Chicken Run (2000)

3359
Share
Copy the link

Chicken Run ဆိုတဲ့ ၂၀၀၀ ခုနှစ်ကDreamWorks ရဲ့ Animation တစ်ကားကိုတစ်ခေါက်ပြန်ကြည့်မိတယ်ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ခံစားမှုလိုပဲ ပြန်ခံစားရတုန်းပဲဇတ်လမ်းပုံစံက တွီဒီလို့ ခေါ်တဲ့မွေးမြူရေး ကြက်ခြံက ငရဲခံနေရတဲ့ဥ ဥပေးရတဲ့ ကြက်မတွေ အကြောင်းပေါ့အဲ့ဒီကြက်ခြံကနေ ထွက်ပြေးဖို့အမြဲကြံနေတာက ဂျင်ဂျာ ဆိုတဲ့ ကြက််မနဲ့သူ့ရဲ့ သူငယ်ချင်း တစ်စုပေါ့ဂျင်ဂျာကတော့ လွတ်မြောက်နယ်မြေရှိမယ်လို့အမြဲယုံကြည်နေသူ တစ်ဦးပေါ့

သူ့စိတ်ကူးကို သူငယ်ချင်းတွေက အမြဲအကောင်အထည်ဖော်ပေးရတယ်ထွက်ပြေးဖို့နည်းလမ်းတွေ ဆွဲကြတယ်ပြေးတိုင်းလဲ ပြန်မိတယ် အဖမ်းခံရတယ်ပိုင်ရှင် လင်မယားဟာ ကြက်တွေကို မဝရေစာကျွေးမွေးပြီး ဥ ဥတဲ့ နှုန်းထားကိုလဲ အမြင့်ဆုံးလိုချင်ကြပါသေးတယ်အပတ်တိုင်း ကြက်ခြံကို ဝင်စစ်လေ့ ရှိပြီးတစ်ပတ်တာ အတွင်း ဥ တာ နည်းတဲ့ကြက်မ အတွက်တော့ နားရက်ရသွားတာပါပဲနားရက်ရတယ်ဆိုတာ ကြက်စွပ်ပြုတ်ဖြစ်သွားတာမျိုးပေါ့

နောက်ဆုံး ပလန်တွေ အလုပ်မဖြစ်လို့လက်လျှော့ အရှူံးပေးတော့မယ်စဥ်းစားနေတဲ့ ဂျင်ဂျာ အတွက်မျှော်လင့်ချက် အလင်းရောင်ကတစ်ညမှာ တွီဒီ ကြက်ခြံထဲကိုကြက်ဖ တစ်ကောင် မိုးပေါ်ကနေပျံပြီး ဝင်လာတာပါပဲကြက်ဖ နာမည်က ရော်ကီ တဲ့ဂျင်ဂျာ ဘဝ မှာ ပျံနိုင်တဲ့ ကြက်ကိုတွေ့ပြီး သူမ တို့ကိုပါ အပျံသင်ပေးဖို့ရော်ကီကို စည်းလုံးတော့တာပါပဲဒီဇတ်လမ်း တစ်ခုလုံးဟာ ရယ်လဲ ရယ်ရမိုတီဗိတ်လဲ ရပါတယ်အားငယ်နေချိန် စိတ်ပျက်နေချိန်အတွက် စိတ်ဖြေဆေး တစ်ခွက်ပါပဲ

mega.nz (Yoteshin) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

datbu.com (Datbu) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *