Brotherhood of Blades 2 : The Infernal Battlefield (2017)

17993
Share
Copy the link

2014 မှာ ထွက်ရှိခဲ့တဲ့ ‘Brotherhood of Blades’ ရုပ်ရှင် နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပြီး ပထမကားမှာ ပါဝင်ခဲ့တဲ့ မင်းသား Chang Chen အပြင် နာမည်ကျော်မင်းသမီး Yang Mi တို့ ပါဝင်လာပါတယ်။

ပထမကားလိုပဲ မင်အင်ပါယာကို အခြေခံတဲ့ ရုပ်ရှင်ဖြစ်ပြီး အင်ပါယာရဲ့ ကိုယ်ရံတော်အဖွဲ့သား တဦးဖြစ်တဲ့ Shen Lian က သူ့အပေါ် ပူးပေါင်းကြံစည်ထားတဲ့ မတရားမှုရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖော်ထုတ်မှာဖြစ်ပြီး martial arts အသားပေးသွားမှာပါ။

တွဲဖက် ကိုယ်ရံတော်နဲ့ ဓါးသမားအသစ်တွေလည်း ပါဝင်အုံးမှာပါ။2014 မှာ ထွက်ရှိလာတဲ့ Brotherhood of Blades ဟာ ရုပ်ရှင်ကားကောင်းအဖြစ် မှတ်ချက်ကောင်းတွေ အညွှန်းကောင်းတွေ ရခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ဆက်တွဲ ထပ်မံရိုက်ကူးလာခဲ့တာပါ။

ဒီတကြိမ်မှာတော့ Yang Mi, Zhang Yi, Xin Zhi Lei တို့ကို အားဖြည့်လာခဲ့ပါတယ်။ ဒီ sequel ရုပ်ရှင်မှာတော့ ပထမကားမှာ ပါဝင်ခဲ့တဲ့ အခြားကာရိုက်တာတွေ မပါလာတော့ပဲ အဓိကမင်းသားဖြစ်တဲ့ ထိုင်ဝမ်သရုပ်ဆောင် Chang Chen ပဲ ပြန်ပါလာပါတယ်။

တွဲဖက်အဖြစ်တော့ နာမည်ကျော်မင်းသမီးချော Yang Mi (Eternal Love, L.O.R.D: Legend of Ravaging Dynasties) ပါဝင်လာပါတယ်။ ဒါရိုက်တာ Lu Yang ကပဲ ပြန်လည်တာဝန်ယူရိုက်တာဖြစ်ပါတယ်။

ဒါရိုက်တာ Lu Yang ဟာ ဘေဂျင်ရုပ်ရှင်အကယ်ဒမီမှာ ဒါရိုက်တာပိုင်း အဓိကနဲ့ မာစတာဒီဂရီ ရခဲ့သူပါ။ သူပထမဆုံး ရိုက်ကူးတဲ့ My Spectacular Theatre (2010) ဟာ Busan နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Audience Award ဆုရခဲ့ပါတယ်။

Brotherhood of Blades (2014) ဟာ ဒုတိယမြောက် ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ကားဖြစ်ပြီး အောင်မြင်မှုရခဲ့သလို တရုတ်ပြည်ရဲ့ အလားအလာရှိတဲ့ လူငယ်ဒါရိုက်တာအဖြစ်လည်း မှတ်ချက်ကောင်း ရသွားခဲ့ပါတယ်။

Zawgyi

2014 မွာ ထြက္ရွိခဲ့တဲ့ ‘Brotherhood of Blades’ ႐ုပ္ရွင္ ေနာက္ဆက္တြဲ႐ုပ္ရွင္ျဖစ္ၿပီး ပထမကားမွာ ပါဝင္ခဲ့တဲ့ မင္းသား Chang Chen အျပင္ နာမည္ေက်ာ္မင္းသမီး Yang Mi တို႔ ပါဝင္လာပါတယ္။

ပထမကားလိုပဲ မင္အင္ပါယာကို အေျခခံတဲ့ ႐ုပ္ရွင္ျဖစ္ၿပီး အင္ပါယာရဲ႕ ကိုယ္ရံေတာ္အဖြဲ႕သား တဦးျဖစ္တဲ့ Shen Lian က သူ႔အေပၚ ပူးေပါင္းႀကံစည္ထားတဲ့ မတရားမႈရဲ႕ ေနာက္ကြယ္က အမွန္တရားကို ရွာေဖြေဖာ္ထုတ္မွာျဖစ္ၿပီး martial arts အသားေပးသြားမွာပါ။

တြဲဖက္ ကိုယ္ရံေတာ္နဲ႔ ဓါးသမားအသစ္ေတြလည္း ပါဝင္အုံးမွာပါ။2014 မွာ ထြက္ရွိလာတဲ့ Brotherhood of Blades ဟာ ႐ုပ္ရွင္ကားေကာင္းအျဖစ္ မွတ္ခ်က္ေကာင္းေတြ အၫႊန္းေကာင္းေတြ ရခဲ့ပါတယ္။ ဒါေၾကာင့္လည္း ေနာက္ဆက္တြဲ ထပ္မံ႐ိုက္ကူးလာခဲ့တာပါ။

ဒီတႀကိမ္မွာေတာ့ Yang Mi, Zhang Yi, Xin Zhi Lei တို႔ကို အားျဖည့္လာခဲ့ပါတယ္။ ဒီ sequel ႐ုပ္ရွင္မွာေတာ့ ပထမကားမွာ ပါဝင္ခဲ့တဲ့ အျခားကာ႐ိုက္တာေတြ မပါလာေတာ့ပဲ အဓိကမင္းသားျဖစ္တဲ့ ထိုင္ဝမ္သ႐ုပ္ေဆာင္ Chang Chen ပဲ ျပန္ပါလာပါတယ္။

တြဲဖက္အျဖစ္ေတာ့ နာမည္ေက်ာ္မင္းသမီးေခ်ာ Yang Mi (Eternal Love, L.O.R.D: Legend of Ravaging Dynasties) ပါဝင္လာပါတယ္။ ဒါ႐ိုက္တာ Lu Yang ကပဲ ျပန္လည္တာဝန္ယူ႐ိုက္တာျဖစ္ပါတယ္။

ဒါ႐ိုက္တာ Lu Yang ဟာ ေဘဂ်င္႐ုပ္ရွင္အကယ္ဒမီမွာ ဒါ႐ိုက္တာပိုင္း အဓိကနဲ႔ မာစတာဒီဂရီ ရခဲ့သူပါ။ သူပထမဆုံး ႐ိုက္ကူးတဲ့ My Spectacular Theatre (2010) ဟာ Busan ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္မွာ Audience Award ဆုရခဲ့ပါတယ္။

Brotherhood of Blades (2014) ဟာ ဒုတိယေျမာက္ ဒါ႐ိုက္တာအျဖစ္ ႐ိုက္ကူးတဲ့ကားျဖစ္ၿပီး ေအာင္ျမင္မႈရခဲ့သလို တ႐ုတ္ျပည္ရဲ႕ အလားအလာရွိတဲ့ လူငယ္ဒါ႐ိုက္တာအျဖစ္လည္း မွတ္ခ်က္ေကာင္း ရသြားခဲ့ပါတယ္။

megaup.net (Megaup.net) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *