Clash of the Titans (2010)
17318လူသားတွေဟာ နတ်ဘုရားတွေကိုဆန့်ကျင်လာတဲ့ အချိန်မှာ လူသားနဲ့ နတ်ဘုရားကြားမှာ တိုက်ပွဲတွေဖြစ်ပွားလာခဲ့ပါတယ်။ နတ်ဘုရား ဇုစ် ဟာလူသားတွေကို သင်ခန်းစာပေးဖို့ လူသားဘုရင်ရဲ့ မိဖုရားအိပ်ဆောင်ကို ဘုရင်ယောင်ဆောင်ကာ မိဖုရားနဲ့သွားအိပ်ခဲ့ပါတယ်။
မိဖုရားဆီမှာ ကိုယ်ဝန်ကျန်ခဲ့တဲ့အတွက် ဘုရင်ဟာ အမျက်ဒေါသထွက်ပြီး မိဖုရားရော ကလေးကိုပါ သတ်ပစ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ကလေးကအသက်ရှင်ပြီး မိသားစုတစ်ခုမှာ တံငါသည်သားတစ်ယောက်အဖြစ်နဲ့နေခဲ့ပါတယ်။ အဲ့ကလေးကတော့ လူသားတစ်ပိုင်း နတ်ဘုရားတစ်ပိုင်းနဲ့ ဒီမီဂေါ့လို့ခေါ်တဲ့ ဆီးယီးယပ်စ်ပါပဲ ….
သူကြီးပြင်းလာတဲ့အချိန်မှာပဲ လူသားတွေနဲ့ နတ်ဘုရားတွေ နောက်တကြိမ် ပြန်လည်စစ်ပွဲဆင်နွဲကြဖို့ အစပျိုးနေတဲ့ကာလဖြစ်ပါတယ်။ ကနဦး စစ်ပွဲတစ်ခါကြောင့် နတ်ဘုရားတွေလက်ချက်နဲ့ သူနဲ့အတူနေတဲ့ မိသားစုအကုန် သေဆုံးသွားခဲ့ရတဲ့အခါမှာတော့ ဆီးယီးယပ်စ် ဟာ နတ်ဘုရားတွေပေါ် မကျေနပ်ချက်တွေ ကြီးထွားခဲ့ပါတယ်။
တချိန်တည်းမှာပဲ သူ့ဟာလည်း နတ်ဘုရားတစ်ပိုင်း လူသားတစ်ပိုင်းနဲ့ သူ့ကိုယ်သူ ဒီမီဂေါ့မှန်း သိလိုက်ရတဲ့အခါ နတ်ဘုရားနဲ့ လူသားတွေကြားထဲက တိုက်ပွဲကို ရပ်တန့်ဖို့အတွက် နတ်ဘုရားတွေဘက်က ဆင့်ခေါ်လာမယ့် သတ္တဝါကြီး ခရာကန်ကို ဖြိုခွင်းနိုင်ဖို့အတွက် ဘုရင့်စစ်သည်တော်အဖွဲ့နဲ့အတူ စွန့်စားခြင်းခရီးစဉ်တွေ စတင်ပါတော့တယ် ……
ဆီးယီးယပ်စ်တစ်ယောက် စစ်ပွဲကိုတားဖို့အတွက် ဘယ်သူတွေရဲ့အကူအညီတွေရမလဲ ဘယ်လို ရန်သူတွေကိုဖြတ်ကျော်ရမလဲဆိုတာတော့ ကြည့်လိုက်ကြပါဦး ပရိသတ်တို့ရေ …
Zawgyi


(Yoteshin Portal) Large Size ~ Download
(Megaup.net) Large Size ~ Download
(Users Drive) Large Size ~ Download
(Direct Link) Large Size ~ Download