Chekka Chivantha Vaanam (2018)

17100
Share
Copy the link

“ဇာတ်လမ်းအညွှန်း”ဆယ်နာပသီ ဆိုတဲ့ ဩဇာကြီးတဲ့ ဒုစရိုက်သမားကြီးဟာဘုရားက အပြန်မှာ လူမိုက်တချို့ရဲ့ လုပ်ကြံခြင်းကိုခံလိုက်ရပါတယ်။ဒီသတင်းကို ကြားတော့…သားသုံးယောက်ဖြစ်တဲ့ချန်နိုင်းရာဇာ “ဗာရာဒန် “၊ဒူဘိုင်းမှာ အခြေချနေကြတဲ့ သားလတ် “သီယာဂူ”၊သားငယ် “အီသီ”တို့ ရောက်လာကြပါတယ်။

ဖခင်ကို လုပ်ကြံသူအား လက်စားချေဖို့ပါ။ ဖခင်ဆုံးသွားရင် နေရာဆက်ခံဖို့လည်း ပါတာပေါ့။ ဖခင်ကတော့ ဘယ်သူလက်ချက်လဲဆိုတာသိတယ်တဲ့။ ဒါပေမဲ့ မပြောပြခဲ့ပါဘူး။
တနေ့မှာတော့ ဖခင်ဟာ အကြောင်းမဲ့ သေဆုံးသွားခဲ့ပါတယ်။

အဲ့ဒီနေ့မှာပဲ သားတွေရဲ့ ဇနီးမယားတွေလည်းလုပ်ကြံခံရတယ်။တရားခံက ဘယ်သူလဲ?ဒုစရိုက်လောက တစ်ခုလုံး ကြောက်ရတဲ့သူတို့ကို ဘယ်အဖွဲ့က လုပ်ကြံသလဲ?ဘာကြောင့်လုပ်ကြံလဲ ဆိုတာကို ကြည့်ရှုခံစားကြပါဦးဗျာ….။
—————————————-
လူတွေရဲ့ အတွင်းစိတ်ဟာ အင်မတန်ကြောက်ဖို့ ကောင်းတယ် . . .ပိုပြီးကြောက်ဖို့ကောင်းတာက အပေါ်ယံဟန်ဆောင်ပြုံးပြပြီး နောက်ကျောကို ဓားနဲ့ ထိုးတဲ့သူတွေ။. . .သူတစ်လူ ငါတစ်မင်းဆိုတဲ့စကားရယ်ငဖြူသေရင် ငမည်းပေါ်လိမ့်မယ်ဆိုတဲ့စကားရယ်. . .ဒီဇာတ်ကားထဲက အဖြစ်အပျက်တွေဟာ ကွက်တိတွေ။

ဇာတ်လမ်းက ရိုးမလိုနဲ့ ဆန်းပြားပြီးကြည့်ရင်းနဲ့ ကြက်သီးထလောက်အောင်ကို လူ့စရိုက်တွေကို အော်ဂလီဆန်လာစေတာမျိုးပါ။

ဒီကားထဲမှာတော့ဂန်းစတားလောကရဲ့ လည်သူစားစတမ်းလှည့်ကွက်တွေကြားက သွေးသားတော်စပ်မှုကို ဘေးချိတ်ပြီးကိုယ့်အတွက်ဆို ဘယ်သူ့ကိုမှ အရှင်မထားတတ်တဲ့ ရွံရှာဖွယ်ရာ စိတ်ဓာတ်တွေ၊ကိုယ့်မှာ ဇနီးသည်နဲ့ ကလေးတွေ ရှိနေပါလျက် ဖောက်ပြားတတ်တဲ့ ယောက်ျား၊

ကိုယ့်ခေတ် ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့ ခြသေ့ၤမင်းပဲ ဖြစ်ခဲ့စေဦးအသက်အရွယ်ရလာချိန် အားမတန်လို့ မာန်လျှော့ရတဲ့ ဂိုဏ်းဂုရုကြီး တစ်ယောက်၊ဂန်းစတားတွေရဲ့ အပူသည် ဇနီးသည်တွေအကြောင်း စသဖြင့် ဇာတ်ရုပ် ဇာတ်ကွက် စုံလင်လှပါတယ်။

တမီးလ်မင်းသား ဗီဂျေးစည်သူပသီ၊အာရ်ဗင်းဆွာမိတို့နဲ့ အတူမြောက်ပိုင်းက ဘောလိဝုဒ်မင်းသမီး အာဒီတီးရိုဟိုက်ဒါရီ(Bhoomi 2017 ထဲက မင်းသမီး)တို့ အဓိက ပါဝင်ထားပါတယ်။

အကြမ်းဖျင်းအားဖြင့် ပြောရရင်ဂန်းစတားလောက အကြောင်းကိုရိုက်ထားတယ်လို့ ပြောလို့ ရပေမယ့်. . .တကယ့်တကယ်တော့လူ့သဘာဝကို လှလှပပ သရုပ်ဖော်ပြသွားတဲ့ ပညာပေး ဇာတ်ကားတစ်ကားသာ ဖြစ်ပါကြောင်း. . .။ ။

Zawgyi

“ဇာတ္လမ္းအၫႊန္း”ဆယ္နာပသီ ဆိုတဲ့ ဩဇာႀကီးတဲ့ ဒုစ႐ိုက္သမားႀကီးဟာဘုရားက အျပန္မွာ လူမိုက္တခ်ိဳ႕ရဲ႕ လုပ္ႀကံျခင္းကိုခံလိုက္ရပါတယ္။ဒီသတင္းကို ၾကားေတာ့…သားသုံးေယာက္ျဖစ္တဲ့ခ်န္ႏိုင္းရာဇာ “ဗာရာဒန္ “၊ဒူဘိုင္းမွာ အေျခခ်ေနၾကတဲ့ သားလတ္ “သီယာဂူ”၊သားငယ္ “အီသီ”တို႔ ေရာက္လာၾကပါတယ္။

ဖခင္ကို လုပ္ႀကံသူအား လက္စားေခ်ဖို႔ပါ။ ဖခင္ဆုံးသြားရင္ ေနရာဆက္ခံဖို႔လည္း ပါတာေပါ့။ ဖခင္ကေတာ့ ဘယ္သူလက္ခ်က္လဲဆိုတာသိတယ္တဲ့။ ဒါေပမဲ့ မေျပာျပခဲ့ပါဘူး။
တေန႔မွာေတာ့ ဖခင္ဟာ အေၾကာင္းမဲ့ ေသဆုံးသြားခဲ့ပါတယ္။

အဲ့ဒီေန႔မွာပဲ သားေတြရဲ႕ ဇနီးမယားေတြလည္းလုပ္ႀကံခံရတယ္။တရားခံက ဘယ္သူလဲ?ဒုစ႐ိုက္ေလာက တစ္ခုလုံး ေၾကာက္ရတဲ့သူတို႔ကို ဘယ္အဖြဲ႕က လုပ္ႀကံသလဲ?ဘာေၾကာင့္လုပ္ႀကံလဲ ဆိုတာကို ၾကည့္ရႈခံစားၾကပါဦးဗ်ာ….။
—————————————-
လူေတြရဲ႕ အတြင္းစိတ္ဟာ အင္မတန္ေၾကာက္ဖို႔ ေကာင္းတယ္ . . .ပိုၿပီးေၾကာက္ဖို႔ေကာင္းတာက အေပၚယံဟန္ေဆာင္ၿပဳံးျပၿပီး ေနာက္ေက်ာကို ဓားနဲ႔ ထိုးတဲ့သူေတြ။. . .သူတစ္လူ ငါတစ္မင္းဆိုတဲ့စကားရယ္ငျဖဴေသရင္ ငမည္းေပၚလိမ့္မယ္ဆိုတဲ့စကားရယ္. . .ဒီဇာတ္ကားထဲက အျဖစ္အပ်က္ေတြဟာ ကြက္တိေတြ။

ဇာတ္လမ္းက ႐ိုးမလိုနဲ႔ ဆန္းျပားၿပီးၾကည့္ရင္းနဲ႔ ၾကက္သီးထေလာက္ေအာင္ကို လူ႔စ႐ိုက္ေတြကို ေအာ္ဂလီဆန္လာေစတာမ်ိဳးပါ။

ဒီကားထဲမွာေတာ့ဂန္းစတားေလာကရဲ႕ လည္သူစားစတမ္းလွည့္ကြက္ေတြၾကားက ေသြးသားေတာ္စပ္မႈကို ေဘးခ်ိတ္ၿပီးကိုယ့္အတြက္ဆို ဘယ္သူ႔ကိုမွ အရွင္မထားတတ္တဲ့ ႐ြံရွာဖြယ္ရာ စိတ္ဓာတ္ေတြ၊ကိုယ့္မွာ ဇနီးသည္နဲ႔ ကေလးေတြ ရွိေနပါလ်က္ ေဖာက္ျပားတတ္တဲ့ ေယာက္်ား၊

ကိုယ့္ေခတ္ ဘယ္ေလာက္ပဲ ေကာင္းခဲ့ေကာင္းခဲ့ ျခေသ့မၤင္းပဲ ျဖစ္ခဲ့ေစဦးအသက္အ႐ြယ္ရလာခ်ိန္ အားမတန္လို႔ မာန္ေလွ်ာ့ရတဲ့ ဂိုဏ္းဂု႐ုႀကီး တစ္ေယာက္၊ဂန္းစတားေတြရဲ႕ အပူသည္ ဇနီးသည္ေတြအေၾကာင္း စသျဖင့္ ဇာတ္႐ုပ္ ဇာတ္ကြက္ စုံလင္လွပါတယ္။

တမီးလ္မင္းသား ဗီေဂ်းစည္သူပသီ၊အာရ္ဗင္းဆြာမိတို႔နဲ႔ အတူေျမာက္ပိုင္းက ေဘာလိဝုဒ္မင္းသမီး အာဒီတီး႐ိုဟိုက္ဒါရီ(Bhoomi 2017 ထဲက မင္းသမီး)တို႔ အဓိက ပါဝင္ထားပါတယ္။

အၾကမ္းဖ်င္းအားျဖင့္ ေျပာရရင္ဂန္းစတားေလာက အေၾကာင္းကို႐ိုက္ထားတယ္လို႔ ေျပာလို႔ ရေပမယ့္. . .တကယ့္တကယ္ေတာ့လူ႔သဘာဝကို လွလွပပ သ႐ုပ္ေဖာ္ျပသြားတဲ့ ပညာေပး ဇာတ္ကားတစ္ကားသာ ျဖစ္ပါေၾကာင္း. . .။ ။

(Direct Link) Large Size ~ Download

(Users Drive) Large Size ~ Download

(Yoteshin Portal) Large Size ~ Download

(Megaup.net) Large Size ~ Download

(Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *