Blood Fest (2018)

16780
Share
Copy the link

ဒီကားလေးအကြောင်းစမပြောခင် Blood Fest ဆိုတဲ့နာမည်အကြောင်းကိုအရင်စပြောလိုက်ရအောင်….Blood Fest ဆိုတာ သွေးသံရဲရဲနဲ့ကစားရတဲ့ ကစားနည်းတစ်မျိုးဖြစ်ပြီးတော့ဒီကစားနည်းဟာ အရမ်းကိုကျယ်ဝန်းလှတဲ့ ဧက၂၀ မြေကွက်ကြီးတစ်ခုမှာပြုလုပ်တဲ့ဆယ်စုနှစ်ရဲ့အကောင်းဆုံးသော ” သွေးသံရဲရဲ ဧည့်ခံပွဲ ” ကစားနည်းလို့လည်း
နာမည်ပေးထားပါတယ်…..

အဲကွင်းကြီးထဲမှာ နာမည်ကြီး Horror ရုပ်ရှင်တွေထဲက လူသတ်သမားတွေရဲ့ပုံစံသရုပ်ဆောင်တွေကိုထည့်သွင်းထားပြီးတော့ ပါဝင်ကစားတဲ့ လူတွေကိုခြောက်လှန့်စေတာဖြစ်ပါတယ်…Vampire , Zombie , Clown , The Arborist , Red အစရွိတဲ့နာမည်ကျော်မကောင်းဆိုးဝါးတွေကို ဒီ Horror ကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်….

ဟောလိုဝင်းညပါတီပွဲကို ပျော်ချင်လို့ဆိုပြီး ဒီကွင်းကြီးထဲကိုဂိမ်းကစားဖို့ရောက်လာကြတဲ့ ဆယ်ကျော်သက်လေးသုံးယောက်ဟာတကယ်တမ်း ဂိမ်းမဟုတ်ပဲ ကြမ်းတမ်းတဲ့အရာတွေနဲ့တွေ့ကြုံလာရတဲ့အခုလွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်…

တစ်ကွင်းလုံးမှာလည်း အတုအယောင်တွေပြုလုပ်ထားတဲ့သရဲကားတွေထဲကလို စိတ္တဆေးရုံတွေ သချိင်္ုင်းတွေနဲ့နာမည်ကြီးရုပ်ရှင်တွေထဲက နာမည်ကျော်လူသတ်သမားတွေနဲ့ဂိမ်းကစားနေတာမဟုတ်တော့ပဲ သေရေးရှင်ရေးအတွက်အဲကွင်းထဲကနေလွတ်မြောက်နိုင်အောင်ကြိုးစားရတော့မှာပါ…

.Horror ကားဆိုပေမယ့် ဒီကားဟာ ဟာသလေးတွေနှောပြီးရိုက်ပြထားတာပါ….ဒါပေမယ့် Horror ကားရဲ့အနှစ်အရသာကိုတော့ ပျောက်ပျက်သွားတာမျိုးမဟုတ္ပါဘူး…တချို့အခန်းတွေက ကြောက်စရာကောင်းသလို တချို့အခန်းတွေမှာလည်း စိတ်ပေါ့ပါးစွာနဲ့ရယ်မောမိကြမှာပါ…..

ဒါကြောင့် ဒီဇာတ်ကားလေးကို ကြည့်သင့်မကြည့်သင့်ကိုကတော့သင်တို့ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ကြပါ….

Zawgyi

နာမည်ပေးထားပါတယ်…..






mega.nz (Mega) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *