Buck Run (2019)
18666အတိတ်က နာကျင်စရာတွေကို လက်ခံနိုင်ဖို့ ကြိုးစားဖူးလား။ နာကျင်မှုတွေ ဆုံးရှုံးမှုတွေနဲ့ အမှန်တရားတွေကလက်ခံနိုင်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်ပါတယ်…..
ဒီကားမှာတော့ ကင်ဆာရောဂါသည်မိခင် သေသွားပြီးနောက်ပိုင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ မိခင်အလောင်းနဲ့တစ်အိမ်ထဲမှာ အတူနေရတဲ့ ၁၅နှစ်သားအရွယ် ကောင်လေး ရှော။ အမေမရှိတော့မှ အရက်စွဲနေတဲ့ အဖေရောက်လာပြီး အဖေဖြစ်သူ ဝီလီယံနဲ့အတူ နေနိုင်ဖို့ ဖြစ်လာပါတော့တယ်။
ဘဝကို အရက်သောက်၊မိန်းမလိုက်စား၊ အဓိပ္ပါယ်မဲ့စွာဖြတ်သန်းပြီး အတိတ်ကအကြောင်းတွေကနေ ရုန်းမထွက်နိုင်တဲ့ ဝီလီယံ။ မိခင်ကို ဆုံးရှုံးလိုက်ရပြီး ဘေးပတ်ဝန်းကျင်ကအနိုင်ကျင့်ခံရတဲ့ ကောင်လေး၊ ငယ်ငယ်ထဲကထွက်သွားပြီး အခုမှပေါ်လာတဲ့ အဖေနဲ့အတူ သူဘယ်လိုနေထိုင်မလဲ…..သူ့စိတ်ထဲဘာတွေရှိနေမလဲ။
နောက်ဆုံး သူတို့ သားအဖနှစ်ယောက် အတိတ်က နာကျင်စရာတွေကနေ ရုန်းထွက်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားက ဆုတွေလည်း အတော်များများရထားပြီး ဇာတ်လမ်းအေးအေးလေးတွေကိုစီးမျောခံစားတတ်တဲ့သူတွေအဖို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။
Zawgyi
အတိတ္က နာက်င္စရာေတြကို လက္ခံႏိုင္ဖို႔ ႀကိဳးစားဖူးလား။ နာက်င္မႈေတြ ဆုံးရႈံးမႈေတြနဲ႔ အမွန္တရားေတြကလက္ခံႏိုင္ဖို႔အတြက္ အခ်ိန္အတိုင္းအတာတစ္ခုေတာ့ လိုအပ္ပါတယ္…..
ဒီကားမွာေတာ့ ကင္ဆာေရာဂါသည္မိခင္ ေသသြားၿပီးေနာက္ပိုင္း ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ မိခင္အေလာင္းနဲ႔တစ္အိမ္ထဲမွာ အတူေနရတဲ့ ၁၅ႏွစ္သားအ႐ြယ္ ေကာင္ေလး ေရွာ။ အေမမရွိေတာ့မွ အရက္စြဲေနတဲ့ အေဖေရာက္လာၿပီး အေဖျဖစ္သူ ဝီလီယံနဲ႔အတူ ေနႏိုင္ဖို႔ ျဖစ္လာပါေတာ့တယ္။
ဘဝကို အရက္ေသာက္၊မိန္းမလိုက္စား၊ အဓိပၸါယ္မဲ့စြာျဖတ္သန္းၿပီး အတိတ္ကအေၾကာင္းေတြကေန ႐ုန္းမထြက္ႏိုင္တဲ့ ဝီလီယံ။ မိခင္ကို ဆုံးရႈံးလိုက္ရၿပီး ေဘးပတ္ဝန္းက်င္ကအႏိုင္က်င့္ခံရတဲ့ ေကာင္ေလး၊ ငယ္ငယ္ထဲကထြက္သြားၿပီး အခုမွေပၚလာတဲ့ အေဖနဲ႔အတူ သူဘယ္လိုေနထိုင္မလဲ…..သူ႔စိတ္ထဲဘာေတြရွိေနမလဲ။
ေနာက္ဆုံး သူတို႔ သားအဖႏွစ္ေယာက္ အတိတ္က နာက်င္စရာေတြကေန ႐ုန္းထြက္ႏိုင္ပါ့မလားဆိုတာကို ၾကည့္ရႈရမွာပါ။ ဒီဇာတ္ကားက ဆုေတြလည္း အေတာ္မ်ားမ်ားရထားၿပီး ဇာတ္လမ္းေအးေအးေလးေတြကိုစီးေမ်ာခံစားတတ္တဲ့သူေတြအဖို႔ ႀကိဳက္ႏွစ္သက္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Up Stream) Large Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download