Bori (2020)

17117
Share
Copy the link

မိသားစုမှာ ကိုယ်တစ်ယောက်တည်းကွဲပြားနေတယ်လို့ ခံစားရဖူးပါသလားကျန်တဲ့သူတွေက အတူပျော်ရွှင်နေပြီးကိုယ်တစ်ယောက်တည်းပဲအထီးကျန်နေတယ်ဆိုတဲ့စိတ်ကိုဖြေသိမ့်ချင်တယ်ဆိုရင် ဒီကားလေးကိုညွှန်းပေးချင်ပါတယ်

အဖေ အမေ မောင်လေးဂျောင်ဝူး နဲ့ ဘိုရီတစ်မိသားစုလုံးမှာ တစ်ယောက်တည်းပဲနားကြားရတဲ့ ဘိုရီလေးဟာမိသားစုတွေ လက်ဟန်ခြေဟန်နဲ့စကားပြောတဲ့အချိန်သူတစ်ယောက်တည်းကွဲပြားနေပါလားဆိုတဲ့ အထီးကျန်စိတ်နဲ့ဝမ်းနည်းနေတတ်တဲ့ကလေးမလေးပါ

မိသားစုဝင်တွေလိုပဲ အသံတွေပျောက်သွားချင်တယ်ဆိုတဲ့စိတ်နဲ့ဘိုရီတစ်ယောက် တကယ်ပဲအသံမကြားရတော့တဲ့အချိန်မိသားစုဝင်တွေတွေ့ကြုံရတဲ့ အခက်အခဲတွေကိုကြုံလာရတဲ့အခါသူ့စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ အတူတူဖြစ်သွားပြီလို့တွေးမှာလား

မိသားစုဝင်တွေအတွက် သူဘယ်လောက်အရေးကြီးခဲ့လဲဆိုတာသိလာမှာလား တကယ်ပဲအသံအပြီးပျောက်သွားတာဟုတ်ရဲ့လားဆိုတာဒီကားလေးထဲမှာ အဖြေရှာစေချင်ပါတယ်ဇာတ်ကားလေးက လှပတဲ့ဒရာမာဇာတ်လမ်းလေးပါမိသားစုနဲ့ပတ်သတ်တဲ့ခံစားချက်တစ်ခု ရင်ထဲမှာကျန်နေခဲ့မှာအသေအချာပါပဲ

Zawgyi





(Direct Link) Large Size ~ Download

(Mega) Large Size ~ Coming Soon

(Mega) Small Size ~ Coming Soon

(Megaup.net) Large Size ~ Download

(Megaup.net) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *