Bird Box (2018)

15033
Share
Copy the link

ကမ္ဘာကြီးမှာ ဒုက္ခတွေ အလိုရမက်လောဘသားတွေ ထူပြောလာတာနဲ့အမျှဆေးကြောသုတ်သင်မယ့်သူတွေပေါ်လာစမြဲပါပဲ Kingmans:The Secret Serviceထဲက ဗယ်လတိုင်းလိုမျိုး ဒါမှမဟုတ်Avengers:Age of Ultron ထဲက Ultronကြီးလိုမျိုးပေါ့ ဒါပေမယ့်အခုဇာတ်ကားမှာတော့ နတ်ဆိုးလိုလိုဘာလိုလိုအမျိုးအမည်မသိတဲ့ ကောင်ကြီးအနေနဲ့မြင်ရမှာပါ

သူတို့ကို မမြင်ရဘူး မြင်ရ ရင်လဲအဲ့လူကအသက်မရှင်ဘူး ကိုယ့်ကိုကိုယ်သတ်သေမိတော့တာပဲ ဇာတ်လမ်းအကျဉ်းကတော့ အဲ့သဘာဝလွန်ကောင်ကြီးထွက်လာတယ်ပေါ့ လူတွေလဲ အစကမသိတော့ကြည့်မိကြပြီး ရူးကုန်တယ် ကိုယ့်ကိုကိုယ်သတ်သေတယ် စိတ်တွေ လွတ်ထွက်ကုန်တယ်

တစ်ရက် မယ်လိုရီဆိုတဲ့ ကျွန်တော်တို့မင်းသမီးချောကြီး Sandra Bullock တစ်ယောက် သူ့ညီမဖြစ်သူနဲ့ ဗိုက်သွားပြတာပေါ့ လမ်းမှာ အဲ့ကမ္ဘာပျက်မယ့်အဖြစ်အပျက်နဲ့ ကြုံတွေ့မိတာပဲ ကံကောင်းချင်တော့ကယ်မယ့်သူပေါ်လာပြီး အိမ်တစ်အိမ်ထဲရောက်ခဲ့တယ် အဲ့အိမ်မှာလဲအခြားသူတွေရှိတာပေါ့

ဒီတော့ဇာတ်လမ်းက survivalဇာတ်လမ်း အဲ့အိမ်ထဲမှာပိတ်မိနေတဲ့သူတို့Medusa လိုမျိုးအကြည့်တစ်ချက်နဲ့ရူးစေတဲ့နတ်ဆိုးကြီးဘေးက ကမ္ဘာပျက်ကပ်ဆိုက်နေတဲ့ဘေးကဘယ်လိုရှင်သန်အောင်လုပ်ကြမလဲ ဇာတ်သိမ်းလေးဘယ်လိုဖြစ်သွားမလဲကတော့ ကိုယ့်ဖာသာပဲကြည့်ရှုခံစားကြည့်ပါ

ဆိုတော့ ဒီကားလေးက rating သိပ်မများပေမယ့် အတော်လေးသပ်ရပ်လှပတဲ့ကားလို့မြင်မိပါတယ် နာမည်လေးကလဲBird Box ငှက်အိမ်လေးတဲ့ ဒီနာမည်ပေးထားတာလေးကိုချီးကျူးမိတယ် ဇာတ်လမ်းနဲ့လဲဆက်စပ်နေတာကိုး ဆိုတော့ကာ plotကကျွန်တော်ပြောခဲ့သလိုပဲဘာမှ သိပ်ထူးထူးခြားခြားကြီးမရှိဘူး

ဒါပေမယ့်ကြည့်ရတာတော့သိပ်ကိုထူးခြားမှာပါ အဲ့လိုထူးခြားအောင်လဲ မင်းသမီးကြီး Sandra Bullockကဆွဲခေါ်ပေးသွားတာပါ ကလေးသရုပ်ဆောင်နှစ်ယောက်ကလျှမ်းလျှမ်းတောက်ပဲမင်းသမီးကြီးကို The Blind Side တို့Gravity တို့မှာကတည်းကကြွေတာ အခုဒီကားမှာလဲ သူတစ်ယောက်တည်းနဲ့တင်ဇာတ်အိမ်တစ်ခုလုံးစလယ်ဆုံး survivalဆိုတဲ့အခြေနေကိုပေါ်လွင်အောင်ဖမ်းစားပေးနိုင်တယ်

ဒီကားက thriller နဲ့ dramatype လို့ပြောထားပေမယ့် thriller ကိုတော့သိပ်မခံစားရဘူး drama ဘက်ပိုအလေးသာတယ်လို့ ထင်မိတယ်အဲ့ဒါကလဲ ဒါရိုက်တာ Susanne Bier ကြောင့်နေမယ်သူက drama တွေအရိုက်များတယ်ဆိုတော့thriller ဖြစ်စေမယ့် scene တွေမှာသမားရိုးကျဆန်နေတယ်

ဒီ Bird Box လေးဟာ 2014 ကအမေရီကန်စာရေးဆရာ Josh Malermanရဲ့ ဝတ္ထုကိုပြန်အသက်သွင်းထားတာမို့လို့movie ရဲ့ပေးချင်တဲ့ message က စာအုပ်နဲ့ထပ်တူထပ်မျှပါပဲ demon ကောင်တွေဘာညာတွေက အဓိကမဟုတ်ဘူးပေါ့

သင်သာ survival အခြေနေရောက်ရင်ဘယ်သွားသွားမျက်လုံးအဝတ်စည်းပြီးသွားရ မယ်ဆိုရင်ဘယ်လိုခံစားရမလဲဘယ်လောက်ထိ ရဲဆေးတင်ဖို့လိုမလဲဆိုတာကို မိန်းမတစ်ယောက်ရဲ့ ခွန်အားဆုံးဖြတ်နိုင်စွမ်းနဲ့ Sandra Bullock ရဲ့ အနုပညာအရောနှောလေးပေါင်းပြီးEnd of the Worldဖီလင်လေးကို ခံစားကြည့်ရတာ သင့်အတွက်တွေးစရာလေးတစ်ခုရသွားမယ်ဆိုရင်တော့မမှားပါဘူး

Zawgyi

ကမာၻႀကီးမွာ ဒုကၡေတြ အလိုရမက္ေလာဘသားေတြ ထူေျပာလာတာနဲ႔အမွ်ေဆးေၾကာသုတ္သင္မယ့္သူေတြေပၚလာစၿမဲပါပဲ Kingmans:The Secret Serviceထဲက ဗယ္လတိုင္းလိုမ်ိဳး ဒါမွမဟုတ္Avengers:Age of Ultron ထဲက Ultronႀကီးလိုမ်ိဳးေပါ့ ဒါေပမယ့္အခုဇာတ္ကားမွာေတာ့ နတ္ဆိုးလိုလိုဘာလိုလိုအမ်ိဳးအမည္မသိတဲ့ ေကာင္ႀကီးအေနနဲ႔ျမင္ရမွာပါ

သူတို႔ကို မျမင္ရဘူး ျမင္ရ ရင္လဲအဲ့လူကအသက္မရွင္ဘူး ကိုယ့္ကိုကိုယ္သတ္ေသမိေတာ့တာပဲ ဇာတ္လမ္းအက်ဥ္းကေတာ့ အဲ့သဘာဝလြန္ေကာင္ႀကီးထြက္လာတယ္ေပါ့ လူေတြလဲ အစကမသိေတာ့ၾကည့္မိၾကၿပီး ႐ူးကုန္တယ္ ကိုယ့္ကိုကိုယ္သတ္ေသတယ္ စိတ္ေတြ လြတ္ထြက္ကုန္တယ္

တစ္ရက္ မယ္လိုရီဆိုတဲ့ ကြၽန္ေတာ္တို႔မင္းသမီးေခ်ာႀကီး Sandra Bullock တစ္ေယာက္ သူ႔ညီမျဖစ္သူနဲ႔ ဗိုက္သြားျပတာေပါ့ လမ္းမွာ အဲ့ကမာၻပ်က္မယ့္အျဖစ္အပ်က္နဲ႔ ႀကဳံေတြ႕မိတာပဲ ကံေကာင္းခ်င္ေတာ့ကယ္မယ့္သူေပၚလာၿပီး အိမ္တစ္အိမ္ထဲေရာက္ခဲ့တယ္ အဲ့အိမ္မွာလဲအျခားသူေတြရွိတာေပါ့

ဒီေတာ့ဇာတ္လမ္းက survivalဇာတ္လမ္း အဲ့အိမ္ထဲမွာပိတ္မိေနတဲ့သူတို႔Medusa လိုမ်ိဳးအၾကည့္တစ္ခ်က္နဲ႔႐ူးေစတဲ့နတ္ဆိုးႀကီးေဘးက ကမာၻပ်က္ကပ္ဆိုက္ေနတဲ့ေဘးကဘယ္လိုရွင္သန္ေအာင္လုပ္ၾကမလဲ ဇာတ္သိမ္းေလးဘယ္လိုျဖစ္သြားမလဲကေတာ့ ကိုယ့္ဖာသာပဲၾကည့္ရႈခံစားၾကည့္ပါ

ဆိုေတာ့ ဒီကားေလးက rating သိပ္မမ်ားေပမယ့္ အေတာ္ေလးသပ္ရပ္လွပတဲ့ကားလို႔ျမင္မိပါတယ္ နာမည္ေလးကလဲBird Box ငွက္အိမ္ေလးတဲ့ ဒီနာမည္ေပးထားတာေလးကိုခ်ီးက်ဴးမိတယ္ ဇာတ္လမ္းနဲ႔လဲဆက္စပ္ေနတာကိုး ဆိုေတာ့ကာ plotကကြၽန္ေတာ္ေျပာခဲ့သလိုပဲဘာမွ သိပ္ထူးထူးျခားျခားႀကီးမရွိဘူး

ဒါေပမယ့္ၾကည့္ရတာေတာ့သိပ္ကိုထူးျခားမွာပါ အဲ့လိုထူးျခားေအာင္လဲ မင္းသမီးႀကီး Sandra Bullockကဆြဲေခၚေပးသြားတာပါ ကေလးသ႐ုပ္ေဆာင္ႏွစ္ေယာက္ကလွ်မ္းလွ်မ္းေတာက္ပဲမင္းသမီးႀကီးကို The Blind Side တို႔Gravity တို႔မွာကတည္းကေႂကြတာ အခုဒီကားမွာလဲ သူတစ္ေယာက္တည္းနဲ႔တင္ဇာတ္အိမ္တစ္ခုလုံးစလယ္ဆုံး survivalဆိုတဲ့အေျခေနကိုေပၚလြင္ေအာင္ဖမ္းစားေပးႏိုင္တယ္

ဒီကားက thriller နဲ႔ dramatype လို႔ေျပာထားေပမယ့္ thriller ကိုေတာ့သိပ္မခံစားရဘူး drama ဘက္ပိုအေလးသာတယ္လို႔ ထင္မိတယ္အဲ့ဒါကလဲ ဒါ႐ိုက္တာ Susanne Bier ေၾကာင့္ေနမယ္သူက drama ေတြအ႐ိုက္မ်ားတယ္ဆိုေတာ့thriller ျဖစ္ေစမယ့္ scene ေတြမွာသမား႐ိုးက်ဆန္ေနတယ္

ဒီ Bird Box ေလးဟာ 2014 ကအေမရီကန္စာေရးဆရာ Josh Malermanရဲ႕ ဝတၳဳကိုျပန္အသက္သြင္းထားတာမို႔လို႔movie ရဲ႕ေပးခ်င္တဲ့ message က စာအုပ္နဲ႔ထပ္တူထပ္မွ်ပါပဲ demon ေကာင္ေတြဘာညာေတြက အဓိကမဟုတ္ဘူးေပါ့

သင္သာ survival အေျခေနေရာက္ရင္ဘယ္သြားသြားမ်က္လုံးအဝတ္စည္းၿပီးသြားရ မယ္ဆိုရင္ဘယ္လိုခံစားရမလဲဘယ္ေလာက္ထိ ရဲေဆးတင္ဖို႔လိုမလဲဆိုတာကို မိန္းမတစ္ေယာက္ရဲ႕ ခြန္အားဆုံးျဖတ္ႏိုင္စြမ္းနဲ႔ Sandra Bullock ရဲ႕ အႏုပညာအေရာေႏွာေလးေပါင္းၿပီးEnd of the Worldဖီလင္ေလးကို ခံစားၾကည့္ရတာ သင့္အတြက္ေတြးစရာေလးတစ္ခုရသြားမယ္ဆိုရင္ေတာ့မမွားပါဘူး

Bird Box

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *