BlacKkKlansman (2018)

13674
Share
Copy the link

ဒီဇာတ်လမ်းလေးကတော့ ၁၉၇၀အစောပိုင်းက အမေရိကန်နိုင်ငံကော်လိုရာဒိုပြည်နယ်ရဲ့ ကော်လိုရာဒိုစပရင်းမြို့ရဲဌာနမှာပထမဦးဆုံး တာဝန်ထမ်းဆောင်နိုင်ခဲ့တဲ့အာဖရိကန်-အမေရိကန် နီဂရိုးစုံထောက်တစ်ယောက်ဖြစ်တဲ့ရွန် စတောလ်ဝေါ့ရဲ့ ဖြစ်ရပ်မှန်ကိုရိုက်ကူးပုံဖော်ထားတာပါ…

အဲ့ခေတ်အခါက လူမည်းတွေနဲ့ တခြားမျိုးနွယ်ဝင်တွေ(ဥပမာ – ဂျူးလူမျိုးများ)ကို ခွဲခြားဆက်ဆံပြီးလူဖြူမျိုးနွယ်တွေသာမြင့်မြတ်သည်ဟု ခံယူထားကြသည့်“Ku Klux Klan” လို့အမည်ရတဲ့ လူဖြူဝါဒကြီးစိုးရေးအဖွဲ့လဲပေါ်ပေါက်လျက်ရှိပါတယ်…

ဒီရုပ်ရှင်ထဲမှာတော့ နီဂရိုးလူမျိုးတစ်ယောက်ဖြစ်တဲ့ ရွန် စတောလ်ဝေါ့အနေနဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ ဂျူးအနွယ်ဝင် ဖလစ် ဇင်မာမန်းနဲ့အတူ“KKK” အဖွဲ့ထဲ ဘယ်လို လျှို့ဝှက်အသွင်ပြောင်းဝင်ရောက်ပြီးတော့အဖွဲ့ရဲ့သတင်းအချက်အလက်တွေကို ရယူမလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ…

ထိုခေတ်အခါက အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ လူဖြူမဟုတ်တဲ့မျိုးနွယ်ဝင်တွေဖြစ်ကြတဲ့ နီဂရိုးလူမည်းတွေနဲ့ တခြားအနွယ်ဝင်တွေဘယ်လိုဒုက္ခခံစားရတယ်ဆိုတာကိုလဲ တွေ့မြင်နိုင်ပါသေးတယ်…

Zawgyi





megaup.net (Megaup.net) Large Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *