Chain Reaction (1996)

15081
Share
Copy the link

အရင်ဆုံး ဇတ်ကားထဲပါတဲ့ Ref: လေးတွေကို Run through ပါမယ်။အခုကမ္ဘာပေါ်ကလူတွေဟာ ရုပ်ကျွင်းလောင်စာတွေကိုအဓိကထား အသုံးပြု၊စွမ်းအင်ထုတ်လုပ်ပြီး အသုံးပြုလည်ပတ်နေကြတာပါ။တစ်ကမ္ဘာလုံးမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တို့ကို အဓိကအသုံးပြုကြပါတယ်။

လက်ရှိခန့်မှန်းထားသလောက် ၂၀၈၁ မှာ ကမ္ဘာ့လက်ကျန် ရုပ်ကျွင်းလောင်စာတွေအားလုံးကုန်ခမ်းလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။နေစွမ်းအင် ဆိုလာတို့ ရေအားလျှပ်စစ်တို့လိုပဲ ဟိုက်ဒရိုဂျင်ကိုလဲလောင်ကျွမ်းစေပြီးပေါများတဲ့စွမ်းအင် ထုတ်နိုင်ပါတယ်။

ရေထဲက ဟိုက်ဒရိုဂျင်ကို လျှပ်ကူးစေပြီး အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကိုခွဲထုတ်ကာဟိုက်ဒရိုဂျင်သက်သက်ကိုလောင်စာအဖြစ်အသုံပြုတဲ့နည်းပါ။၁၉ လောက်မှာ ခေတ်စားခဲ့ပါတယ်။ဟိုက်ထရိုဂျင် လောင်စာကိုထုတ်လုပ်ဖို့ ကြိုးစားကြတဲ့တကယ့်စာတမ်းတွေလဲရှိပါတယ်။

ဟိုက်ဒရိုဂျင်လောင်စာကို ၁၈၃၉ မှာ ဆာဝီလယမ် ကစပြီး ပထမဆုံးစိတ်ကူးရခဲ့တာပါရေထဲကို လျှပ်စစ်ဖြတ်၊ ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ပြီး စွမ်းအင်အဖြစ်လောင်ကျွမ်းစေပါတယ်၁၉၅၉ မှာလက်တွေ့အလုပ်လုပ်နိုင်တဲ့ မြင်းကောင်ရေ ၂၀ နဲ့ အင်ဂျင်ကို စထုတ်နိုင်ခဲ့ပါတယ်။

အခုတော့ အင်ဂျင်တော်တော်များများ ထုတ်ပြီးစမ်းနေကြပါပြီ။ဟိုက်ဒရိုဂျင်လောင်စာရဲ့ လောင်ကျွမ်းအပူချိန်က သဘာဝဓာတ်ငွေ့ ကရတဲ့စွမ်းအင်နဲ့ ထပ်တူနီးပါးရှိပြီးလောင်းကျွမ်းအသုံးပြုလို့ ဘေးထွက်ဆိုးကျိုး၊ ပတ်ဝန်းကျင်ညစ်ညမ်းမူစတာတွေ မရှိတဲ့ သန့်စင်တဲ့ လောင်စာတစ်ခုဖြစ်တဲ့အတွက် လူတိုင်းကစိတ်ဝင်စားကြ လိုချင်ကြပါတယ်နောက်ရုပ်ကျွင်းလောင်စာမဟုတ်လို့ လွယ်လွယ်မကုန်ခမ်းနိုင်ပါဘူး။

တွေးကြည့်ပါဗျာ မီးခိုးမထွက်တဲ့ မီးစက်။ ကား၊ ဘေလ်ဆောင်စရာမလိုမီးဘယ်တော့မှမပျက်တဲ့ EPC စိတ်ကူးကြည့်ချင်စရာပဲမလား။နာဆာက နျူကလိယား စွမ်းအင်ကထိန်းချုပ်ရခက်လို့ အာကာသ ယဉ်တွေမှာ ဘက်ထရီနဲ့နေစွမ်းအင်ကို အဓိကအသုံးပြုတာပါ နောက်ပိုင်းမှာ အသုံးပြုဖို့ကြံနေပုံပါfuel cell research ကို ကောင်းကောင်းထောက်ပံ့ပြီး သုတေသနတွေကိုလုပ်ခိုင်းထားပါတယ်တဲ့။

Moore Foundation ဆိုတာက အနာဂတ် မျိုးဆက်သတွေ အတွက်နည်းပညာသစ်တွေရှာဖွေ၊သုတေသနပြုဖို့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပါ အမေရိကန်နိုင်ငံ ကလဖိုးနီးယားမှာ ရုံးရှိပါတယ်။ဒါလေးတွေအကြမ်းဖျင်းသိထားရင် ဇတ်ကားကြည့်ရတာ ပိုကောင်းမယ်ထင်လို့ပါ။

အိုကေ အခု ဇတ်ကားအကြောင်းလာပါပြီ။ ဒီကားက ၁၉၉၆ မှာထွက်တဲ့ကားပါ ခင်ဗျ။ဒီဇတ်ကားမှာ ပေါလ် ရှန်နွန် (မောဂန်ဖရီးမန်းကြီး) က Moore Foundation ကလူပါ အစိုးရနဲ့တိုက်ရိုက်ချိတ်ဆက်ပြီးဟိုဒရိုဂျင်လောင်စာ ပရောဂျက်ကို ကိုင်တွယ်နေသူပေါ့။

ပေါလ်က ဟိုက်ဒရိုဂျင်လောင်စာဆဲလ် ကိုသုံးပြီး တစ်ကမ္ဘာလုံးကို အခမဲ့စွမ်းအင်ထောက်ပံ့ပေးချင်နေတဲ့ဒေါက်တာ အဲလက်စတာကို ခေါင်းဆောင်ထားပြီး ဟိုက်ဒို လောင်စာဆဲလ် သုတေသနပြုအဖွဲ့နဲ့လက်တွေ့လောင်စာထုတ်လုပ်နိုင်ဖို့ သုတေသနလုပ်ကြပါတယ်။

အက်ဒီကဆဲလဘစ်ခ်ျ (ကီနျူးဗ်) က ဒီပရောဂျက်မှာ စက်ပိုင်းဆိုင်ရာ ကူညီပေးရင်းကျောင်းဆင်းဘွဲ့ယူဖို့စာတမ်းရေးနေတဲ့ မက္ကန်းနစ်တစ်ယောက်ပါကျောင်းသားတစ်ယောက် အနေနဲ့ထူးချွန်တော့ ဒေါက်တာ အဲလက်စတာကောပေါလ်တို့ကပါ သဘောကျကြပါတယ်။

တစ်ရက် အက်ဒီ စမ်သနေရင်း မတော်တဆရေထဲက ဟိုက်ဒရိုဂျင်ကို တည်ငြိမ်စွာခွဲထုတ်ပေးနိုင်မယ့် ကြိမ်နှုန်းကို ရခဲ့ပါတယ်။အဲ့ဒီကြိမ်နှုန်းနဲ့ စမ်းသပ်တာ အောင်မြင်ခဲ့ပြီး တစ်ဖွဲ့လုံးအောင်ပွဲခံကြပါတယ်။

အိမ်ပြန်ကြချိန်မှာ ဒေါက်တာဘာကလေ နဲ့ ဒေါက်တာချန် တို့သာ စက်ရုံထဲမှာကျန်ခဲ့ပြီးအဲဒီညမှာပဲ စမ်းသပ်ဌာန စက်ရုံအပါအဝင် မြို့တစ်ပိုင်းစာလောက် ပေါက်ကွဲသွားခဲ့ပါတယ်မတော်တဆလား ဘယ်သူ့လက်ချက်လဲ ဆိုတာအပြင် ကြားက ဆားညပ်ကာအချိန်အခါမသင့်လို့ တရားခံထင်ခံရတဲ့ အက်ဒီ ဟာ အက်ဖ်ဘီအိုင် ကလိုက်ဖမ်းတာခံရပြီးဝရမ်းပြေးဘဝရောက်သွားပါတော့တယ်။

ကျွန်တော် ကီနျူးရိဖ်ကြီးကို ဒီကားကျမှ မှတ်မှတ်ရရစကြည့်ဖူးတာပါနောက်မှ SPEED တို့ ကိုစံသိန်းတို့ Buddha တို့ ရေလွှာလျှောစီး အက်ဘီအိုင်ကြီးတို့ ဆက်ကြည့်ဖူးတာပါ။နောက် The Mummy ဇတ်ကားတွေထဲက မင်းသမီး ရေချယ်လဲပါပါတယ်

ဒီကားမှာ အေးဂျင့်ဖိုဒ့် အဖြစ်သရုပ်ဆောင်တဲ့ ဖရက် ဝဒ့် သရုပ်ဆောင်တာကို ကျွန်တော်အကြိုက်ဆုံးပါ။ဝင်ငွေပိုင်းနဲ့ Rating ပိုင်းမှာ အားရစရာမရှိပေမဲ့ ကြည့်ရ ကီနျူးရိ နဲ့ဘယ်မှာနေနေ သူမပါမပြီးတဲ့ မန်ဒဲလား ဖရီးမန်းကြီး တို့နဲ့တင်ကြည့်ရတာ တန်ပါတယ်။ဒီထဲမှာ ကီနျူးရိဖ်ကြီး John Wick မဖြစ်ခင်က ဘယ်လိုပြေးခဲ့လဲဆိုတာကို ကြည့်ရပါမယ်ခင်ဗျ။

megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *