Billy Lynn’s Long Halftime Walk (2016)

16075
Share
Copy the link

Billy Lynn’s ကို မတင်ခင် အညွှန်းရေးဖို့ အများကြီး စဉ်းစားမိတယ်…ရုပ်ရှင်က အညွှန်းထပ် အများကြီး ပိုလေးနက် နေတယ်…Lynn ဆိုတဲ့ စစ်သားလေးဟာ အီရတ် က စစ်မြေပြင်မှာ သူ့ အရာရှိ တပ်ကြပ်ကြီးကို အသက်စွန့်ပြီးဝင်ကယ်နေစဉ်မီဒီယာ သတင်းထောက်တွေ ရဲ့ ကင်မရာမှာ ရိုက်ကူးမိပြီး နာမည်ကြီးသွားခဲ့ပါတယ်…

သူနဲ့ အတူ သူတို့ တပ်ဖွဲ့ ကို ဘရာဗို လို့ နာမည်ပေးခဲ့ပြီး နားရက် ၂ ပတ်ပေးခဲ့ကာသူတို့ မြို့တွင် အခန်းအနားဖြင့် ကြိုဆိုခဲ့ကြပါတယ်….ဒီအခန်း ရောက်တဲ့ အထိ ကျနော် မရှင်းသေးပါဘူး ဇတ်လမ်းသဘောကိုလဲ နားမလည်နိုင်သေးဘူးအမြဲတမ်း ရိုးရိုးကုတ်ကုတ် နေထိုင်နေတဲ့ Lynn ဟာလဲ ဘယ်လိုမျိုးလဲ မသိသေးပါဘူး…

အဲ့ဒီအချိန်မှာပဲ ကြိုဆိုပွဲ အခန်းအနားကို လာခေါ်တဲ့ ဇိမ်ခံကားပေါ်မှာပဲ Lynn ဟာ သူ့နောက်ကြောင်းကိုပြန်တွေးမိတဲ့ အခါ သူ့ရဲ့ အကြောင်း သူ့မိသားစု သူ စစ်တပ်ထဲ ဘာကြောင့်ဝင်ခဲ့ရတယ်ဆိုတာတွေ ပါလာပါတယ်…ဒီဇတ်ကားကို ဒီလောက်နဲ့ပဲ ပြောပြတာ ရပ်နားပါရစေ ဒီစာကို ဖတ်တာ ရပ်ပြီး Download ဆွဲကြည့်စေချင်ပါတယ်…

စစ်ပွဲ ရဲ့ သဘောသဘာ၀ တွေ တပ်ရဲ့ အမိန့်အာဏာ တွေ နဲ့ စစ်သားဆိုရင် တာဝန်အရ စစ်တိုက်နေရတယ်လို့ထင်နေတဲ့ အပြင်လူတွေ ရဲ့ အမြင် စစ်သား ဘ၀ ကို မခံစားတက်တဲ့ အပြင်လူတွေ နဲ့အတော်များများဟာ ဆန့်ကျင်ဘက်တွေ ရယ်…အပြင်လူတွေ ထင်နေတာ တစ်မျိုး အသက်ကို ဖက်နဲ့ ထုပ်ထားရတဲ့ စစ်သားတွေက ဘ၀ တစ်မျိုး ဟာနှိုင်းယှဉ်ပြထားတာတွေက ရင်ထဲထိ ရောက်စေတဲ့ ဇတ်လမ်းပါပဲ….

ဘာပဲ ဖြစ်ဖြစ် စစ်ကား မကြိုက်တဲ့ ကျနော်တောင် ကြိုက်မိတဲ့ ရုပ်ရှင်တစ်ခု အဖြစ်အမွှန်းတင်ပါရစေ…ဒီဇတ်ကားမှာ နာမည်ကျော်မင်းသားကြီး Vin Diesel ပါဝင်သလို အခြား နာမည်ကြီးများဖြစ်တဲ့Twilight ဇတ်ကား နှင့် နာမည်ကြီးခဲ့တဲ့ မင်းသမီးချော Kristen Stewart က Lynn ရဲ့ အစ်မ အနေဖြင့်ပါဝင်သရုပ်ဆောင်ထားသလို

ဟာသမင်းသား လို့ လူတိုင်းသိတဲ့ Chris Tucker နှင့်Pink Panther ကားတွေ ရဲ့ စုံထောက်သရုပ်ဆောင် မင်းသားကြီး Steve Martin တို့ ပါဝင်ပါတယ်..ကဲ ပိတ်ကားထက်မှာ ဆက်ကြည့်လိုက်ရအောင်….

Zawgyi







megaup.net (Megaup.net) Large Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *