Christopher Robin (2018)

17777
Share
Copy the link

Trailerတွေထွက်ကတည်းက အားလုံးစိတ်ဝင်စားစွာ စောင့်မျှော်ခဲ့ရတဲ့ဇာတ်ကားလေးတစ်ကားကိုပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းလေးကတော့ အားလုံးရဲ့အချစ်တော် Winnie the Pooh နဲ့သူ့ရဲ့သူငယ်ချင်းလေး Christopher Robin တို့အကြောင်းရိုက်ကူးထားတဲ့Christopher Robin (2018) ပါ။ ကာတွန်းဇာတ်ကောင်ကိုရိုက်ထားတာကဘာများအထွေအထူးကောင်းစရာရှိမလဲလို့ မေးချင်မေးပါလိမ့်မယ်။

ဒါပေမယ့် ဒီကားလေးက ဇာတ်လမ်းအရရော ဇာတ်ဆောင်အရရောသူပေးချင်တဲ့ Theme အရရော တော်တော်လေးအဓိပ္ပါယ်ရှိပြီးမပျင်းမရိကြည့်လို့ရတဲ့ကားလေးတစ်ကားပါ။Imdb Rating 7.7/10 Rotten Tomatoes 71%တောင်ရရှိထားတာမို့ဒီလိုညွှန်းထားတာပိုရာမကျပါဘူး။

ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်လောက်တင်ဆက်ပေးလိုပါသေးတယ်။အားလုံးပဲသိကြတဲ့အတိုင်း Winnie the Poohနဲ့ ခရစ္စတိုဖာရော်ဘင်တို့ဟာအတူသွားအတူကစားရင်းအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။

ဒါပေမယ့် လောကရဲ့ထုံးစံအတိုင်း ဆော့ကစားနေရုံနဲ့ပြီးမသွားတဲ့ အတွက်ခရစ္စတိုဖာရော်ဘင်တစ်ယောက် တောထဲကသူ့သူငယ်ချင်းတွေနဲ့ခွဲကာလန်ဒန်မှာကျောင်းသွားတက်ရပါတော့တယ်။အဲဒီလိုနဲ့ အလုပ်တွေအရမ်းကြိုးစားကာမက်ဒီလင်းန်ဆိုတဲ့သမီးလေးတောင်ရရှိနေတဲ့ အရွယ်ရောက်လာပါပြီ။

ကလေးဘဝကသူအရမ်းချစ်ရတဲ့သူငယ်ချင်းတွေကိုလဲ မေ့ပစ်လိုက်ပါပြီ။တစ်နေ့မှာတော့ Poohတစ်ယောက်သူ့သူငယ်ချင်းတွေအကုန်လုံးတောထဲမှာပျောက်သွားလို့လိုက်ရှာရင်းခရစ္စတိုဖာရော်ဘင်ဆီကိုဆန်းကြယ်စွာရောက်ရှိလာပါတော့တယ်။Poohကတော့သူအရမ်းချစ်ရတဲ့ ခရစ္စတိုဖာရော်ဘင် နဲ့တွေ့ရပါပြီ။

ခရစ္စတိုဖာရော်ဘင်ကရော…ကလေးမဟုတ်တော့တဲ့ လူကြီးတစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေအလုပ်တွေနဲ့ဘယ်လိုဆက်စခန်းသွားကြမှာလဲ?စတဲ့မေးခွန်းတွေနဲ့ အဆုံးထိမပျင်းမရိကြည့်ရှူရမှာပါ။ဒီဇာတ်ကားလေးကိုကြည့်ရင်း ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ကလေးဘဝအချိန်တွေကိုတစ်ဖန်ပြန်လည်ရှာဖွေလိုက်ရအောင်လား…

Zawgyi

Trailerေတြထြက္ကတည္းက အားလုံးစိတ္ဝင္စားစြာ ေစာင့္ေမွ်ာ္ခဲ့ရတဲ့ဇာတ္ကားသစ္ေလးတစ္ကားကိုပရိသတ္ႀကီးအတြက္တင္ဆက္ေပးလိုက္ပါတယ္။

ဇာတ္လမ္းေလးကေတာ့ အားလုံးရဲ႕အခ်စ္ေတာ္ Winnie the Pooh နဲ႔သူ႔ရဲ႕သူငယ္ခ်င္းေလး Christopher Robin တို႔အေၾကာင္း႐ိုက္ကူးထားတဲ့Christopher Robin (2018) ပါ။ ကာတြန္းဇာတ္ေကာင္ကို႐ိုက္ထားတာကဘာမ်ားအေထြအထူးေကာင္းစရာရွိမလဲလို႔ ေမးခ်င္ေမးပါလိမ့္မယ္။

ဒါေပမယ့္ ဒီကားေလးက ဇာတ္လမ္းအရေရာ ဇာတ္ေဆာင္အရေရာသူေပးခ်င္တဲ့ Theme အရေရာ ေတာ္ေတာ္ေလးအဓိပၸါယ္ရွိၿပီးမပ်င္းမရိၾကည့္လို႔ရတဲ့ကားေလးတစ္ကားပါ။Imdb Rating 7.7/10 Rotten Tomatoes 71%ေတာင္ရရွိထားတာမို႔ဒီလိုၫႊန္းထားတာပိုရာမက်ပါဘူး။

ဇာတ္လမ္းအက်ဥ္းေလးကိုလဲ အနည္းငယ္ေလာက္တင္ဆက္ေပးလိုပါေသးတယ္။အားလုံးပဲသိၾကတဲ့အတိုင္း Winnie the Poohနဲ႔ ခရစၥတိုဖာေရာ္ဘင္တို႔ဟာအတူသြားအတူကစားရင္းအရမ္းခ်စ္ၾကတဲ့ သူငယ္ခ်င္းေတြပါ။

ဒါေပမယ့္ ေလာကရဲ႕ထုံးစံအတိုင္း ေဆာ့ကစားေန႐ုံနဲ႔ၿပီးမသြားတဲ့ အတြက္ခရစၥတိုဖာေရာ္ဘင္တစ္ေယာက္ ေတာထဲကသူ႔သူငယ္ခ်င္းေတြနဲ႔ခြဲကာလန္ဒန္မွာေက်ာင္းသြားတက္ရပါေတာ့တယ္။အဲဒီလိုနဲ႔ အလုပ္ေတြအရမ္းႀကိဳးစားကာမက္ဒီလင္းန္ဆိုတဲ့သမီးေလးေတာင္ရရွိေနတဲ့ အ႐ြယ္ေရာက္လာပါၿပီ။

ကေလးဘဝကသူအရမ္းခ်စ္ရတဲ့သူငယ္ခ်င္းေတြကိုလဲ ေမ့ပစ္လိုက္ပါၿပီ။တစ္ေန႔မွာေတာ့ Poohတစ္ေယာက္သူ႔သူငယ္ခ်င္းေတြအကုန္လုံးေတာထဲမွာေပ်ာက္သြားလို႔လိုက္ရွာရင္းခရစၥတိုဖာေရာ္ဘင္ဆီကိုဆန္းၾကယ္စြာေရာက္ရွိလာပါေတာ့တယ္။Poohကေတာ့သူအရမ္းခ်စ္ရတဲ့ ခရစၥတိုဖာေရာ္ဘင္ နဲ႔ေတြ႕ရပါၿပီ။

ခရစၥတိုဖာေရာ္ဘင္ကေရာ…ကေလးမဟုတ္ေတာ့တဲ့ လူႀကီးတစ္ေယာက္ရဲ႕တာဝန္ဝတၱရားေတြအလုပ္ေတြနဲ႔ဘယ္လိုဆက္စခန္းသြားၾကမွာလဲ?စတဲ့ေမးခြန္းေတြနဲ႔ အဆုံးထိမပ်င္းမရိၾကည့္ရႉရမွာပါ။ဒီဇာတ္ကားေလးကိုၾကည့္ရင္း ငယ္ငယ္ကၾကည့္ခဲ့ဖူးတဲ့ ကေလးဘဝအခ်ိန္ေတြကိုတစ္ဖန္ျပန္လည္ရွာေဖြလိုက္ရေအာင္လား…

disk.yandex.com (Disk Yandex) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *