Chennai Express (2013)
13782ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါး လေးနဲ့ ရယ်ရွှင်ကြည်နူးဖွယ် ဇာတ်ကားလေးပေါ့ ။ ရင်ဘတ်ကြီးရဲ့ သန်မာမှုက လက်ရုံး ခွန်အားထက် ပိုမိုသာမွန်ကြောင်း သက်သေပြစေခဲ့တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်း ရာဟူးဟာ လူပျိုကြီးတစ်ယောက်ပေါ့။
သူငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံးမှာ အက်စီးဒင့်ဖြစ်ခဲ့ကြပြီး အဘိုးက ကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်။ အဘိုးလည်း ကွယ်လွန်ပြီးနောက်မှာတော့ ရာဟူးဟာ အဘိုးရဲ့ဆန္ဒအရ အရိုးပြာတွေကို ယမုံနာမြစ်ထဲ မျောချစေချင်တဲ့ သူ့ အဘွားရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး တစ်ခြား နေရာကို ခရီးသွားဖို့ လုပ်ပါတယ်။
ရာဟူးဟာ သူ့အဘွားကို လှည့်စားဖို့ ယမုံနာ မြစ်ဆီသွားဖို့ Chennai Express ရထားလေးစီးနင်းခဲ့ရပြီး ရထားပေါ်၌ မီရာကို တွေ့ခဲ့ပါသည်။ မီရာဟာ မာဖီယားခေါင်းဆောင်တစ်ဦး၏ သမီးဖြစ်ပြီး အခုလည်း လူဆိုးတစ်ဦးနှင့် အတင်းပေးစားခံရသောကြောင့် ထွက်ပြေးလာခဲ့သည်။
မီရာဟာ သူမ၏ ဘဝအကြောင်းပြောပြခဲ့ပြီး သူမ၏ ချစ်သူ အဖြစ် ဖခင်ရှေ့တွင် ဟန်ဆောင်စေခဲ့သည်။ တကယ်တမ်းတော့ ရာဟူးဟာ ကြောက်ရွံ့တတ်သူ ဖြစ်ပြီး မီရာလက်မှ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက်မှာတော့ မချစ်တတ်သေးသောရာဟူးအဖို့ ဘယ်လို ပုံစံ ဖြစ်မလဲဆိုတာကတော့ —???
ဇာတ်ညွှန်းလေးကတော့ ဒီမှာပဲ ရပ်ထားပါရစေ။တကယ်တမ်း အနှစ်သာရတွေက ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်ကို ထိရှခံစားစေနိုင်မှာပါ။ ဒီကားလေးမှာတော့ မာဖီယားအသံကြားတာနဲ့ ကြောက်လန့်တတ်သူအဖို့ အချစ်၏ခွန်အားရှိလာသည့်အခါ မည်သို့ရင်ဆိုင်လာသနည်း။
အချစ်နဲ့သံယောဇဉ်တို့ကလည်း မည်သို့နှီးနှော ဆက်စပ်နေသနည်း စတဲ့ အတွေးအမြင်တို့ကလည်း ဇာတ်၏ အချို့အဆိမ့်ကို ပရိသတ်အကြိုက် ကြည်နူးစေမှာပါ။ အချစ်စစ်တို့ ခက်ခဲပုံကတလီ ရယ်စရာထွေလီတွေကတမျိုး မရိုးရအောင် တင်ဆက်ထားပုံတွေက အသည်းစိုင်ကို ဘယ်လို ခတ်သွားမလဲ ဆိုတာကတော့ ပရိသတ်ကြီး ရင်ခုန်လိုက်ရအောင်။
