆိုတာသန႔္ရွင္းတာ ရွားတယ္႐ိုးရွင္းတယ္ဆိုတာ မရွိဘူး” ဆိုတဲ့ေအာ္စကာဝိုင္းရဲ႕ စကားတစ္ခြန္းရွိပါတယ္။ဒါ့အျပင္ အမ်ားစုေသာ အမွန္တရားေတြဟာ
မလွပပါဘူး…..။

အမွန္တရားဟာထူးျခားလားဆိုေတာ့လည္း မထူးျခားပါဘူးမီးတြင္းထဲက ဇနီးသည္ဆီ အခ်ိန္မွီမေရာက္ခဲ့တဲ့ေယာက်ာ္းတစ္ေယာက္..သူ႔ကေလးေမြးတာနဲ႔ ပက္သက္ၿပီးတကယ့္အမွန္တရားဟာ..သူဟာေနာက္က်ခဲ့တဲ့ ဖခင္ဆိုတဲ့ အမွန္တရားပါပဲ။

ဒီအတြက္ သူ စိတ္မေကာင္းျဖစ္ခဲ့ရတယ္။ေရာက္ခဲ့တယ္ဆိုရင္ေရာ…သားဖြားခန္းထဲ ေယာက်ာ္းဝင္ခြင့္မရွိတဲ့အတြက္ဘာမ်ား ထပ္ထူးျခားမလဲ။မထူးျခားပါဘူး..ဒါေပမဲ့ ေနာက္က်ခဲ့တယ္ဆိုတဲ့အမွန္တရားကေတာ့ ျငင္းမရပါဘူး…။

ဒီလို… ခါးသီးတဲ့ အမွန္တရားေတြအစား..သူ႔ကေလးကို ပ်ိဳးေထာင္ဖို႔ဇာတ္လမ္းလွလွေလးေတြ တည္ေဆာက္ခဲ့ပါတယ္။သူတကယ္ ႀကဳံခဲ့ရတဲ့ ဒုကၡေတြအစားအမွန္တရားတခ်ိဳ႕တဝက္သင္ခန္းစာ တခ်ိဳ႕တဝက္နဲ႔တကယ့္အျဖစ္အပ်က္ေတြကိုသူ႔သားကို ပုံစံေျပာင္း ေျပာျပခဲ့ပါတယ္။

ဖုံးထားတဲ့ အမွန္တရားကိုမွျမင္ခ်င္တက္ၾကတဲ့ လူ႔ သဘာဝအတိုင္းသူ႔သားက အမွန္တရားကို ရွာေဖြဖို႔ႀကိဳးစားလာခဲ့တဲ့အခါ…….။သူဘာေတြသိရမလဲ ခံစားၾကရမွာပါ။ဘယ္ေတာ့မွ မေဟာင္းသြားတဲ့ဟာသတစ္ပုဒ္ကို ၾကားဖူးၾကလား..ျပန္ၾကားရတိုင္း ပထမတုန္းကဘာလို႔ရယ္ရသလဲ ေမ့သြားၿပီးအသစ္ျပန္ျဖစ္သြားတဲ့ ဟာသမ်ိဳး..။

ဒီလိုမ်ိဴး ပုံျပင္တစ္ပုဒ္ကိုအႀကိမ္ေရေထာင္ခ်ီ ေျပာခဲ့တဲ့ လူတစ္ေယာက္ကိုဒီဇာတ္ကားမွာ ခင္ဗ်ားတို႔ ေတြ႕ရမွာပါ။လူတစ္ေယာက္ဟာ ဒ႑ာရီတစ္ပုဒ္ကိုအခါခါ အထပ္ထပ္ေျပာရင္း သူကိုယ္တိုင္အဲ့ဒီ ဒ႑ာရီ ျဖစ္လာတယ္။..

သူတို႔ မရွိေတာ့ေပမဲ့ အဲ့ဒီ ဒ႑ာရီေတြက ရွိတုန္းပါ..ထာဝရ ရွင္သန္ႏိုင္ခဲ့တယ္…။သူ႔အေဖမရွိေတာ့ေပမဲ့သူ႔ကေလးေတြကိုသူ႔အေဖရဲ႕အေၾကာင္းပုံျပင္ေတြကိုေျပာေနတဲ့ အေဖတစ္ေယာက္ရဲ႕ေပ်ာ္႐ႊင္မႈကို ဒီကားမွာ မပါေပမဲ့ကြၽန္ေတာ္တို႔ရဲ႕ စိတ္အလ်ဥ္နဲ႔ပဲတူးေဖာ္ၾကည့္ရေအာင္…။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Up Stream) Large Size ~ Download

(Megaup.net) Large Size ~ Download

(Yoteshin Portal) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *