Chungking Express (1994)

11010
Share
Copy the link

ဝမ်ကာဝေက သူရိုက်ခဲ့ဖူးသမျှရုပ်ရှင်တွေထဲမှာ အချိန်အပေးရဆုံးနဲ့ အခက်ခဲဆုံးဖြစ်တဲ့ Ashes of Time (1994) ရဲ့ နောက်ဆုံးအဆင့် Post Production တွေလုပ်ကိုင်နေဆဲမှာ သူ့ Production အတွက်၊ သူ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက်ဆိုပြီး Chungking Express ရုပ်ရှင်ကားကို ၃ လအတွင်းအပြီးသတ်ရိုက်ကူးပြသခဲ့တယ်။

“ကျွန်တော် Ashes of Time ရဲ့ Post Production တွေကနေ ခဏအနားယူချင်ခဲ့တယ်၊ အဲ့ဒါနဲ့ ဒီ Chungking Express ကိုရိုက်ဖြစ်သွားတာပဲ။ ဒီရုပ်ရှင်မှာ ဇာတ်ညွန်းလည်းအတည်တကျမရှိပါဘူးဗျာ….ရိုက်ကွင်းမစခင်ည ဒါမှမဟုတ် ရိုက်မယ့်မနက်မှ လက်တန်းချရေးပြီး ရိုက်လိုက်တာပဲဗျ။”

– ဝမ်ကာဝေဒီရုပ်ရှင်ရဲ့ Theme က ပြောရခက်တယ်။ နီယွန်မီးရောင်တွေနဲ့ အတုအယောင်တွေပြည့်နှက်နေတဲ့ ဟောင်ကောင်မြို့ပြညအချိန်တွေကို အခြေခံတဲ့ ပထမဇာတ်လမ်းနဲ့ Chungking Mansion ရဲ့ နေ့ဖက်အချိန် နိစ္စဒူဝအလုပ်လုပ်ကြတဲ့အခိုက်အတန့်တွေကို အခြေခံထားတဲ့ ဒုတိယဇာတ်လမ်းကြားမှာ ဒီရုပ်ရှင်ဟာ လွန်ဆွဲနေတာပါပဲ။

ကိုယ်ချစ်တဲ့သူပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်သင်္ကေတတစ်ခုအဖြစ် မေလ ၁ ရက်နေ့ သက်တမ်းကုန်မယ့် နာနတ်သီးစည်သွပ်ဘူးတွေကို တစ်နေ့တစ်ဘူးဝယ်ရင်း မေလ ၁ ရက်နေ့ရောက်လာမှာကို စောင့်မျှော်နေတဲ့ ရဲနံပါတ် ၂၂၃ နဲ့ ချစ်သူပြန်လာတိုင်း အသုပ်စုံဝယ်ဝယေ်ပးတတ်ပြီး

ဆိုင်ရှင်မြှောက်ပေးရာကနေ အစားအသောက်ရွေးချယ်စရာတွေကနေ လူရွေးချယ်ခွင့်ပါ ပေးမိသွားခဲ့တဲ့ ရဲနံပါတ် ၆၆၃ တို့ရဲ့ ဘဝထဲကို လူသစ်တစ်ယောက်စီက နည်းတစ်မျိုးစီနဲ့ ရောက်လာကြတဲ့အခါ သူတို့ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။

သူတို့ရဲ့အတိတ်ကို ဘယ်လိုမေ့ဖျောက်ကြသလဲ။ အထီးကျန်တဲ့အချိန်တွေကို ဘယ်လိုဖြတ်ကျော်ကြသလဲ။ဒီရုပ်ရှင်ကိုကြည့်ပြီး လူဆိုတာ အသိုင်းအဝိုင်းနဲ့နေထိုင်တဲ့၊ ပေါင်းဆင်းဆက်ဆံရေးလုပ်တဲ့သက်ရှိလို့ဆိုကြပေမယ့် တကယ်တမ်းတော့ လူတွေက လူ့အသိုင်းအဝိုင်းကနေ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရှောင်ထွက်ကြပြီး

အထီးကျန်မှုကို ရွေးချယ်နေကြတယ်ဆိုတာ သိလာတယ်။ လူတစ်ယောက် ပျော်တယ်၊ မပျော်ဘူး၊ အထီးကျန်တယ်၊ မကျန်ဘူးဆိုတာလည်း အဲ့ဒီလူတစ်ယောက်အပေါ်မှာပဲ မူတည်နေတယ်ဆိုတာသိလာတယ်။

အချစ်ဆိုတာ ချစ်နေရုံနဲ့လည်းမပြီးသွားပြန်ဘူး၊ ချစ်တာကို ပြတတ်ဖို့လည်းလိုအပ်တယ်ဆိုတာကို Hong Kong ရဲ့ မက်ဒေါနားလေး Faye Wong ကလည်း ပြသွားပြန်တယ်။ သူ့ရဲ့ပထမဆုံးရုပ်ရှင်မှာတင် Faye Wong က စီနီယာကြီးတွေကြားမှာ ထင်ပေါ်သွားခဲ့တယ်။

Hollywood ရဲ့ အကောင်းဆုံးဒါရိုက်တာတစ်ယောက်၊ Pulp Fiction, Inglourious Basterds ရုပ်ရှင်တွေရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ Quentin Taratino ကတောင် ဒီရုပ်ရှင်ကို ကြည့်ဖို့ ကိုယ်တိုင်ကိုယ်ကျ တိုက်တွန်းခဲ့ဖူးတယ်။

“California Dreaming ကို ကျွန်တော် နောက်တစ်ကြိမ်နားမထောင်ဖြစ်လောက်တော့ဘူးထင်ပါရဲ့…..နားထောင်ဖြစ်ရင်လည်း Faye Wong ရဲ့ မြူးကြွတဲ့ ကကွက်လေးတွေကိုပဲ အမြဲမြင်ယောင်မိနေလိမ့်မယ်ဗျာ”ဟုတ်ပါတယ်၊ ဒီရုပ်ရှင်ရဲ့အလှတရားတွေထဲမှာ Faye Wong ကတော့ ထိပ်ဆုံးကပါ။

California Dreaming သီချင်း အပြင် သူကိုယ်တိုင် cover ပြန်သီဆိုထားတဲ့ The Cranberries အဖွဲ့ရဲ့ Dream သီချင်းလေးက ဒီရုပ်ရှင်ကို ပိုပြီးမြူးကြွချိုမြိန်စေခဲ့ပါတယ်။ ရဲနံပါတ် ၆၆၃ ရဲ့ တိုက်ခန်းထဲမှာ ပျော်မြူးနေတဲ့ Faye Wong ရဲ့ပုံရိပ်တွေက Chungking Express ကြည့်ရှုသူတိုင်းကို ဖမ်းစားနိုင်ခဲ့တာအမှန်ပါပဲ။

ပြီးတော့ ဝမ်ကာဝေရဲ့ ထုံးစံအတိုင်း မတင်မကျဇာတ်သိမ်းလေးက Romance ရုပ်ရှင်မျိုးဆိုတာ ဒီလိုလေးလည်း ကြည့်ကောင်းပါလားလို့တောင် တွေးမိစေခဲ့တယ်။အချိန်တိုအတွင်းမှာရိုက်ကူးပြီးစီးခဲ့ပေမယ့် ဒီရုပ်ရှင်မှာ ဒါရိုက်တာဝမ်ကာဝေရဲ့ အတွေးအပိုင်းအစတွေအများကြီးပါဝင်ခဲ့ပြီး

ချစ်သူရည်းစားတွေ ပြတ်စဲပြီးနောက်မှာ ဘာတွေဆက်ဖြစ်ကြသလဲဆိုတာလေးကို အလှပဆုံးပုံဖော်သွားတဲ့ အဖိုးတန် Romance ကားတစ်ကားပါ။ ဝမ်ကာဝေဟာ ဘာမှမဟုတ်ဘူးထင်ရတဲ့ လူ့ဘဝအခိုက်အတန့်လေးတွေကို ရုပ်ရှင်အဖြစ်ပြောင်းလဲဖန်တီးတဲ့နေရာမှာတော့ ဆရာတစ်ပါးပဲဆိုတာ သေချာပါတယ်။

သူ့ရဲ့လက်ရာအများစုကလည်း လူတွေနဲ့အနီးစပ်ဆုံးကိစ္စတွေဖြစ်လို့ ရင်ထဲရောက်အောင် ဆွဲဆောင်နိုင်တာပါ။Hong Kong new wave 1st generation ကစလို့ ဟောင်ကောင်ရုပ်ရှင်တွေဟာ သာမန်ဖျော်ဖြေရေးရုပ်ရှင်တွေထက် အိမ်တွင်းရေး၊

လူမှုရေးနဲ့ ပြည်သူတွေ သတိမပြုမိတဲ့အခိုက်အတန့်လေးတွေကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးတဲ့ new wave ရုပ်ရှင်တွေပေါ်ထွက်လာခဲ့တယ်။ ဝမ်ကာဝေတို့ ဂျွန်ဝူးတို့ ခေတ်အရောက်မှာတော့ ဟောင်ကောင်ရုပ်ရှင်တွေဟာ အဆင့်အတန်းတစ်ခုကိုရောက်လာခဲ့ပြီး

အာရှရုပ်ရှင်လောကမှာ သူတို့ရဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဇာတ်လမ်းသွားပုံစံတွေနဲ့ နေရာတစ်နေရာ အခိုင်အမာရရှိခဲ့ပါတယ်။Chungking Express ကလည်း ဟောင်ကောင်ရုပ်ရှင်လောကမှာ စံထားရတဲ့ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်ပါ။

ရုပ်ရှင်ရဲ့ Color တွေ၊ အဝတ်အစားရွေးချယ်ပုံတွေနဲ့ ဟောင်ကောင်က Chungking Mansion ကြီးထဲက လူမျိုးပေါင်းစုံ၊ သာမန်လူတန်းစားအသိုင်းအဝိုင်းကို ထောက်တိုင်ပြုထားတဲ့ ဇာတ်အိမ်နှစ်ခုအပြင် ဒီရုပ်ရှင်ရဲ့ အထင်ရှားဆုံး၊

ချီးကျူးအခံရဆုံးအချက်ဖြစ်တဲ့ Slow Motion, Blur Motion Shot တွေကြောင့် Chungking Express ဟာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့ပြောကြတဲ့ In the Mood for Love ထက်မသာရင်တောင် မလျော့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။

ကျွန်တော့်အတွက်တော့ Romance Genre မှာ Chungking Express က ချစ်စရာအကောင်းဆုံးနဲ့ သဘာဝအကျဆုံးကားတစ်ကားဖြစ်သွားခဲ့ပါပြီ။“ဘယ်အချိန်ကစပြီး အရာအားလုံးမှာ သက်တမ်းကုန်ဆုံးရက်တွေ ရှိသွားတာလဲ”

“ငါးသေတ္တာဘူးတွေ သက်တမ်းကုန်တယ်၊ ဆော့စ်တွေ သက်တမ်းကုန်တယ်၊ ပလက်စတစ်အိတ်တွေတောင် သက်တမ်းကုန်တယ်။”“ကျွန်တော်တွေးမိတယ်…..ကမ္ဘာပေါ်မှာ သက်တမ်းမကုန်တဲ့အရာရှိသေးရဲ့လား”

Zawgyi

ဝမ္ကာေဝက သူ႐ိုက္ခဲ့ဖူးသမွ်႐ုပ္ရွင္ေတြထဲမွာ အခ်ိန္အေပးရဆုံးနဲ႔ အခက္ခဲဆုံးျဖစ္တဲ့ Ashes of Time (1994) ရဲ႕ ေနာက္ဆုံးအဆင့္ Post Production ေတြလုပ္ကိုင္ေနဆဲမွာ သူ႔ Production အတြက္၊ သူ စိတ္ေျပလက္ေပ်ာက္ျဖစ္ဖို႔အတြက္ဆိုၿပီး Chungking Express ႐ုပ္ရွင္ကားကို ၃ လအတြင္းအၿပီးသတ္႐ိုက္ကူးျပသခဲ့တယ္။

“ကြၽန္ေတာ္ Ashes of Time ရဲ႕ Post Production ေတြကေန ခဏအနားယူခ်င္ခဲ့တယ္၊ အဲ့ဒါနဲ႔ ဒီ Chungking Express ကို႐ိုက္ျဖစ္သြားတာပဲ။ ဒီ႐ုပ္ရွင္မွာ ဇာတ္ၫြန္းလည္းအတည္တက်မရွိပါဘူးဗ်ာ….႐ိုက္ကြင္းမစခင္ည ဒါမွမဟုတ္ ႐ိုက္မယ့္မနက္မွ လက္တန္းခ်ေရးၿပီး ႐ိုက္လိုက္တာပဲဗ်။”

– ဝမ္ကာေဝဒီ႐ုပ္ရွင္ရဲ႕ Theme က ေျပာရခက္တယ္။ နီယြန္မီးေရာင္ေတြနဲ႔ အတုအေယာင္ေတြျပည့္ႏွက္ေနတဲ့ ေဟာင္ေကာင္ၿမိဳ႕ျပညအခ်ိန္ေတြကို အေျခခံတဲ့ ပထမဇာတ္လမ္းနဲ႔ Chungking Mansion ရဲ႕ ေန႔ဖက္အခ်ိန္ နိစၥဒူဝအလုပ္လုပ္ၾကတဲ့အခိုက္အတန႔္ေတြကို အေျခခံထားတဲ့ ဒုတိယဇာတ္လမ္းၾကားမွာ ဒီ႐ုပ္ရွင္ဟာ လြန္ဆြဲေနတာပါပဲ။

ကိုယ္ခ်စ္တဲ့သူျပန္လာမယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္သေကၤတတစ္ခုအျဖစ္ ေမလ ၁ ရက္ေန႔ သက္တမ္းကုန္မယ့္ နာနတ္သီးစည္သြပ္ဘူးေတြကို တစ္ေန႔တစ္ဘူးဝယ္ရင္း ေမလ ၁ ရက္ေန႔ေရာက္လာမွာကို ေစာင့္ေမွ်ာ္ေနတဲ့ ရဲနံပါတ္ ၂၂၃ နဲ႔ ခ်စ္သူျပန္လာတိုင္း အသုပ္စုံဝယ္ဝေယ္ပးတတ္ၿပီး

ဆိုင္ရွင္ေျမႇာက္ေပးရာကေန အစားအေသာက္ေ႐ြးခ်ယ္စရာေတြကေန လူေ႐ြးခ်ယ္ခြင့္ပါ ေပးမိသြားခဲ့တဲ့ ရဲနံပါတ္ ၆၆၃ တို႔ရဲ႕ ဘဝထဲကို လူသစ္တစ္ေယာက္စီက နည္းတစ္မ်ိဳးစီနဲ႔ ေရာက္လာၾကတဲ့အခါ သူတို႔ဘယ္လိုတုံ႔ျပန္ခဲ့ၾကသလဲ။

သူတို႔ရဲ႕အတိတ္ကို ဘယ္လိုေမ့ေဖ်ာက္ၾကသလဲ။ အထီးက်န္တဲ့အခ်ိန္ေတြကို ဘယ္လိုျဖတ္ေက်ာ္ၾကသလဲ။ဒီ႐ုပ္ရွင္ကိုၾကည့္ၿပီး လူဆိုတာ အသိုင္းအဝိုင္းနဲ႔ေနထိုင္တဲ့၊ ေပါင္းဆင္းဆက္ဆံေရးလုပ္တဲ့သက္ရွိလို႔ဆိုၾကေပမယ့္ တကယ္တမ္းေတာ့ လူေတြက လူ႔အသိုင္းအဝိုင္းကေန တစ္နည္းမဟုတ္တစ္နည္းနဲ႔ ေရွာင္ထြက္ၾကၿပီး

အထီးက်န္မႈကို ေ႐ြးခ်ယ္ေနၾကတယ္ဆိုတာ သိလာတယ္။ လူတစ္ေယာက္ ေပ်ာ္တယ္၊ မေပ်ာ္ဘူး၊ အထီးက်န္တယ္၊ မက်န္ဘူးဆိုတာလည္း အဲ့ဒီလူတစ္ေယာက္အေပၚမွာပဲ မူတည္ေနတယ္ဆိုတာသိလာတယ္။

အခ်စ္ဆိုတာ ခ်စ္ေန႐ုံနဲ႔လည္းမၿပီးသြားျပန္ဘူး၊ ခ်စ္တာကို ျပတတ္ဖို႔လည္းလိုအပ္တယ္ဆိုတာကို Hong Kong ရဲ႕ မက္ေဒါနားေလး Faye Wong ကလည္း ျပသြားျပန္တယ္။ သူ႔ရဲ႕ပထမဆုံး႐ုပ္ရွင္မွာတင္ Faye Wong က စီနီယာႀကီးေတြၾကားမွာ ထင္ေပၚသြားခဲ့တယ္။

Hollywood ရဲ႕ အေကာင္းဆုံးဒါ႐ိုက္တာတစ္ေယာက္၊ Pulp Fiction, Inglourious Basterds ႐ုပ္ရွင္ေတြရဲ႕ပဲ့ကိုင္ရွင္ျဖစ္တဲ့ Quentin Taratino ကေတာင္ ဒီ႐ုပ္ရွင္ကို ၾကည့္ဖို႔ ကိုယ္တိုင္ကိုယ္က် တိုက္တြန္းခဲ့ဖူးတယ္။

“California Dreaming ကို ကြၽန္ေတာ္ ေနာက္တစ္ႀကိမ္နားမေထာင္ျဖစ္ေလာက္ေတာ့ဘူးထင္ပါရဲ႕…..နားေထာင္ျဖစ္ရင္လည္း Faye Wong ရဲ႕ ျမဴးႂကြတဲ့ ကကြက္ေလးေတြကိုပဲ အၿမဲျမင္ေယာင္မိေနလိမ့္မယ္ဗ်ာ”ဟုတ္ပါတယ္၊ ဒီ႐ုပ္ရွင္ရဲ႕အလွတရားေတြထဲမွာ Faye Wong ကေတာ့ ထိပ္ဆုံးကပါ။

California Dreaming သီခ်င္း အျပင္ သူကိုယ္တိုင္ cover ျပန္သီဆိုထားတဲ့ The Cranberries အဖြဲ႕ရဲ႕ Dream သီခ်င္းေလးက ဒီ႐ုပ္ရွင္ကို ပိုၿပီးျမဴးႂကြခ်ိဳၿမိန္ေစခဲ့ပါတယ္။ ရဲနံပါတ္ ၆၆၃ ရဲ႕ တိုက္ခန္းထဲမွာ ေပ်ာ္ျမဴးေနတဲ့ Faye Wong ရဲ႕ပုံရိပ္ေတြက Chungking Express ၾကည့္ရႈသူတိုင္းကို ဖမ္းစားႏိုင္ခဲ့တာအမွန္ပါပဲ။

ၿပီးေတာ့ ဝမ္ကာေဝရဲ႕ ထုံးစံအတိုင္း မတင္မက်ဇာတ္သိမ္းေလးက Romance ႐ုပ္ရွင္မ်ိဳးဆိုတာ ဒီလိုေလးလည္း ၾကည့္ေကာင္းပါလားလို႔ေတာင္ ေတြးမိေစခဲ့တယ္။အခ်ိန္တိုအတြင္းမွာ႐ိုက္ကူးၿပီးစီးခဲ့ေပမယ့္ ဒီ႐ုပ္ရွင္မွာ ဒါ႐ိုက္တာဝမ္ကာေဝရဲ႕ အေတြးအပိုင္းအစေတြအမ်ားႀကီးပါဝင္ခဲ့ၿပီး

ခ်စ္သူရည္းစားေတြ ျပတ္စဲၿပီးေနာက္မွာ ဘာေတြဆက္ျဖစ္ၾကသလဲဆိုတာေလးကို အလွပဆုံးပုံေဖာ္သြားတဲ့ အဖိုးတန္ Romance ကားတစ္ကားပါ။ ဝမ္ကာေဝဟာ ဘာမွမဟုတ္ဘူးထင္ရတဲ့ လူ႔ဘဝအခိုက္အတန႔္ေလးေတြကို ႐ုပ္ရွင္အျဖစ္ေျပာင္းလဲဖန္တီးတဲ့ေနရာမွာေတာ့ ဆရာတစ္ပါးပဲဆိုတာ ေသခ်ာပါတယ္။

သူ႔ရဲ႕လက္ရာအမ်ားစုကလည္း လူေတြနဲ႔အနီးစပ္ဆုံးကိစၥေတြျဖစ္လို႔ ရင္ထဲေရာက္ေအာင္ ဆြဲေဆာင္ႏိုင္တာပါ။Hong Kong new wave 1st generation ကစလို႔ ေဟာင္ေကာင္႐ုပ္ရွင္ေတြဟာ သာမန္ေဖ်ာ္ေျဖေရး႐ုပ္ရွင္ေတြထက္ အိမ္တြင္းေရး၊

လူမႈေရးနဲ႔ ျပည္သူေတြ သတိမျပဳမိတဲ့အခိုက္အတန႔္ေလးေတြကို ဇာတ္အိမ္ဖြဲ႕႐ိုက္ကူးတဲ့ new wave ႐ုပ္ရွင္ေတြေပၚထြက္လာခဲ့တယ္။ ဝမ္ကာေဝတို႔ ဂြၽန္ဝူးတို႔ ေခတ္အေရာက္မွာေတာ့ ေဟာင္ေကာင္႐ုပ္ရွင္ေတြဟာ အဆင့္အတန္းတစ္ခုကိုေရာက္လာခဲ့ၿပီး

အာရွ႐ုပ္ရွင္ေလာကမွာ သူတို႔ရဲ႕ ကိုယ္ပိုင္ဟန္ ကိုယ္ပိုင္ဇာတ္လမ္းသြားပုံစံေတြနဲ႔ ေနရာတစ္ေနရာ အခိုင္အမာရရွိခဲ့ပါတယ္။Chungking Express ကလည္း ေဟာင္ေကာင္႐ုပ္ရွင္ေလာကမွာ စံထားရတဲ့႐ုပ္ရွင္ကားေတြထဲက တစ္ကားအပါအဝင္ပါ။

႐ုပ္ရွင္ရဲ႕ Color ေတြ၊ အဝတ္အစားေ႐ြးခ်ယ္ပုံေတြနဲ႔ ေဟာင္ေကာင္က Chungking Mansion ႀကီးထဲက လူမ်ိဳးေပါင္းစုံ၊ သာမန္လူတန္းစားအသိုင္းအဝိုင္းကို ေထာက္တိုင္ျပဳထားတဲ့ ဇာတ္အိမ္ႏွစ္ခုအျပင္ ဒီ႐ုပ္ရွင္ရဲ႕ အထင္ရွားဆုံး၊

ခ်ီးက်ဴးအခံရဆုံးအခ်က္ျဖစ္တဲ့ Slow Motion, Blur Motion Shot ေတြေၾကာင့္ Chungking Express ဟာ ဝမ္ကာေဝရဲ႕ အေကာင္းဆုံးလက္ရာလို႔ေျပာၾကတဲ့ In the Mood for Love ထက္မသာရင္ေတာင္ မေလ်ာ့တဲ့႐ုပ္ရွင္ကားတစ္ကားျဖစ္ပါတယ္။

ကြၽန္ေတာ့္အတြက္ေတာ့ Romance Genre မွာ Chungking Express က ခ်စ္စရာအေကာင္းဆုံးနဲ႔ သဘာဝအက်ဆုံးကားတစ္ကားျဖစ္သြားခဲ့ပါၿပီ။“ဘယ္အခ်ိန္ကစၿပီး အရာအားလုံးမွာ သက္တမ္းကုန္ဆုံးရက္ေတြ ရွိသြားတာလဲ”

“ငါးေသတၱာဘူးေတြ သက္တမ္းကုန္တယ္၊ ေဆာ့စ္ေတြ သက္တမ္းကုန္တယ္၊ ပလက္စတစ္အိတ္ေတြေတာင္ သက္တမ္းကုန္တယ္။”“ကြၽန္ေတာ္ေတြးမိတယ္…..ကမာၻေပၚမွာ သက္တမ္းမကုန္တဲ့အရာရွိေသးရဲ႕လား”

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *