Chinatown (1974)

14910
Share
Copy the link

၁၉၃၇ ရဲ့ နေ့တစ်နေ့မှာ LAမြို့က Jake Gittes ဆိုတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်ဆီကိုEvelynဆိုတဲ့ အမျိုးသမီးတစ်ယောက်က အမှုအပ်ဖို့ရောက်လာပါတယ် ရောက်လာတဲ့ အကြောင်းရင်းက သူ့ယောက်ျားဖောက်ပြန်နေတာကို စုံစမ်းပေးဖို့ပါ

သူယောက်ျားကလည်း သာမန်လူတော့ မဟုတ်ဘူး LA Department of Water and Powerရဲ့ အကြီးတန်းအင်ဂျင်နီယာ တစ်ယောက် Jakeလည်း နာေယာင်ခံလိုက်တယ် ပြီးရင် အမျိုးသမီးတစ်ယောက်နဲ့ အတူတွဲမြင်နေရတဲ့ဓာတ်ပုံကိုရိုက်ပြီး နောက်နေ့သတင်းစာ ရှေ့ဖုံးမှာ ထည့်လိုက်တယ်

အဲ့နေ့မှာဘဲ Evelyn အစစ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မကျေမနပ်ဖြစ်ပြီး တရားစွဲမယ်လုပ်တယ် Jakeလည်း ဒီကိစ္စကို တဖြရှင်းချင်လို့ Mr.Mulwray နဲ့တွေ့ဖို့လုပ်ပေမယ့်မတွေ့ဖြစ်လိုက်ဘူး ဒါပေမယ့် နောက်နေ့ရောက်တော့ ရေနစ်သေနေတဲ့ Mr.Mulwrayကို တွေ့လိုက်ရတယ်

ဒီလူသေမှုက ထင်ထားသလောက်မရိုးရှင်းဘူး Jakeတစ်ယောက် ဒီအမှုရဲ့ တရားခံ၊ နောက်ကွယ်က အမှန်တရားတွေကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ကြည့်ကြလိုက်ရအောင်**************************************

Chinatownဟာ Neo-Noir အမျိုးအစားဇာတ်ကားဖြစ်ပြီး California Water Warsကို အခြေခံကာ ရိုက်ကူးထားတာဖြစ်ပါတယ် နာမည်ကျော်ဒါရိုက်တာကြီး Roman Polanski ရဲ့ လက်ရာကောင်းတစ်ခုဖြစ်ပြီး Best Original Screenplayဆုကို ရထားတဲ့ အော်စကာဆုရ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်

Castအပိုင်းမှာတော့ နာမည်ကြီးတွေဖြစ်ကြတဲ့ Jack Nicholson၊ Fuye Dunawayနဲ့ John Hustonတို့ ပါ၀င်ပါတယ် ဒီကားဟာ Jack NicholsonကိုပထမဆံုးOscarဆုရသွာေစတဲ့ One Flew Over The Cuckoo’s Nest(1975)မတိုင်ခင် ထွက်ခဲ့တဲ့ကားပဲဖြစ်ပါတယ်

ကောင်းဆုံးဇာတ်ကားစာရင်း၀င်ဖြစ်တဲ့အတွက် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ

Zawgyi

၁၉၃၇ ရဲ႕ ေန႔တစ္ေန႔မွာ LAၿမိဳ႕က Jake Gittes ဆိုတဲ့ အလြတ္တန္းစုံေထာက္တစ္ေယာက္ဆီကိုEvelynဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္က အမႈအပ္ဖို႔ေရာက္လာပါတယ္ ေရာက္လာတဲ့ အေၾကာင္းရင္းက သူ႔ေယာက္်ားေဖာက္ျပန္ေနတာကို စုံစမ္းေပးဖို႔ပါ

သူေယာက္်ားကလည္း သာမန္လူေတာ့ မဟုတ္ဘူး LA Department of Water and Powerရဲ႕ အႀကီးတန္းအင္ဂ်င္နီယာ တစ္ေယာက္ Jakeလည္း နာေယာင္ခံလိုက္တယ္ ၿပီးရင္ အမ်ိဳးသမီးတစ္ေယာက္နဲ႔ အတူတြဲျမင္ေနရတဲ့ဓာတ္ပုံကို႐ိုက္ၿပီး ေနာက္ေန႔သတင္းစာ ေရွ႕ဖုံးမွာ ထည့္လိုက္တယ္

အဲ့ေန႔မွာဘဲ Evelyn အစစ္ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္က မေက်မနပ္ျဖစ္ၿပီး တရားစြဲမယ္လုပ္တယ္ Jakeလည္း ဒီကိစၥကို တျဖရွင္းခ်င္လို႔ Mr.Mulwray နဲ႔ေတြ႕ဖို႔လုပ္ေပမယ့္မေတြ႕ျဖစ္လိုက္ဘူး ဒါေပမယ့္ ေနာက္ေန႔ေရာက္ေတာ့ ေရနစ္ေသေနတဲ့ Mr.Mulwrayကို ေတြ႕လိုက္ရတယ္

ဒီလူေသမႈက ထင္ထားသေလာက္မ႐ိုးရွင္းဘူး Jakeတစ္ေယာက္ ဒီအမႈရဲ႕ တရားခံ၊ ေနာက္ကြယ္က အမွန္တရားေတြကို ေဖာ္ထုတ္ႏိုင္ပါ့မလားဆိုတာ ၾကည့္ၾကလိုက္ရေအာင္**************************************

Chinatownဟာ Neo-Noir အမ်ိဳးအစားဇာတ္ကားျဖစ္ၿပီး California Water Warsကို အေျခခံကာ ႐ိုက္ကူးထားတာျဖစ္ပါတယ္ နာမည္ေက်ာ္ဒါ႐ိုက္တာႀကီး Roman Polanski ရဲ႕ လက္ရာေကာင္းတစ္ခုျဖစ္ၿပီး Best Original Screenplayဆုကို ရထားတဲ့ ေအာ္စကာဆုရ ဇာတ္ကားတစ္ကားလည္း ျဖစ္ပါတယ္

Castအပိုင္းမွာေတာ့ နာမည္ႀကီးေတြျဖစ္ၾကတဲ့ Jack Nicholson၊ Fuye Dunawayနဲ႔ John Hustonတို႔ ပါ၀င္ပါတယ္ ဒီကားဟာ Jack NicholsonကိုပထမဆံုးOscarဆုရသြာေစတဲ့ One Flew Over The Cuckoo’s Nest(1975)မတိုင္ခင္ ထြက္ခဲ့တဲ့ကားပဲျဖစ္ပါတယ္

ေကာင္းဆုံးဇာတ္ကားစာရင္း၀င္ျဖစ္တဲ့အတြက္ ၾကည့္ျဖစ္ေအာင္ၾကည့္ပါလို႔ တိုက္တြန္းပါရေစ

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *