Bully Bad Guys (2020)

20319
Share
Copy the link

ဒီဇာတ်ကားလေးမှာတော့ ဂျပန်ကျောင်းသားလူမိုက်အဖွဲ့ကကိုရီးယားအထက်တန်းကျောင်းသားတွေအပေါ်အနိုင်ကျင့်ဖိနှိပ်မှုတွေ လူမျိုးခွဲခြားဆက်ဆံမှုတွေကို အသည်းယားဖွယ်ရိုက်ပြထားတာပဲဖြစ်ပါတယ်။

ဂျင်းမန်ဆိုတဲ့ ကျောင်းသားခေါင်ဆောင်ကောင်လေးကအမြဲ ဘော်ဒါစိတ်ဓါတ်အပြည့်နဲ့ ကိုယ့်သူငယ်ချင်းတွေကိုအကာအကွယ်ပေးတတ်တဲ့အပြင်စိတ်သဘောထားလည်းကောင်းတဲ့အတွက်ကျောင်းသားတွေကြားမှာပေါ်ပြူလာဖြစ်တဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။

တစ်ရက်မှာတော့ ဂျပန်ကျောင်းသားလူဆိုးအဖွဲ့ရဲ့အနိုင်ကျင့်ဗိုလ်ကျတာကို ခံလိုက်ရတဲ့သူငယ်ချင်းတွေကိုကူညီဖို့ ဂျပန်ကျောင်းသားလူဆိုးအဖွဲ့နဲ့ထိပ်တိုက်တွေ့လာပါတော့တယ်။

ကျောင်းသားလူငယ် ဇာတ်လမ်းဖြစ်တဲ့အတွက်လူငယ်အများစုအကြိုက်တွေ့စေမှာဖြစ်ပြီးတော့အက်ရှင်ကြမ်းကြမ်းအပြင် ဟာသရသကိုလည်းတပြိုင်တည်းခံစားလို့ရမယ့် ဇာတ်လမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။

သတ္တိနည်းပြီး စိတ်ဓါတ်ပျော့ညံ့တဲ့အတွက်ဂျပန်အနိုင်ကျင့်တာကို ခံရပြီးတော့ မျိုးချစ်စိတ်ထက်သန်ကြပေမယ့်နိုင်ငံသမိုင်းကြောင်းကို ဂဂဏဏမသိကြတဲ့ခေတ်လူငယ်တွေအားနည်းချက်ကိုမီးမောင်းထိုးပြထားပြီး ဒီလိုအခြေအနေတွေကနေနိုးထဖို့ messageပေးချင်တဲ့ သဘောထားကိုလည်း မြင်တွေ့ရပါတယ်။

Zawgyi

ဒီဇာတ္ကားေလးမွာေတာ့ ဂ်ပန္ေက်ာင္းသားလူမိုက္အဖြဲ႕ကကိုရီးယားအထက္တန္းေက်ာင္းသားေတြအေပၚအႏိုင္က်င့္ဖိႏွိပ္မႈေတြ လူမ်ိဳးခြဲျခားဆက္ဆံမႈေတြကို အသည္းယားဖြယ္႐ိုက္ျပထားတာပဲျဖစ္ပါတယ္။

ဂ်င္းမန္ဆိုတဲ့ ေက်ာင္းသားေခါင္ေဆာင္ေကာင္ေလးကအၿမဲ ေဘာ္ဒါစိတ္ဓါတ္အျပည့္နဲ႔ ကိုယ့္သူငယ္ခ်င္းေတြကိုအကာအကြယ္ေပးတတ္တဲ့အျပင္စိတ္သေဘာထားလည္းေကာင္းတဲ့အတြက္ေက်ာင္းသားေတြၾကားမွာေပၚျပဴလာျဖစ္တဲ့လူငယ္တစ္ေယာက္ျဖစ္ပါတယ္။

တစ္ရက္မွာေတာ့ ဂ်ပန္ေက်ာင္းသားလူဆိုးအဖြဲ႕ရဲ႕အႏိုင္က်င့္ဗိုလ္က်တာကို ခံလိုက္ရတဲ့သူငယ္ခ်င္းေတြကိုကူညီဖို႔ ဂ်ပန္ေက်ာင္းသားလူဆိုးအဖြဲ႕နဲ႔ထိပ္တိုက္ေတြ႕လာပါေတာ့တယ္။

ေက်ာင္းသားလူငယ္ ဇာတ္လမ္းျဖစ္တဲ့အတြက္လူငယ္အမ်ားစုအႀကိဳက္ေတြ႕ေစမွာျဖစ္ၿပီးေတာ့အက္ရွင္ၾကမ္းၾကမ္းအျပင္ ဟာသရသကိုလည္းတၿပိဳင္တည္းခံစားလို႔ရမယ့္ ဇာတ္လမ္းေကာင္းတစ္ခုလည္းျဖစ္ပါတယ္။

သတၱိနည္းၿပီး စိတ္ဓါတ္ေပ်ာ့ညံ့တဲ့အတြက္ဂ်ပန္အႏိုင္က်င့္တာကို ခံရၿပီးေတာ့ မ်ိဳးခ်စ္စိတ္ထက္သန္ၾကေပမယ့္ႏိုင္ငံသမိုင္းေၾကာင္းကို ဂဂဏဏမသိၾကတဲ့ေခတ္လူငယ္ေတြအားနည္းခ်က္ကိုမီးေမာင္းထိုးျပထားၿပီး ဒီလိုအေျခအေနေတြကေနႏိုးထဖို႔ messageေပးခ်င္တဲ့ သေဘာထားကိုလည္း ျမင္ေတြ႕ရပါတယ္။

megaup.net (Megaup.net) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *