Bungee Jumping of Their Own (2001)
16155မင်းသားကြီး လီဗြောင်ဟွန်းရဲ့ ၂၁ ရာစု ခေတ်ဦးက BL ဇာတ်ကားပါ။၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။မြန်မာက “အမျှင်” ဆိုပြီး ပြန်ရိုက်ခဲ့ပါတယ်။
ထိုင်းကတော့ ၂၀၁၉ ခုနှစ် “Dew”ဆိုတဲ့ နာမည်နဲ့ ပြန်ရိုက်ခဲ့ပါတယ်။
ပြန်ရိုက်ထားတဲ့ကားတွေကတော့ မြန်မာမှု၊ထိုင်းမှု ပြုတာ ဖြစ်တဲ့အတွက် မူရင်းကားရဲ့အရသာနဲ့ မတူပါဘူး။ဒီကားမှာတော့ ၁၉၈၀ ဝန်းကျင်က စထားပါတယ်။ဆောအင်ဝူးဆိုတဲ့ ကောင်လေးဟာ လီထယ်ဟီး ဆိုတဲ့ကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိတယ်ဆိုတဲ့ အချစ်မျိုးနဲ့ ချစ်ခဲ့ပြီး တစ်သက်တာပေါင်းဖက်ဖို့အထိ ရည်ရွယ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကံကြမ္မာရဲ့လှည့်စားမှုတွေကြောင့် မမျှော်လင့်ဘဲထယ်ဟီးတစ်ယောက် ဆုံးပါးခဲ့ရပါတယ်။၁၇ နှစ် အကြာမှာတော့ ဆောအင်ဝူးဆိုတဲ့ကောင်လေးဟာအိမ်ထောင်ရက်သားကျပြီးကလေးတစ်ယောက်အဖေ ကျောင်းဆရာတစ်ယောက် ဖြစ်လာခဲ့ပါပြီ။
ခပ်ဆိုးဆိုးကျောင်းသားတွေရဲ့အတန်းပိုင်ဖြစ်လာတဲ့ ဆောအင်ဝူးဟာကျောင်းသား-ဆရာ ဆက်ဆံရေး အရမ်းကို အဆင်ပြေခဲ့ပါတယ်။ဒီအချိန်မှာပဲ ဆောအင်ဝူးတစ်ယောက် အင်ဟွန်ဘင် ဆိုတဲ့ကျောင်းသားတစ်ယောက်အပေါ်ကို ကြွေမိသွားပါတော့တယ်။
ဒါတွေက ဘာကြောင့်များပါလဲ?????ဇာတ်လမ်းထဲမှာ ကျွန်တော်တို့ ဆက်ပြီး အဖြေရှာကြည့်ပါစို့ဗျာ။ဇာတ်ဆောင် မင်းသမီး လီအွန်ဂျူကတော့ ၂၀၀၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ The Scarlet Letter မှာ ပါတဲ့ဖော်ချွတ်အခန်းတွေကြောင့် အိပ်မရတဲ့ရောဂါ စွဲကပ်ခဲ့ပြီး၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ်။
IMDb 7/10 ရထားတဲ့ ဇာတ်ကားဖြစ်တာမို့ တော်တော်လေးကောင်းတဲ့ ရုပ်ရှင်ထဲမှာ ပါဝင်ပါတယ်။
Zawgyi
မင္းသားႀကီး လီေျဗာင္ဟြန္းရဲ႕ ၂၁ ရာစု ေခတ္ဦးက BL ဇာတ္ကားပါ။၂၀၀၁ ခုႏွစ္က ထြက္ရွိခဲ့တဲ့ ဇာတ္ကားပဲ ျဖစ္ပါတယ္။ျမန္မာက “အမွ်င္” ဆိုၿပီး ျပန္႐ိုက္ခဲ့ပါတယ္။
ထိုင္းကေတာ့ ၂၀၁၉ ခုႏွစ္ “Dew”ဆိုတဲ့ နာမည္နဲ႔ ျပန္႐ိုက္ခဲ့ပါတယ္။
ျပန္႐ိုက္ထားတဲ့ကားေတြကေတာ့ ျမန္မာမႈ၊ထိုင္းမႈ ျပဳတာ ျဖစ္တဲ့အတြက္ မူရင္းကားရဲ႕အရသာနဲ႔ မတူပါဘူး။ဒီကားမွာေတာ့ ၁၉၈၀ ဝန္းက်င္က စထားပါတယ္။ေဆာအင္ဝူးဆိုတဲ့ ေကာင္ေလးဟာ လီထယ္ဟီး ဆိုတဲ့ေကာင္မေလးကို ျမင္ျမင္ခ်င္းပဲ ခ်စ္မိတယ္ဆိုတဲ့ အခ်စ္မ်ိဳးနဲ႔ ခ်စ္ခဲ့ၿပီး တစ္သက္တာေပါင္းဖက္ဖို႔အထိ ရည္႐ြယ္ခဲ့ပါတယ္။
ဒါေပမယ့္လည္း ကံၾကမၼာရဲ႕လွည့္စားမႈေတြေၾကာင့္ မေမွ်ာ္လင့္ဘဲထယ္ဟီးတစ္ေယာက္ ဆုံးပါးခဲ့ရပါတယ္။၁၇ ႏွစ္ အၾကာမွာေတာ့ ေဆာအင္ဝူးဆိုတဲ့ေကာင္ေလးဟာအိမ္ေထာင္ရက္သားက်ၿပီးကေလးတစ္ေယာက္အေဖ ေက်ာင္းဆရာတစ္ေယာက္ ျဖစ္လာခဲ့ပါၿပီ။
ခပ္ဆိုးဆိုးေက်ာင္းသားေတြရဲ႕အတန္းပိုင္ျဖစ္လာတဲ့ ေဆာအင္ဝူးဟာေက်ာင္းသား-ဆရာ ဆက္ဆံေရး အရမ္းကို အဆင္ေျပခဲ့ပါတယ္။ဒီအခ်ိန္မွာပဲ ေဆာအင္ဝူးတစ္ေယာက္ အင္ဟြန္ဘင္ ဆိုတဲ့ေက်ာင္းသားတစ္ေယာက္အေပၚကို ေႂကြမိသြားပါေတာ့တယ္။
ဒါေတြက ဘာေၾကာင့္မ်ားပါလဲ?????ဇာတ္လမ္းထဲမွာ ကြၽန္ေတာ္တို႔ ဆက္ၿပီး အေျဖရွာၾကည့္ပါစို႔ဗ်ာ။ဇာတ္ေဆာင္ မင္းသမီး လီအြန္ဂ်ဴကေတာ့ ၂၀၀၄ ခုႏွစ္မွာ ႐ိုက္ကူးခဲ့တဲ့ The Scarlet Letter မွာ ပါတဲ့ေဖာ္ခြၽတ္အခန္းေတြေၾကာင့္ အိပ္မရတဲ့ေရာဂါ စြဲကပ္ခဲ့ၿပီး၂၀၀၅ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၀) ရက္ေန႔မွာ ကိုယ့္ကိုကိုယ္ သတ္ေသခဲ့ပါတယ္။
IMDb 7/10 ရထားတဲ့ ဇာတ္ကားျဖစ္တာမို႔ ေတာ္ေတာ္ေလးေကာင္းတဲ့ ႐ုပ္ရွင္ထဲမွာ ပါဝင္ပါတယ္။


(Direct Link) Large Size ~ Download
(Mega) Large Size ~ Coming Soon
(Mega) Small Size ~ Coming Soon
(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download