Caged (2021)
16946အသစ်ထွက်တဲ့ Drama, Horror, Thriller ဇာတ်ကားပါ။ ကျွန်တော်တို့အခေါ်တော့ Psycho ကားလို့ပြောလို့ရတာပေါ့။ ဖောက်ပြန်တဲ့ ဇနီးကိုသတ်တဲ့အမှုနဲ့ ထောင်ကျခံနေရချိန်မှာ တိုက်ပိတ်ခံထားရတဲ့ စိတ်ရောဂါကုဆရာဝန် ဒေါက်တာ ရိတ် ရဲ့ တိုက်ပိတ်ခံရခြင်းအတွေ့အကြုံကို တွေ့ရပါလိမ့်မယ်။
အလုံပိတ်ခန်းထဲမှာ နေရတာ ဘာခက်တာလဲလို့သိချင်ရင် ဒါကိုကြည့်လိုက်ပါ။ သူကတော့ ရက် ၁၀၀ ကျော်နေသွားတဲ့အကြောင်းကို ပြသွားပါတယ်။
တစ်ယောက်တည်း တသီးတခြားနေရင်း ထင်ယောင်ထင်မှားဖြစ်ရပ်တွေနဲ့ တာဝန်ကျအရာရှိရဲ့ နှိပ်စက်မှုတွေကို ကြုံတွေ့ပြီးတဲ့နောက်မှာ ဒီဒဏ်တွေကို ကြံ့ကြံ့ခံနိုင်မလား ဒါမှမဟုတ် တိုက်ပိတ်ခံထားရသူ ဦးရေရဲ့ သုံးပုံတစ်ပုံ ဖြစ်သွားခဲ့တဲ့အတိုင်း ရူးရင်ရူး မရူးရင်သေဆိုတဲ့ အခြေအနေကို ရောက်သွားမှာလား။
ထင်ယောင်ထင်မှားဖြစ်ရပ်တွေ မဟုတ်ဘဲနဲ့ သူတို့ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေ တစ်နည်းအားဖြင့် သတ်ခဲ့တဲ့သူတွေက ပြန်လည်ခြောက်လှန့်တတ်တယ်ဆိုတဲ့ သီးခြားချုပ်ဆောင်ရဲ့ ပါးစပ်ပြောရာဇဝင်အတိုင်း သူသတ်ခဲ့တဲ့ ဒါမှမဟုတ် သူသတ်ခဲ့ပါတယ်လို့ စွပ်စွဲခံထားရတဲ့ သူ့ရဲ့ဇနီးက လာရောက်ခြောက်လှန့်နေတာလား။
နံရံပေါ်မှာထင်နေတဲ့ အရာလေးက ရေကွက်လေးပဲလား။ တစ်ယောက်ယောက်ရဲ့မျက်နှာလား။ သူက သူ့မိန်းမကို တကယ်သတ်ခဲ့တာလား။ ဖြစ်ရပ်မှန်မဟုတ်ပေမဲ့ အချက်အလက်တွေကို အခြေခံရိုက်ထားတာဖြစ်ပါတယ်။ သူ့တိုက်ပိတ်ခံထားရတဲ့အခြေအနေနဲ့ သူ့အမှုဖြစ်ခဲ့တဲ့အကြောင်းအရာကို ရောပြီးရိုက်ပြသွားတာက စိတ်ဝင်စားစရာကောင်းပါတယ်။
Zawgyi
အသစ္ထြက္တဲ့ Drama, Horror, Thriller ဇာတ္ကားပါ။ ကြၽန္ေတာ္တို႔အေခၚေတာ့ Psycho ကားလို႔ေျပာလို႔ရတာေပါ့။ ေဖာက္ျပန္တဲ့ ဇနီးကိုသတ္တဲ့အမႈနဲ႔ ေထာင္က်ခံေနရခ်ိန္မွာ တိုက္ပိတ္ခံထားရတဲ့ စိတ္ေရာဂါကုဆရာဝန္ ေဒါက္တာ ရိတ္ ရဲ႕ တိုက္ပိတ္ခံရျခင္းအေတြ႕အႀကဳံကို ေတြ႕ရပါလိမ့္မယ္။
အလုံပိတ္ခန္းထဲမွာ ေနရတာ ဘာခက္တာလဲလို႔သိခ်င္ရင္ ဒါကိုၾကည့္လိုက္ပါ။ သူကေတာ့ ရက္ ၁၀၀ ေက်ာ္ေနသြားတဲ့အေၾကာင္းကို ျပသြားပါတယ္။
တစ္ေယာက္တည္း တသီးတျခားေနရင္း ထင္ေယာင္ထင္မွားျဖစ္ရပ္ေတြနဲ႔ တာဝန္က်အရာရွိရဲ႕ ႏွိပ္စက္မႈေတြကို ႀကဳံေတြ႕ၿပီးတဲ့ေနာက္မွာ ဒီဒဏ္ေတြကို ႀကံ့ႀကံ့ခံႏိုင္မလား ဒါမွမဟုတ္ တိုက္ပိတ္ခံထားရသူ ဦးေရရဲ႕ သုံးပုံတစ္ပုံ ျဖစ္သြားခဲ့တဲ့အတိုင္း ႐ူးရင္႐ူး မ႐ူးရင္ေသဆိုတဲ့ အေျခအေနကို ေရာက္သြားမွာလား။
ထင္ေယာင္ထင္မွားျဖစ္ရပ္ေတြ မဟုတ္ဘဲနဲ႔ သူတို႔ ျပစ္မႈက်ဴးလြန္ခဲ့တဲ့သူေတြ တစ္နည္းအားျဖင့္ သတ္ခဲ့တဲ့သူေတြက ျပန္လည္ေျခာက္လွန႔္တတ္တယ္ဆိုတဲ့ သီးျခားခ်ဳပ္ေဆာင္ရဲ႕ ပါးစပ္ေျပာရာဇဝင္အတိုင္း သူသတ္ခဲ့တဲ့ ဒါမွမဟုတ္ သူသတ္ခဲ့ပါတယ္လို႔ စြပ္စြဲခံထားရတဲ့ သူ႔ရဲ႕ဇနီးက လာေရာက္ေျခာက္လွန႔္ေနတာလား။
နံရံေပၚမွာထင္ေနတဲ့ အရာေလးက ေရကြက္ေလးပဲလား။ တစ္ေယာက္ေယာက္ရဲ႕မ်က္ႏွာလား။ သူက သူ႔မိန္းမကို တကယ္သတ္ခဲ့တာလား။ ျဖစ္ရပ္မွန္မဟုတ္ေပမဲ့ အခ်က္အလက္ေတြကို အေျခခံ႐ိုက္ထားတာျဖစ္ပါတယ္။ သူ႔တိုက္ပိတ္ခံထားရတဲ့အေျခအေနနဲ႔ သူ႔အမႈျဖစ္ခဲ့တဲ့အေၾကာင္းအရာကို ေရာၿပီး႐ိုက္ျပသြားတာက စိတ္ဝင္စားစရာေကာင္းပါတယ္။


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
(Up Stream) Large Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download