Zawgyi
ဒီဇာတ္ကားေလးကေတာ့ ေပါ့ေပါ့ပါးပါး ေလးနဲ႔ ရယ္႐ႊင္ၾကည္ႏူးဖြယ္ ဇာတ္ကားေလးေပါ့ ။ ရင္ဘတ္ႀကီးရဲ႕ သန္မာမႈက လက္႐ုံး ခြန္အားထက္ ပိုမိုသာမြန္ေၾကာင္း သက္ေသျပေစခဲ့တဲ့ ဇာတ္ကားဆိုလည္း မမွားပါဘူး။ဇာတ္လမ္းအက်ဥ္း ရာဟူးဟာ လူပ်ိဳႀကီးတစ္ေယာက္ေပါ့။
သူငယ္စဥ္ကတည္းက မိဘႏွစ္ပါးစလုံးမွာ အက္စီးဒင့္ျဖစ္ခဲ့ၾကၿပီး အဘိုးက ေကြၽးေမြး ေစာင့္ေရွာက္ခဲ့ပါတယ္။ အဘိုးလည္း ကြယ္လြန္ၿပီးေနာက္မွာေတာ့ ရာဟူးဟာ အဘိုးရဲ႕ဆႏၵအရ အ႐ိုးျပာေတြကို ယမုံနာျမစ္ထဲ ေမ်ာခ်ေစခ်င္တဲ့ သူ႔ အဘြားရဲ႕ ဆႏၵကို ဆန႔္က်င္ၿပီး တစ္ျခား ေနရာကို ခရီးသြားဖို႔ လုပ္ပါတယ္။
ရာဟူးဟာ သူ႔အဘြားကို လွည့္စားဖို႔ ယမုံနာ ျမစ္ဆီသြားဖို႔ Chennai Express ရထားေလးစီးနင္းခဲ့ရၿပီး ရထားေပၚ၌ မီရာကို ေတြ႕ခဲ့ပါသည္။ မီရာဟာ မာဖီယားေခါင္းေဆာင္တစ္ဦး၏ သမီးျဖစ္ၿပီး အခုလည္း လူဆိုးတစ္ဦးႏွင့္ အတင္းေပးစားခံရေသာေၾကာင့္ ထြက္ေျပးလာခဲ့သည္။
မီရာဟာ သူမ၏ ဘဝအေၾကာင္းေျပာျပခဲ့ၿပီး သူမ၏ ခ်စ္သူ အျဖစ္ ဖခင္ေရွ႕တြင္ ဟန္ေဆာင္ေစခဲ့သည္။ တကယ္တမ္းေတာ့ ရာဟူးဟာ ေၾကာက္႐ြံ႕တတ္သူ ျဖစ္ၿပီး မီရာလက္မွ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေပ။ ထို႔ေနာက္မွာေတာ့ မခ်စ္တတ္ေသးေသာရာဟူးအဖို႔ ဘယ္လို ပုံစံ ျဖစ္မလဲဆိုတာကေတာ့ —???
ဇာတ္ၫႊန္းေလးကေတာ့ ဒီမွာပဲ ရပ္ထားပါရေစ။တကယ္တမ္း အႏွစ္သာရေတြက ဇာတ္လမ္းရဲ႕ ရည္႐ြယ္ခ်က္ကို ထိရွခံစားေစႏိုင္မွာပါ။ ဒီကားေလးမွာေတာ့ မာဖီယားအသံၾကားတာနဲ႔ ေၾကာက္လန႔္တတ္သူအဖို႔ အခ်စ္၏ခြန္အားရွိလာသည့္အခါ မည္သို႔ရင္ဆိုင္လာသနည္း။
အခ်စ္နဲ႔သံေယာဇဥ္တို႔ကလည္း မည္သို႔ႏွီးေႏွာ ဆက္စပ္ေနသနည္း စတဲ့ အေတြးအျမင္တို႔ကလည္း ဇာတ္၏ အခ်ိဳ႕အဆိမ့္ကို ပရိသတ္အႀကိဳက္ ၾကည္ႏူးေစမွာပါ။ အခ်စ္စစ္တို႔ ခက္ခဲပုံကတလီ ရယ္စရာေထြလီေတြကတမ်ိဳး မ႐ိုးရေအာင္ တင္ဆက္ထားပုံေတြက အသည္းစိုင္ကို ဘယ္လို ခတ္သြားမလဲ ဆိုတာကေတာ့ ပရိသတ္ႀကီး ရင္ခုန္လိုက္ရေအာင္။


(Megaup.net) Large Size ~ Download
(Up Stream) Large Size ~ Download
(Up Stream) Small Size ~ Download
(Yoteshin) Large Size ~ Download