Bloody Hell (2020)
14362ဒီတစ်ခါမှာတော့ Horror ဇာတ်ကားကောင်းလေးတစ်ကားနဲ့ ပရိသတ်ကြီးကိုမိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ January 14/ 2021 တုန်းက ထွက်ရှိထားတာဖြစ်ပြီးတော့ IMDb 6.5/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
Bloody Hell ဆိုတဲ့အတိုင်း ငရဲပြည်ရောက်သွားသလို ကြောက်မက်ဖွယ်ဒုက္ခပေါင်းစုံကြားက လွတ်မြောက်အောင်အသက်လုပြေးကြရတာကို သည်းထိတ်ရင်ဖိုခံစားကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ ရတ်စ်ဟာ စစ်တပ်ကအနားယူထားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူဘဏ်တစ်ခုမှာရှိနေတုန်း ဘဏ်ထဲကို လက်နက်ကိုင်လူတစ်စုဝင်ရောက်လာပြီး လုယက်သတ်ဖြတ်ပါတော့တယ်။ မက်ဒီဆိုတဲ့အမျိုးသမီးကိုကယ်တင်ဖို့ကြိုးစားရင်း မမျှော်လင့်ဘဲလူသတ်မိလိုက်ပါတယ်။
လူတစ်ချို့ရဲ့အမြင်မှာတော့ သူ့ကိုသူရဲကောင်းလို့တင်စားကြပေမယ့် အများစုကတော့ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားတစ်ယောက်လို့သတ်မှတ်ကြပါတယ်။ ဒီအမှုနဲ့သူဟာ ဆယ်စုနှစ်တစ်ခုကြာအောင် ထောင်နန်းစံလိုက်ရပါတော့တယ်။
ထောင်ထဲကထွက်လာပြီးတဲ့နောက် လူတွေကိုစိတ်နာတာနဲ့ အမေရိကန်ကနေ ဖင်လန်နိုင်ငံကို အလည်အပတ်ခရီးထွက်လာပါတယ်။ လေဆိပ်မှာ ထူးဆန်းတဲ့လင်မယားနဲ့စုံမိပါတယ်။ ဖင်လန်ကိုရောက်တော့ တက္ကစီငှါးစီးရင်း စောစောကတွေ့ခဲ့တဲ့လင်မယားရဲ့ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရပါတယ်။
သူ့ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့ မိသားစုတစ်ခုလုံးမှာ အာလီယာဆိုတဲ့မိန်းကလေးကလွဲပြီးကျန်တဲ့လူတွေအားလုံးဟာ ရက်စက်ကြမ်းကြုတ်ပြီး လူသားစားတဲ့လူတွေဖြစ်နေပါတယ်။ ရတ်စ်ကိုမြေအောက်ခန်းထဲမှာဖမ်းချုပ်ထားတုန်း သူရဲ့ခြေထောက်တစ်ဖက်ကိုဖြတ်ပစ်လိုက်ပါတယ်။
ာလီယာရဲ့အကူအညီနဲ့ မြေအောက်ခန်းထဲကနေ ရတ်စ်ဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲ ၊ ခြေထောက်တစ်ဖက်ဘဲရှိတော့တဲ့ ရက်စ်ဟာ လူမဆန်တဲ့လူတွေလက်ထဲက လွတ်မြောက်အောင်ထွက်ပြေးနိုင်ပါ့မလား၊
သူတို့ရဲ့အစာ ဖြစ်သွားမလား၊ အာလီယာနဲ့အတူ ကြောက်စရာအရမ်းကောင်းတဲ့ ဒီအိမ်ကြီးထဲကနေ ဘယ်လိုထွက်ပြေးကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ကြည့်ရှုပေးပါဦး ပရိသတ်ကြီးရေ….
Zawgyi
ဒီတစ္ခါမွာေတာ့ Horror ဇာတ္ကားေကာင္းေလးတစ္ကားနဲ႔ ပရိသတ္ႀကီးကိုမိတ္ဆက္ေပးခ်င္ပါတယ္။ ဒီဇာတ္ကားေလးကေတာ့ January 14/ 2021 တုန္းက ထြက္ရွိထားတာျဖစ္ၿပီးေတာ့ IMDb 6.5/10 ရရွိထားတဲ့ ဇာတ္ကားေကာင္းေလးျဖစ္ပါတယ္။
Bloody Hell ဆိုတဲ့အတိုင္း ငရဲျပည္ေရာက္သြားသလို ေၾကာက္မက္ဖြယ္ဒုကၡေပါင္းစုံၾကားက လြတ္ေျမာက္ေအာင္အသက္လုေျပးၾကရတာကို သည္းထိတ္ရင္ဖိုခံစားၾကည့္ရႈရမွာျဖစ္ပါတယ္။
ဇာတ္လမ္းအက်ဥ္းေလးကေတာ့ ရတ္စ္ဟာ စစ္တပ္ကအနားယူထားတဲ့လူတစ္ေယာက္ျဖစ္ပါတယ္။ တစ္ေန႔ သူဘဏ္တစ္ခုမွာရွိေနတုန္း ဘဏ္ထဲကို လက္နက္ကိုင္လူတစ္စုဝင္ေရာက္လာၿပီး လုယက္သတ္ျဖတ္ပါေတာ့တယ္။ မက္ဒီဆိုတဲ့အမ်ိဳးသမီးကိုကယ္တင္ဖို႔ႀကိဳးစားရင္း မေမွ်ာ္လင့္ဘဲလူသတ္မိလိုက္ပါတယ္။
လူတစ္ခ်ိဳ႕ရဲ႕အျမင္မွာေတာ့ သူ႔ကိုသူရဲေကာင္းလို႔တင္စားၾကေပမယ့္ အမ်ားစုကေတာ့ ရက္စက္ၾကမ္းၾကဳတ္တဲ့ လူသတ္သမားတစ္ေယာက္လို႔သတ္မွတ္ၾကပါတယ္။ ဒီအမႈနဲ႔သူဟာ ဆယ္စုႏွစ္တစ္ခုၾကာေအာင္ ေထာင္နန္းစံလိုက္ရပါေတာ့တယ္။
ေထာင္ထဲကထြက္လာၿပီးတဲ့ေနာက္ လူေတြကိုစိတ္နာတာနဲ႔ အေမရိကန္ကေန ဖင္လန္ႏိုင္ငံကို အလည္အပတ္ခရီးထြက္လာပါတယ္။ ေလဆိပ္မွာ ထူးဆန္းတဲ့လင္မယားနဲ႔စုံမိပါတယ္။ ဖင္လန္ကိုေရာက္ေတာ့ တကၠစီငွါးစီးရင္း ေစာေစာကေတြ႕ခဲ့တဲ့လင္မယားရဲ႕ဖမ္းဆီးေခၚေဆာင္ခံလိုက္ရပါတယ္။
သူ႔ကိုဖမ္းဆီးေခၚေဆာင္သြားတဲ့ မိသားစုတစ္ခုလုံးမွာ အာလီယာဆိုတဲ့မိန္းကေလးကလြဲၿပီးက်န္တဲ့လူေတြအားလုံးဟာ ရက္စက္ၾကမ္းၾကဳတ္ၿပီး လူသားစားတဲ့လူေတြျဖစ္ေနပါတယ္။ ရတ္စ္ကိုေျမေအာက္ခန္းထဲမွာဖမ္းခ်ဳပ္ထားတုန္း သူရဲ႕ေျခေထာက္တစ္ဖက္ကိုျဖတ္ပစ္လိုက္ပါတယ္။
ာလီယာရဲ႕အကူအညီနဲ႔ ေျမေအာက္ခန္းထဲကေန ရတ္စ္ဘယ္လိုလြတ္ေျမာက္ေအာင္ႀကိဳးစားမလဲ ၊ ေျခေထာက္တစ္ဖက္ဘဲရွိေတာ့တဲ့ ရက္စ္ဟာ လူမဆန္တဲ့လူေတြလက္ထဲက လြတ္ေျမာက္ေအာင္ထြက္ေျပးႏိုင္ပါ့မလား၊
သူတို႔ရဲ႕အစာ ျဖစ္သြားမလား၊ အာလီယာနဲ႔အတူ ေၾကာက္စရာအရမ္းေကာင္းတဲ့ ဒီအိမ္ႀကီးထဲကေန ဘယ္လိုထြက္ေျပးၾကမလဲဆိုတာ ရင္ခုန္စိတ္လႈပ္ရွားစြာနဲ႔ ဆက္လက္ၾကည့္ရႈေပးပါဦး ပရိသတ္ႀကီးေရ….


(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download